.....ဒီဘဝတော့ ဒီမျှပါပဲချစ်သူရယ်
မဆုံနိုင်အောင် ဝေးခဲ့ကြတဲ့ဘဝ
ဆွေးလှပြီ ဒီရင်ထဲ
အလွမ်းများနဲ့ အပြည့်
သြော်...ငါတို့ဝေးခဲ့ကြပြီလေ....
.....ခံစားချက်တွေ အမြဲဆန်းသစ်
ပြောင်းလဲပစ်လို့ မရအောင်ပဲ
အရမ်းချစ်ခဲ့တာကိုတော့
မင်းယုံကြည်ပေးပါကွာ
ခံစားချက်ကို အရင်းပြုပြီး
ကဗျာအစုစုကိုလည်း ငါ..ရေးတတ်ခဲ့ပြီလေ....
.....ခုတော့လဲ အလွမ်းချင်းထပ်
လွမ်းပြီးရင်းလွမ်းလို့
အသည်းကျွမ်းနေရပြီ
အခြေမလှခဲ့တဲ့ ကိုယ့်ရဲ့ဘဝမှာ
မြေခခဲ့တဲ့မျက်ရည်တွေလဲ
ကမ္ဘာမြေပေါ်လွှမ်းခဲ့ပြီလေ....
.....အတိတ်က အရိပ်တွေကို
ဘယ်လိုပဲ မေ့ဖျောက်ထားပေမယ့်
ရွာသွန်းနေတဲ့ ဒီမိုးစက်လေးတွေ
ငါ့စိတ်ကို ညှို့ယူခေါ်တယ်
ခံစားချက်တွေ အသစ်ဖြစ်ပြီး
လွမ်းရစ်နေရတာလည်း မင်းမသိနိုင်ပါဘူးကွာ....
....ကံကြမ္မာရယ် ရက်စက်တယ်လို့
မပြောချင်တော့ပါဘူး
ငါတို့ရဲ့ ဆုံတွေ့မှုလွဲမှားခဲ့တာလို့ပဲ
မှတ်ယူထားပြီး ငါနှုတ်ဆက်ခဲ့ပါတယ်
GOOD BYE နေရစ်တော့ကွယ်..
ပျော်ရွှင်ပါစေချစ်သူရယ်.......


0 comments:
Post a Comment