ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

နိဒါန်း

ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။
ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။
ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။

တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။
ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။
ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။

ဆက်ဖတ်ရန်...
ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။
ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။
ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။
မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။
ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။
မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။
ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။
အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။
(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)
တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။
(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)
Lahu, Akha, and Lisu (page 7, line 13, column 1)
Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)
တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )
ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။
ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။
ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။
မူရင်း။ ။ ဇွဲကပင် ၀က်ဆိုက်မှ ပြန်လည်ဖော်ပြပါသည်။

လူမျိုးအသီးသီးတို့သည် ရှေးပဝေသဏီကပင် မိမိတို့ဆိုင်ရာ လူမျိုးအလိုက် ရေကြည်ရာမြက်နုရာ ဆိုသလို အဆင့်ဆင့် ဆင်းသက်နေထိုင်ခဲ့ကြသည်။ မိမိတို့ ခုနှစ်သက္ကရာဇ် သေသေချာချာ မရှိသေးချိန်တွင် တောတောင်သဘာဝ၊ ရေမြေရာသီဥတု၊ သစ်ပင် ပန်းမန်၊ နေလ၊ နက္ခတ်တို့ကို လေ့လာမှတ်သား၍ အချိန်ကာလ အပိုင်းအခြားတို့ ခွဲပြားသိမြင်ကြသည်။
ကရင်လူမျိုးတို့သည်လည်း အချိန်အကန့်အသတ်ကို ကြည့်ပြီး တစ်ရက်၊ တစ်လ၊ တစ်နှစ်ဟု သတ်မှတ်ကာ အမည်နာမပေးကြပါသည်။ မိမိတို့၏ ပထမလကို စကောကရင်ဖြင့် "သလေ"၊ ပိုးကရင်ဖြင့် "ထိုင်ခေါက်ဖိုး" ဟု ခေါ်ကြပါသည်။ ထိုသို့ တစ်နှစ်ဆန်းလျှင် မိမိတို့ ဓလေ့ထုံးစံအရ ပျော်ပွဲ ရွှင်ပွဲများကျင်းပခြင်း၊ ယစ်နတ်ပူဇော်ခြင်း၊ လူကြီးသူမများအား ကန်တော့ခြင်း များကို ပြုလုပ်ကြပါသည်။


-နှစ်သစ်ကူးနေ့ရောက်လာပြီ
ရေချိုးခေါင်းလျှော် စိတ်သန့်စင်
လူကြီးသူမ ကန်တော့ကြ
ဆုံးမပဲ့ပြင် နာခံမှတ်။
ကရင်လူမျိုးများသည် သလေ လ(ထိုင်ခေါက်ဖိုး)ကို ပထမလအဖြစ် သတ်မှန်၍ လဆန်းတစ်ရက် နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှန်ခဲ့ကြသည်။ သလေး ထိုင်ခေါက်ဖိုးလသည် မြန်မာလအားဖြင့် ပြာသိုလဖြစ်၍ ပြာသိုလဆန်းတစ်ရက်နေ့သည် ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါသည်။ သို့သော်လည်း ရှေးအခါက နေ့ရက်ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် မြေပြန့်ဒေသ ကရင်အချို့နှင့် တောင်ပေါ်ကရင် အချို့တို့သည် နှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ကြပါသည်။


သို့ရာတွင် ခရစ်ယာန်ကရင် ဘာသာဝင်များသည် အပြည်ပြည်ဆိုင်ရာ နှစ်သစ်ကူးနေ့ဖြစ်သော ဇန်န၀ါရီလ တစ်ရက်နေ့ကို ကျင်းပသည့်နည်းတူ ဗုဒ္ဓဘာသာကရင်များသည်လည်း တန်ခူးလ (သင်္ကြန်)အပြီး နှစ်ဆန်းတစ်ရက်နေ့ကို ကျင်းပကြပါသည်။ ထို့အပြင် ကရင်လူမျိုး ဖိုးပိုက်ဆံဘာသာဝင်များသည် တပို့တွဲလဆန်း(၄)ရက်နေ့ကို၎င်း၊ ရသေ့ ဗုဒ္ဓဘာသာဝင် ကရင်များကလည်း တပေါင်းလပြည့်ကျော် (၁)ရက် နေ့ကို၎င်း၊ အသီးသီး ကရင်နှစ်သစ်ကူးနေ့ကို တကွဲတပြားဆီ ကျင်းပကြသည်။
ထိုသို့ နှစ်သစ်ကူးနေ့ကို အကွဲကွဲအပြားပြား ကျင်းပကြသောကြောင့် စိတ်ဝမ်းကွဲမှုများလည်း ရှိနေကြပါသည်။ ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ ဒေါက်တာ တီသံပြာ၊ ဦးလူနီ၊ ဒေါက်တာ မြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ပါဝင်သော" ဒေါကလု" ခေါ် ကရင်အမျိုးသားအသင်းကြီး Karen National Association (KNA) အသင်းကြီးကို (၁၈၈၁)ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၄င်းအချိန်က မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းမှ မရှိသေးပေ။ ထိုအသင်းကြီးက ကရင်နှစ်သစ်ကူးနေ့ ကို တစ်နေ့တည်းကျင်းပလျှင် ပို၍သင့်လျော်ကြောင်းသိရှိသည်။ ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ ကရင်အမျိုးသားခေါင်းဆောင်များနှင့် အောက်လွှတ်တော်အမတ်များအား တွေ့ဆုံစေပြီး မည်သည့်နေ့ရက်တွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရန်သင့်လျော်မည်ကို ရှေးအထောက်အထားများ အကြောင်းအရာများကို သေချာစွာ စုံစမ်းပြီး ဒေါကလု အသင်းကြီးအား ပြန်လည်အစီရင်ခံစေသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်က အစီရင်ခံစာများ ပေးပို့ကြသည်သာမက ဆရာယာနီ ဆိုသူက ကိုယ်တိုင်လာရောက်တွေ့ဆုံသည်။ ဆရာယာနီ သည် မြောင်းမြခရိုင် တကူးဆိပ်ရွာသားဖြစ်၍ ဖါပွန်တွင် ကျောင်းဆရအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ ၄င်းနှင့်အတူ တောင်ပေါ်ကရင်ဒေသရှိ ကရင်အမျိုးသားများ အသုံးပြုသော ပျဉ်းပြားပြက္ခဒိန်ကို ယူဆောင်လာ၍တင်ပြသည်။ ထိုပျဉ်ပြားပြက္ခဒိန်တွင် တစ်နှစ်လျှင် ဆယ့်နှစ်လပါရှိ၍ ပထမလမှာ ပြာသိုလဖြစ်ကြောင်း သက်သေအထောက်အထားနှင့် တင်ပြလာပါသည်။ ထို့အတူ" ဒေါကလု "အသင်းကြီး၏ အထွေထွေအတွင်းရေးမှူး မန်းဘခင်မှာလည်း နှစ်ပေါင်း(၇၀)ကျော်က စတင်ထုတ်ဝေခဲ့သည့် ပိုးကရင်သင်ပုန်းကြီးနှင့် ဖတ်စာအုပ်ကို တင်ပြပါသည်။
အဆိုပါ စာအုပ်တွင် တစ်နှစ်လျှင် ဆယ့်နှစ်လပါရှိပြီး ပြာသိုလမှာ ပထမလဖြစ်ကြောင်း ဘိုးဘွားများလက်ထက်မှစ၍ ယနေ့တိုင်အောင် ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျင်းပကြောင်း တင်ပြသွားပါသည်။
ထို့ကြောင့်ပင် သမိုင်းဝင်နေ့တစ်နေ့ရှိရန် ကရင်နှစ်သစ်ကူးနေ့အဖြစ်တင်သွင်းရာတွင် ပထမဦးစွာ အောက်လွှတ်တော်မှ စတင်တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် ဆယ့်ငါးဦး၏ ဒုတိယဥက္ကဋ္ဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်း သည် နေ့ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရသည်။ ထို့ကြောင့် စောဂျွန်ဆင်ဒီဖိုးမင်းသည် တောင်ငူမြို့ရှိ ကရင်သက်ကြီးဝါရင့်သူတစ်ချို့နှင့် ဆွေးနွေးခဲ့ပြီး သရာမိုးလို (ကရင်အမျိုးသားအလံတော် ပုံစံတင်သွင်းရာတွင် ဒုတိယဆုရရှိသူ) အားဆက်လက် တာဝန်လွှဲအပ်ခဲ့ကြသည်။
သရာမိုးလိုသည် ကရင်အမျိုးသားတို့၏ ခုနှစ်သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးနေ့သည် မည်သည့်နေ့၊လတွင် ဖြစ်ကြောင်း ဟူသည့် အချက်အလက်ပေါ်မူတည်၍ ရှာဖွေသုတေသနလုပ်ခဲ့ပြီး ပြန်လည်တင်ပြခဲ့သည်။ အရှေ့တိုင်းသမိုင်းသုတေသီကြီး နှစ်ဦးဖြစ်သော ဂျီ၊ အိပ်ခ်ျ၊ လူ့စ် (G.H. Luce) နှင့် ဂျီ၊အီး၊ဟာဗီ (G.E.Harvey) တို့၏ မှတ်တမ်းပြုချက်များအရ၄င်း၊ အမျိုးသား ပညာဝန်ဦးဖိုးကျားရေးသားသော မြန်မာရာဇ၀င်အရ၄င်း၊ ကရင်လူမျိုးများသည် မြန်မာနိုင်ငံသို့ ရှေ့ဦးစွာ ၀င်ရောက်လာခဲ့ကြသည်မှာ ဘီစီ ၇၃၉ခုနှစ်က ဖြစ်ကြောင်းသိရှိရပေသည်။
သို့ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့ မြန်မာနိုင်ငံသို့ ၀င်ရောက်လာခဲ့ကြသည့် ထိုနှစ်မှစ၍ ရေတွက်ရန် အဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက်ကို အေဒီ ၁၉၃၆ခုနှစ်တွင် တင်သွင်းခဲ့ရာ ကရင် လူမျိုးများ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီစီ ၇၃၉ခုနှစ်မှစ၍ ရေတွက်သော် နှစ်ပေါင်း ၂၆၇၅-နှစ်ရှိပြီးဖြစ်သည်။ယခုမျက်မှောက်ခေတ် သက္ကရာဇ်နှင့် ရေတွက်သော် ၂၇၄၈-ခုနှစ် ရှိနေပြီးဖြစ်ပါသည်။
တောင်ငူရှိ သက်ကြီးဝါကြီးသူများ၏ သဘောတူညီသတ်မှတ်လိုက်သည့် နေ့၊ ရက် (သလေ)ထိုင်ခေါက်ဖိုးလဆန်းတစ်ရက်ကို ဥပဒေပြုအောက်လွှတ်တော်တွင် တင်သွင်းသည့်အဆိုကို စောဂျွန်ဒီဖိုးမင်း လက်မှတ်ရေးထိုး၍ အောက်လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။ ၁၉၃၇-ခုနှစ် သြဂုတ်လ ၂၃-ရက်နေ့တွင် ကျင်းပပြုလုပ်သော ဥပဒေပြု အောက်လွှတ်တော် အစည်းအဝေးမှတ်တမ်းတင်ချက်အရ (Presented) ဟူ၍ မှတ်တမ်းတင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွှတ်တော်မှ ဆရာစံဘော်က ဆက်လက်ဦးဆောင်၍ ၀န်ကြီးစောဖေသာနှင့် ညှိနှိုင်းပြီး ဒေါက်တာ ဘမော် အစိုးရအဖွဲ့သို့တင်ပြ၍ အစိုးရ၏ သဘောတူညီချက်အရ ( Capinet Executive Power)ဖြင့် ဘုရင်ခံသို့ တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွဲပြောင်းနိုင်သည်။
စာချုပ်စာတမ်းအက်ဥပဒေ(Ne-gotiable Instrument act.)အစိုးရ အသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။ အစိုးရ၏ ပထမဆုံးအသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈-ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်၊ (၁၂၉၉-ခုနှစ်၊ ပြာသိုလဆန်းတစ်ရက်နေ့ဖြစ်ပြီး ၄င်းနေ့တွင် ၀တ်လှုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့် မိန့်ခွန်းပြောကြားခဲ့သည်။
၁၉၃၈-ခုနှစ်တွင် ပေါ်ပေါက်လာသည့် သာ့ပွါဖိုးလင်းတေး ပြုစုရေးဆွဲသည့် ကရင်အမျိုးသားပြက္ခဒိန်အရ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈-ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သည့် ကရင် နှစ်သစ်ကူးပွဲတော် တွင် ကရင်အမျိုးသားခေါင်းဆောင်ကြီး ငါးဦးဖြစ်ကြသော ဒေါက်တာစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီ နှင့် စောဖေသာတို့က သြ၀ါဒ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ (သ၀ဏ်လွှာ ပေးပို့သည့် နေ့စွဲမှာ သာ့ပွါဖိုးလင်းတေး၏ ပြက္ခဒိန်အရ ၁၉၃၈-ခုနှစ်တွင် နှစ်ကြိမ်ကျရောက်နေခြင်းကြောင့် ရက်အမှန်(၂၁.၁၂.၁၉၃၈)အစား (၂၁.၁၂.၁၉၃၉)ဟူ၍ ဖြစ်နေကြောင်းသတိပြုအပ်သည်။
မည်သို့ပင်ဆိုစေ ယနေ့ ကရင်အမျိုးသားထုတစ်ရပ်လုံးက သာရာမိုးလို၏ ရှာဖွေချမှတ်ပေးခဲ့သည့် ကရင်နှစ်သစ်ကူးနေ့ ဖြစ်သော သလေ လဆန်းတစ်ရက် ဟုအတည်ပြုထားသော ပြာသိုလဆန်း(၁)ရက် သို့မဟုတ် "ထိုင်ခေါက်ဖိုး "လဆန်းတစ်ရက်ကိုသာ ဆက်လက်အတည်ပြုလက်ခံနေကြကြောင်း တွေ့ရှိရပါသည်။ပထမလကို စကောကရင်ဘာသာဖြင့် သလေ၊ ပိုးကရင်ဘာသာဖြင့် ထိုင်ခေါက်ဖိုး ဟု ခေါ်သည်။


မူရင်း...http://www.zwegapin.com/

6:30 AM

ပ်ုမုခါင်ၟစူးလ၀့်

Posted by saw chit thi ha

6:28 AM

ချစ်စရာ ဖြတ်ထုံး

Posted by saw chit thi ha



ကမ္ဘာပေါ်ရှိ တိုင်းရင်းသား လူမျိုးတိုင်းဝယ် အစဉ်တစိုက် လိုက်နာခဲ့ကြသော ဓလေ့ထုံးတမ်းများ ရှိကြပေသည်။
လူမျိုးတိုင်းသည် မိမိတို့ သက်ဆိုင်ရာ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာကြသည်။ လက်ဆင့်ကမ်း ကျင့်သုံးခဲ့ကြသည်။ ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။

ထိုဓလေ့ထုံးတမ်းတို့သည် သက်ဆိုင်ရာ လူမျိုးတို့က လေးစားလိုက်နာကြသည့်အလျောက်၊ မဖျောက်ဖျက်၊ မကျူးလွန်ရဲသည့်အလျောက် ဥပဒေများပမာ ခိုင်မာလာကာ အာဏာသက်ဝင်ကြလေသည်။ အငြင်းပွါးမှုများကို ဖြေရှင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် လက်ခံထားသော ဓလေ့ထုံးတမ်းများဖြစ်ကြသောကြောင့် စည်းမျဉ်းဥပဒေများသဖွယ် ကိုးကားလာခဲ့ကြသည်။ ထို့ကြောင့် ဓလေ့ထုံးတမ်း ဥပဒေ (Customary law) ဟူ၍ ပေါ်ပေါက်လာခဲ့ပေသည်။

ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ဥပဒေများကို အကြမ်းမြည်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ပြဋ္ဌာန်း ဥပဒေ (Statute law) နှင့် ဓလေ့ထုံးတမ်းဥပဒေ (Customary law) ဟူ၍ ဖြစ်သည်။ ယနေ့ လူမှုအဖွဲ့အစည်းများတွင် တိုးတက်လာမှုများနှင့်အညီ တိုးပွါးလာသော အရှုပ်အထွေးကို ဖြေရှင်းရန် ဥပဒေအသစ် (Statute law) များကို ပြဋ္ဌာန်းလာသလို ဓလေ့ထုံးတမ်း ဥပဒေ (Customary law) များကိုလည်း ပစ်ပယ်၍ မရ၊ ဆက်လက် ကျင့်သုံးရစမြဲ ဖြစ်သည်။

မည်သည့် ကြီးကျယ်မြင့်မြတ်သည့် လူမျိုးဖြစ်စေ၊ မိမိတို့ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းလိုက်နာမြဲဖြစ်သည်။ မည်မျှပင် သေးနုပ်သော လူမျိုးဖြစ်စေ၊ မိမိတို့ ဓလေ့ထုံးတမ်းကို ပစ်ပယ်ဖျောက်ဖျက်ရိုး မရှိပေ။ ဓလေ့ထုံးတမ်းဟူသည် လူမျိုး၏ အသက်သွေးကြောပင် ဖြစ်သည်။ ဓလေ့ထထုံးတမ်းဥပဒေ (Custnmary law) ဟူသည် လူမျိုး၏ ၀ိညာဉ်ပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ကိုလိုနီဘ၀က အမွေရခဲ့သော Penal, Code, Code of Civil procedure, Evidence Act စသော အင်္ဂလပ် ဥပဒေအပြင် မြန်မာ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း ဥပဒေကို ကျင့်သုံးလျက် ရှိပေသည်။


ကရင်လူမျိုးတို့တွင်လည်း မည်သည့်လူမျိုးထက် မနိမ့်ကျသော ဓလေ့ထုံးတမ်းဥပဒေများ ပိုင်ဆိုင်ထားကြပါသည်။ ကရင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းဥပဒေမှ လင်မယား ကွာရှင်းလိုမှုကို ဖြေရှင်းပေးသော ဖြတ်ထုံးမှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ကရင်လူမျိုးတို့၏ အိမ်ထောင်ရေးစနစ်မှာ တစ်လင် တစ်မယားစနစ်ပင် ဖြစ်ပါသည်။ လင်မယား ကွာရှင်းလိုမှု အလွန်နည်းပါးသည်။ တောင်ပေါ်ဒေသတွင် မရှိသလောက် ရှားသည်။ အချို့ဒေသများတွင် လင်မယားကွာရှင်းမှုကို ကျေးရွာလူကြီးများက လုံးဝ ကွာရှင်းခွင့်မပြုချေ။တစ်ဖက်သတ် ကွာရှင်းလိုမှုကိုလည်း ကျေးရွာလူကြီးများက အားမပေးကြချေ။
လင်မယားကွာရှင်းခြင်းသည် ကရင်လူနေမှုစနစ်တွင် မလိုအပ်သော ကိစ္စဟု မှတ်ယူကြသည်။အကြောင်း အမျိုးမျိုးကြောင့် မလွှဲရှောင်သာသော အခြေအနေမျိုးနှင့် ကြုံကြိုက်လာပါမှ ရပ်ရွာအကြီးအကဲများက ကွာရှင်း
ရေးကို ဆောင်ရွက်ပေးလေ့ရှိသည်။ လင်ကွာ၊မယားကွာမှုများတွင် နှစ်ဦးနှစ်ဖက်စလုံး ကွာရှင်းလိုကြောင်း အကြိမ်ကြိမ်တင်ပြလာလျှင် ရပ်ရွာအကြီးအကဲများက ကွာရှင်းပေးသည်။

သို့သော် ရပ်ရွာအကြီးအကဲတို့သည် လင်မယားနှစ်ဦးအား ကွာရှင်းပေးခြင်းမှ ရှောင်ရှားကြသည်။ ရွာအကြီးအကဲက ဖျောင်းဖျပြောဆိုသော်လည်း မရသည့်အခါမျိုးတွင် ကွာရှင်းလိုသော လင်းမယားအား မိမိတို့နေအိမ်တွင် ခုနှစ်ရက်ပတ်လုံး တစ်ခန်းထဲတွင် အတူနေစေပြီး နေ့စဉ် ထမင်းလက်ဆုံ စားစေသည်။
ခုနှစ်ရက်မြောက်သော် ကွာရှင်းလိုကြသေးလျှင် ရွာအကြီးအကဲက လူသိရှင်ကြား ကွာရှင်းပေးသည်။
ထိုသို့ နှစ်ဦးနှစ်ဖက်စလုံး သဘောတူ ကွာရှင်းပေးပြီးပါက ပစ္စည်းများကို အမျိုးအမည် အတန်းအစား ခွဲခြားခြင်းမရှိဘဲ စုပေါင်း၍ အညီအမျှ ခွဲဝေပေးသည်။ အိမ်ထောင်ပစ္စည်းများကို ခန်းဝင်ပစ္စည်း၊ နှစ်ပါးစုံလက်ထက်ပွါး၊ ပါရင်း စသည်ဖြင့် ပိုင်းခြားသတ်မှတ်ပြီး ယူသင့်သူအား ယူစေသည့် သဘောမျိုးမရှိချေ။

သားငယ်၊သမီးငယ်များကို မိခင်နောက် လိုက်ပါစေ၍ သားကြီး၊သမီးကြီးများကို ဆန္ဒအလျောက် ရွေးချယ်ပိုင်ခွင့်ပေးသည်။
အထက်ပါစီရင်ထုံးကိုလေ့လာကြည့်လျှင် ကရင်လူမျိုးတို့၏ ချစ်စရာကောင်းလှသော စိတ်နေသဘောထားကို တွေ့မြင်နိုင်မည်ဖြစ်သည်။ `ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ´`ငယ်ကပေါင်း နှစ်တစ်သောင်း မမေ့ကောင်း´ ဆိုသကဲ့သို့ပင် ကွာရှင်းလိုသော လင်မယားအား တစ်ခန်းတည်းအတူထား၍ ထမင်းလက်ဆုံ ခုနှစ်ရက် စားစေခြင်းဖြင့် ရရှိလာမည့်ရလဒ်မှာ ကွာရှင်းခြင်းထက် ပြန်လည်သင့်မြတ်ခြင်းသို့သာ ဦးတည်နေမည်မှာ မလွှဲပေ။ရှေးကရင်လူကြီးများ၏ ပညားသားပါလှသောဖြေရှင်းပုံနှင့် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးစေပုံမှာ ချီးကျူးဖွယ်ဖြစ်သည်။

ကွာရှင်းပြီးလင်မယား၏ ပစ္စည်းခွဲဝေပုံမှာလည်း လိင်ခွဲခြားခြင်းမရှိ၊ လင်နှင့်မယား အညီအမျှထားရှိသော ကရင်လူမျိုးတို့၏ စိတ်သဘောထားများ၊ ထင်ဟပ်လျက်ရှိပေသည်။သားသမီးများကို ခွဲဝေပုံမှာလည်း အခြားယဉ်ကျေးမှုမြင့်မားသောလူမျိုးများနည်းတူ အမြော်အမြင်ကြီးစွာဖြင့် ကလေးငယ်ကို ပိုမိုဂရုစိုက် စောင့်ရှောက်နိုင်မည့် မိခင်ထံ လိုက်ပါစေသည်။ အသက်အရွယ်ရပြီး သား၊သမီးများကို စိတ်ဆန္ဒအတိုင်း လွတ်လပ်ခွင့်ပေးခြင်းမှာလည်း နိုင်ငံတကာဥပဒေများ အဆင့်မီသည်ကို တွေ့ရသည်။
ထို့ကြောင့် ကရင်ဓလေ့ထုံးတမ်းဥပဒေမှ အပြုသဘောဆောင်သော၊ တစ်လင်တစ်မယားစနစ်ကိုသာ အားပေးသော၊ လိင်ခွဲခြားခြင်းမရှိသော၊ အမြော်အမြင်ကြီး၍ အဆင့်အတန်းမြင့်လှသော လင်မယားကွာရှင်းမှု
ကရင့်ရိုးရာ ဖြတ်ထုံးတစ်ခုကို လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။

ကိုးကား---
၁။တိုင်းရင်းသားယဉ်ကျေးမှုရေးရာဓလေ့ထုံးစံများ(ကရင်) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊
၂။ကရင်ရိုးရာ သုတပဒေသာ(မန်းလင်းမြတ်ကျော်)။

စကျော်မျိုးအောင်(ဥပဒေ)
၂၇၄၉-ခုနှစ်၊ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင့်ကြေးမုံမှ။



“ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း”

Saturday, 15 December 2012
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။
ဆေးသာက် နေရာသူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထား
တဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ် ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိ သာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန် သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်း စေတယ်လို့ သိရပါတယ်။

Credit : https://www.facebook.com/pages/Myanmar-Online-News/459386844101959




ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ် ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။
စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှတဆင့်

အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ် လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက် ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနု ကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်း နက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင် ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကို သက်စေပြီး သွေးကို တက်စေ နိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါး အဖြစ် အသုံးပြုပုံ များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက် ကျအောင် ညှစ်ထည့်ပေးပါ။

(၂)သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွား အခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်း သွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်း စေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။

ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည် တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်သုံးရက် ဆက်တိုက် သောက် ပေးပါ။

(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျ သွားပါမည်။

(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ် ကောင်းစေ့ အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက် ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည် သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်= ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက် ခြောက်မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြားအနာများ= (အရေပြား ရောဂါ ဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည် အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။

ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက် ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုး ရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက် ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့် ထည့်၍ မီးဖြင့် အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့် ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး= ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်း စေပါသည်။

(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက် ဆယ်ရွက်ကို နေ့စဉ် စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက် ထက်မြက်စေကြောင်း အိန္ဒိယ ဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူ ရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက် စေ၏။

(၂၄)အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့် ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက် တခွက်တင် ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သား ကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျား အထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည် ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက် အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ် မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်း အစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြား တို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည် ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူ ကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင် တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း များအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက် ရောဂါများကိုပါ ပျောက်ကင်း စေပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်= ပင်စိမ်း ရွက်ကို ငါးကျည်း ခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွား ပြီးစ အပုပ်ဆန် တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစား မှား၍ ဆေးမှား၍ အော့အန်ခြင်း များကိုပင် ပျောက်ကင်းစေ၏။

ပင်စိမ်း၏ ဂုဟ်အစွမ်း အကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံး ပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။Myawady Health


Ref:https://www.facebook.com/photo.php?fbid=3549507156302&set=a.3055985058558.100040.1831311223&type=1&ref=nf

အချိန်ကာလကို ပိုင်းခြားသတ်မှတ်ခေါ်ဝေါ်ပြောဆိုဖို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရယ်လို့ ကာလသုံးပါး သတ်မှတ်ထားကြတယ်။ အတိတ်ပြုမူချက်များက ပစ္စုပ္ပန်ကို မွေးဖွားပေးသလို ပစ္စုပ္ပန်ပြုမူချက်များက အနာဂတ်ကို မွေးဖွားပေးတယ်။ အတိတ်နဲ့ကင်းတဲ့ ပစ္စုပ္ပန်မရှိသလို ပစ္စုပ္ပန်မရှိရင်လဲ အနာဂတ်ဆိုတာ မရှိနိုင်တော့ပါဘူး။ ကာလသုံးပါးဟာ အချင်းချင်း ဆက်စပ်မှီခိုနေရပါတယ်။

လောကမှာ တစ်ချို့က `ပစ္စုပ္ပန်ဆိုတာ အတိတ်က ပြုမူလုပ်ဆောင်ချက်များရဲ့ အသီးအပွင့်ဖြစ်တယ်´လို့ တရားသေမှတ်ယူထားတတ်ကြတယ်။ ပစ္စုပ္ပန်အခြေအနေမှာ ဘာပဲဖြစ်ဖြစ် အတိတ်ကိုသာ လွှဲဖယ်ပုံချတတ်ကြတယ်။ ဒါဟာ ပစ္စုပ္ပန်လုပ်ဆောင်ချက်များက အနာဂတ်ကိုပုံဖော်တယ်ဆိုတဲ့သဘောတရားကို မျက်ကွယ်ပြုလိုက်တာပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာအလိုအရ ကာလသုံးပါးနဲ့ သူတို့ရဲ့ဖြစ်စဉ်ဟာ အကြောင်းအကျိုးခွဲခြားလို့ မရဘူး။ အများအားဖြင့် မြန်မာလူမျိုးမှာ ဖြစ်နေတာက ပစ္စုပ္ပန်အဆင်မပြေမှုကျတော့ အတိတ်ကံ မကောင်းလို့ဟု ယူဆကြပြီး ပစ္စုပ္ပန်ကောင်းရင် အနာဂတ်ကောင်းနိုင်တယ်ဆိုတဲ့သဘောတရားကို ရေငုံနှုတ်ပိတ်နေကြတယ်။ `ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ၊ အတိတ်က မကောင်းခဲ့လို့ ဒို့ဒီလို ဖြစ်နေရတာ´၊ အဲဒီလို တရားသေ ယူဆနေသ၍တော့ ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုတဲ့ ဖြစ်သမျှအကြောင်း ရှေးကံအဟောင်းချည်းပဲလို့ ဆိုတဲ့ မိစ္ဆာဒိဋ္ဌိစာရင်း ၀င်သွားပါပြီ။ ဖြစ်သမျှအကြောင်း အကောင်း၊ အဆိုးအားလုံးကို အတိတ်ကို ပုံချလိုက်တဲ့သဘောပါ။

ဗုဒ္ဓဘာသာမှာ အဓိက ပြောပြောနေတတ်တဲ့ `သဗ္ဗေ သတ္တာ ကမ္မဿကာ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ - သတ္တ၀ါတွေဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်၊ သတ္တ၀ါတွေကို ကံက ဝေဖန်ပိုင်းခြားပေးတယ်´ဆိုတဲ့စကားထဲက `ကံ´ဆိုတဲ့စကားကို နားမလည်ကြလို့ပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ `လှံထမ်းလာတာပဲ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရ´စသော စကားများဖြင့်လဲ ကံကို အဓိပ္ပာယ်အကောက်အယူ မှားနေကြပါတယ်။ `ကံ´ဆိုတာ မမြင်ရတဲ့၊ မိမိတို့လက်လှမ်းမမီနိုင်တဲ့ မိမိတို့ဘ၀ အကောင်းအဆိုးကို ပြုပြင်ဖန်တီးပေးနေတဲ့ ဖန်ဆင်းရှင်ဘုရားတစ်ဆူလိုဖြစ်တယ်ဆိုတဲ့အမြင်အထိ လွဲမှားယူဆနေမိကြတယ်။ ဒီလိုသာ ယူဆမိရင် ဖန်ဆင်းရှင်က အရာရာကို ဖန်တီးပေးတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒနဲ့ ဘာမှထူးမှာ မဟုတ်တော့ဘူး။ ဖန်ဆင်းရှင်ဝါဒက ဖန်ဆင်းရှင်၊ ဗုဒ္ဓ၀ါဒက `ကံ´။ ဒီလောက်ပဲ ထူးခြားနေပါလိမ့်မယ်။

ဖန်ဆင်းရှင်ဝါဒမှာ `ဖြစ်ပေါ်ခြင်း၊ တည်ရှိခြင်း၊ ချုပ်ပျောက်ခြင်း´အားလုံးဟာ ဖန်ဆင်းရှင်ပြဋ္ဌာန်းလိုက်တဲ့အတိုင်း ဖြစ်ပေါ်နေရတယ်။ အကောင်းအဆိုးသတ်မှတ်ချက်ဟာ ဖန်ဆင်းရှင်သာလျှင် အဓိက ခွဲခြားဝေဖန်နိုင်တယ်။ ဖန်ဆင်းရှင်က ကောင်းဆိုလျှင်ကောင်း၊ မကောင်းဆိုလျှင် မကောင်းပဲ။ လူသားအနေနဲ့ ထူးခြားပြီး စဉ်းစားစရာမလိုဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအတွက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာမှ စောဒကတက်ခွင့်မရှိဘူး။ ဖန်ဆင်းရှင်ပြဋ္ဌာန်းထားတဲ့ ပုံစံကွက်ထဲမှာ အလိုက်သင့် စီးမျောလိုက်ရုံပဲ။ အချို့ဗုဒ္ဓဘာသာတွေဟာလဲ မိမိတို့ဘ၀ကို `မကောင်းလဲ ကံ၊ ကောင်းလဲ ကံ´လို့သဘောထားပြီး `ကံ´ကိုပဲ ၀ကွက်အပ်ထားကြတယ်။ `ကံ´ဆိုတဲ့ ပုံစံခွက်ထဲမှာ ရေစုန်မျှော စီးဆင်းလွင့်ပါနေကြတယ်။

လောကမှာ အခက်အခဲအကျပ်အတည်းတွေဟာ တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့နေကြရတယ်။ နိုင်ငံတစ်ခုအတိုင်းအတာ၊ ကုမ္ပဏီစတဲ့အဖွဲ့အစည်းအတိုင်းအတာ၊ မိသားစုအတိုင်းအတာ စသည်အလျောက် အကျပ်အတည်းတွေက မိမိတို့ အသက်ရှင်စဉ်ကာလမှာ တွေ့နေရမှာပဲ။ အဲဒီလို အခက်အခဲတွေ တွေ့ကြုံရတဲ့အခါ ဖောက်ထွက်ကျော်လွှား လွန်မြောက်သွားသူတွေရှိသလို `ကံပေါ့ကွာ´ဆိုပြီး ရေစုန်မျှောကာ `ကံ´ကို `၀´ကွက် လက်ပိုက်ကြည့်နေသူတွေလဲ အများကြီးရှိနေပါတယ်။ အဲဒီလို လူမျိုးတွေဟာ အရှုံးသံသရာထဲမှာ ရှုံးပြီးရင်းရှုံး၊ နစ်ပြီးရင်းနစ် ဒုက္ခပင်လယ်ဝေနေကြရတော့တာပဲ။

လူတွေ ပြောနေကြတာပဲ။ `ကိုယ်လုပ်မှ ကိုယ်စားတာ´တဲ့။ မှန်ပါတယ်။ ဒီသဘောတရားကို ချဲ့ထွင်သွားကြဖို့ပဲ ရှိပါတယ်။ ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ကိုယ်လုပ်တာ ကိုယ်ခံရတာ၊ ကိုယ်တိုက်ပွဲဝင်မှ ကိုယ်အောင်ပွဲရတာ၊ ကိုယ်တောင်းဆိုမှ ကိုယ်ရတာ၊ ကိုယ်တိုက်ထုတ်မှ ကိုယ်နိုင်တာ၊ အရာရာမှာ ကိုယ်ဆိုတဲ့ မိမိအပေါ်မှာ မူတည်နေတာချည်းပဲ။ ကောင်းကျိုးခံစားရတာပဲဖြစ်ဖြစ်၊ ဆိုးကျိုးခံရတာဖြစ်ဖြစ် အဓိကလက်သည်တရားခံက ကိုယ်မှတစ်ပါး အခြားသူမရှိဘူး။ ကိုယ့်ဘ၀ကို ပုံဖော်နေတဲ့ ဖန်ဆင်းရှင်ဆိုတာလဲ မရှိဘူး။ အတ္တာဟိ အတ္တနော နာထောပဲ။ ကိုယ့်အားကို ကိုယ်ပဲ ကိုးစားရမှာ။ မမြင်ရတဲ့ ကံဆိုတဲ့ အခြားအရာလဲ မရှိဘူး။

`ကံ´ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်ပါတယ်။ `ကံ´ဆိုတာ `ကမ္မ´ဆိုတဲ့ ပါဠိစကားကို ပါဠိသက်မြန်မာစကားပြေအဖြစ် ပြောင်းလဲသုံးစွဲထားတာ ဖြစ်တယ်။ လိုရင်းဆိုရလျှင် `အလုပ်´၊ `အပြုအမူ´၊ `လုပ်ဆောင်ချက်´လို့ အဓိပ္ပာယ်ရပါတယ်။ အပြုခံသတ္တိ သို့မဟုတ် Passive Type သဘောရှိပါတယ်။ Active Type သဘောရှိသူတွေ သို့မဟုတ် သတ္တ၀ါတွေ ပြုသမျှ၊ ပြောသမျှ၊ ကြံစည်သမျှအရာတွေဟာ `ကံ´တွေပါပဲ။ ကံဆိုတာ မမြင်ရတဲ့ ခုန်ပျံကျော်လွှားပြီး လူတွေရဲ့ဘ၀ထဲ ရောက်လာတဲ့ သဘောတရားမဟုတ်ပါဘူး။ ခေတ်စကားနဲ့ပြောရရင် ဘလိုင်းကြီးလာရောက်ကြိုးကိုင် ခြယ်လှယ်နေတဲ့အရာ မဟုတ်ပါဘူး။ စိတ်ပါလို့ဖြစ်စေ၊ မပါဘဲဖြစ်စေ တစ်နည်းနည်းနဲ့ ကိုယ်ကိုယ်တိုင် ပြုမူ၊ ပြောဆို၊ ကြံစည်ခဲ့တဲ့ `ကံ´က မိမိတို့ရဲ့ ဖြစ်တည်မှုကို အကောင်းအဆိုးစီမံပေးနေတာပါ။

မွေးရပ်မြေက အသိမိတ်ဆွေထဲမှာ `ကံပေါ့လေ´လို့ အမြဲပြောတတ်တဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်။ သူကဆိုရင် အမြဲတမ်း ဘာတွေပဲ ကြုံတွေ့တွေ့ ကံပဲ။ သူ့ဟာသူ ရေချိုးမှားလို့ ဖျားနေသူကို တွေ့ရင်လဲ `အော် သူခမျာ ကံမကောင်းရှာဘူး´။ ကြီးပွားနေသူတစ်ယောက် သူ့ဟာသူ အရက်သောက် မျာပွေပြီး လုပ်ပုံလုပ်နည်းမမှန်လို့ ဆင်းရဲသားဘ၀ရောက်သူကိုတွေ့လဲ ကံပဲ။ အရက်အလွန်အကျွံသောက်ပြီး ရမ်းကားလို့ ဆေးရုံတက်နေရသူကိုကြည့်ပြီးတော့လဲ ကံပဲ။ အဒေါ်ကြီးပြောတာ မဟုတ်ဘူးလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ ကံက အဓိပ္ပာယ်အကောက်အယူလွဲနေတယ်။ `ကံမကောင်းဘူး´လို့ ပြောတာဟာ `လုပ်ပုံလုပ်နည်း မမှန်ဘူး´လို့ ပြောမှ ဗုဒ္ဓဘာသာရဲ့ ကံကို ထင်ဟပ်မိစေလိမ့်မယ်။ အများစု ရည်ညွှန်းတဲ့ကံဆိုတာ လက်ရှိပြုမူချက်တွေကို မရည်ညွှန်းဘဲ အတိတ်ကံကိုပဲ ရည်ညွှန်းတတ်ကြတယ်။ ဒါကြောင့် မှန်တော့ မှန်တယ်။ ဒါပေမယ့် မှားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ချို့က လက်ရှိကိုယ့်လုပ်ရပ်တွေ အသုံးမကျလို့ အမှားအယွင်းတွေဖြစ်၊ ဆိုးကျိုးတွေ ခံစားနေရတာကို မမြင်ရတဲ့ကံကို သွားပြီးလွှဲချနေတတ်ကြတယ်။ အမှားအယွင်းတစ်ခု၊ ဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့လာရပြီိဆိုရင် အမှန်တကယ် စဉ်းစားသင့်တာက `ငါလုပ်တာ ဘာတွေ မှားနေလဲ၊ ဘာတွေ လိုအပ်နေခဲ့သလဲ´ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ အဲဒီလို ကိုယ့်လက်ရှိလုပ်ရပ်ရဲ့ အမှားအယွင်း၊ လိုအပ်ချက်တွေကိုမြင်မှ ကောင်းမွန်တဲ့ သစ်လွင်တဲ့ အကျိုးကြီးတဲ့ လုပ်ရပ်တွေအဖြစ် ပေါ်ထွက်လာမှာပါ။ `ငါကတော့ အကောင်းဆုံးလုပ်တာပဲ၊ ဒါပေမယ့် ကံမကောင်းလို့ ဘာမှဖြစ်မလာခဲ့ဘူး´လို့ ဆိုတာဟာ ရှေ့စကားနောက်စကား မညီပါဘူး။ ကိုယ့်အမြင်နဲ့ကိုယ်တော့ အကောင်းဆုံးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ လိုအပ်ချက်တစ်ခုမဟုတ်တစ်ခုရှိနေလို့ မအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်။ ရည်မှန်းချက်အောင်မြင်ချင်ရင် အဲဒီလိုအပ်ချက်တွေကို တွေ့အောင်ရှာရပါလိမ့်မယ်။ လိုအပ်ချက်ကို မရှာဘဲ `ကံမကောင်းလို့´ဆိုပြီး ယူဆနေသမျှ လမ်းကြောင်းမှန်ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ပါဘူး။

လောကမှာ ပြောပြောနေတတ်ကြပါတယ်။ `ဒီကောင်က ဘာလုပ်လုပ် သိပ်အားမထုတ်ရဘူး၊ အကုန်အောင်မြင်တာချည်းပဲ´လို့။ အဲဒီလို လူမျိုးကို သေချာလေ့လာကြည့်ရင် အောင်မြင်မှုအတွက် အားသာချက်တစ်ခုမဟုတ်တစ်ခု ရှိနေလို့ပါ။ အပြောကောင်းခြင်း၊ စိတ်ရှည်ခြင်း၊ စေတနာထားခြင်း စတဲ့ လက်ရှိကောင်းကွက်လေးတွေက သူ့ကိုအောင်မြင်အောင် စွမ်းဆောင်ပေးနေတတ်ပါတယ်။ `သူက အတိတ်က ဘာကံတွေများ လုပ်ခဲ့သလဲမသိ၊ အများမြင်ချစ်ခင်နေတာပဲ´လို့လဲ ဆိုတတ်ကြတယ်။ တကယ်တော့ အတိတ်ကံဆိုတာထက် လက်ရှိသူရဲ့ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံ ဆက်ဆံပုံတွေကိုက ချစ်ခင်စရာ ဖြစ်နေတတ်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပုံက လူတစ်ယောက်ဟာ အောင်မြင်မှုတွေ ရယူနေရသူတွေကို တွေ့တိုင်း `ဒီလူက တော်တော် အတိတ်ကံကောင်းခဲ့တာနော်´။ အဲဒီလိုချည်းပဲ ပြောပြောနေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် မိစ္ဆာဒိဋ္ဌိဘ၀ရောက်နေရတဲ့သူတွေ အများကြီးပဲ။

အများသိ ပုံပြင်လေးနဲ့ ပြောချင်ပါတယ်။ ကုန်သည်နှစ်ဦး ကန္တာရခရီးကို ဖြတ်ကျော်သွားကြတဲ့ ပုံပြင်ပါ။ တစ်ဦးက နောက်လိုက် လှည်းငါးရာနဲ့ ကန္တာရခရီးကို အရင် သွားနှင့်တယ်။ ကန္တာရထဲရောက်တော့ ဘီလူးတွေက ရှေ့မှာမိုးတွေ ရွာနေတဲ့အကြောင်း၊ ရေတွေကို အပင်ပန်းခံ သယ်စရာမလိုကြောင်း…ပြောပါတယ်။ သူတို့ကိုယ်တွေမှာလဲ ရေတွေရွှဲနေတဲ့ဟန်၊ ကြာဖူးကြာစွယ်တွေ စားနေဟန် သရုပ်ဆောင်ပြီး ပြောတာဆိုတော့ အဆိုပါ ကုန်သည်ခေါင်းဆောင်က ဘီလူးတွေရဲ့ စကားကို နားယောင်မိသွားတယ်။ ယုံကြည်သွားခဲ့တယ်။ ဒါနဲ့ သူ့နောက်လိုက် ခရီးသည်လှည်းသမားတွေကို ရှိသမျှရေတွေ အကုန်သွန်ချထားခဲ့ဖို့ ပြောလိုက်တယ်။ ဒီလိုနဲ့ သွားရင်းသွားရင်း ကန္တာရက ခြောက်သွေ့၊ ရေကလဲ မတွေ့နဲ့ လှည်းသမားတွေအားလုံး ပင်ပန်းကုန်တော့တာပဲ။ ဒါကြောင့် ဘီလူးတွေက အလွယ်တကူပဲ လှည်းကုန်သည်တွေကို စားပစ်လိုက်ကြတယ်။ ဒုတိယအဖွဲ့လာတော့လဲ ဘီလူးတွေက ရှေးနည်းတူ ဖြားယောင်းကြတယ်။ ဒါပေမယ့် ဒီကုန်သည်က အမြော်အမြင်ကြီးတယ်။ ဉာဏ်ရှိတယ်။ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်တတ်တယ်။ ရှေ့မှာ မိုးရွာနေတယ်ဆိုရင် မိုးရိပ်တော့ တွေ့ရမှာပဲ။ မိုးနံ့တော့ ရမှာပဲ။ ဒီလူတွေကြည့်ရတာ အရိပ်လဲ မထွက်ဘူး။ မျက်တောင်လဲ မခတ်ဘူး။ လူမဖြစ်နိုင်ဘူး။ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ယုံကြည်လိုက်ပါတယ်။ ဒါနဲ့ သူ့နောက်လိုက် လှည်းသမားတွေကို ရေတွေ သွန်မပစ်ကြဖို့၊ ဘီလူးတွေရဲ့စကားကို နားမယောင်ကြဖို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကုန်သည်ဟာ ပထမလှည်းကုန်သည်ရဲ့ ကုန်ပစ္စည်းတွေရော၊ ဈေးနှုန်းအမြတ်အစွန်းတွေပါရပြီး အိမ်ပြန်ခရီးလှခဲ့ကြပါတယ်။

ဒီပုံပြင်မှာ ပြောချင်တာက ပထမကုန်သည်နဲ့အဖွဲ့ ဘီလူးတွေအစားခံရတာ၊ ကုန်တွေ ဆုံးရှုံးရတာ၊ ကျန်ခဲ့တဲ့ ဇနီးသားသမီးတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခရောက်ကြရတာဟာ `အော်… သူတို့ခမျာ ကံမကောင်းရှာကြဘူးနော်´လို့ ဆိုမလား။ ဒုတိယကုန်သည်နဲ့အဖွဲ့ကိုရော `အော်… သူတို့ဖြင့် ကံကောင်းလိုက်ကြတာ´လို့ ဆိုမလား။ လုပ်ရပ်ဟာ ကံလို့ သဘောပေါက်ထားသူတွေအတွက်ဆိုရင်တော့ ပထမအဖွဲ့ဟာ `ကံဆိုးတယ်´။ ဒုတိယအဖွဲ့က `ကံကောင်းတယ်´လို့ပြောနိုင်ပါတယ်။ အသက်ပါ ဆုံးရှုံးပြီး မကောင်းတဲ့အကျိုးဆက်တွေ ခံစားသွားရတဲ့ ပထမအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ မကောင်းခဲ့ပါဘူး။ ဆုံးဖြတ်ချက်တွေ၊ စဉ်းစားဆင်ခြင်ပုံတွေက မမှန်ခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြရတာပါ။ ဒီလိုမှ မဟုတ်ဘဲ သူတို့လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး `မမြင်ရတဲ့ ကံ´ကို လွှဲချနေပြီဆိုရင်တော့ အဲဒီအယူအဆဟာ မှားယွင်းသွားပါပြီ။ ပထမအဖွဲ့ဟာ ဉာဏ်ပညာနဲ့ နှိုင်းနှိုင်းချိန်ချိန် မလုပ်ဆောင်ဘဲ မှားယွင်းဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယအဖွဲ့တော့ မိမိရဲ့ စဉ်းစားဆင်ခြင်ဉာဏ်၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေနဲ့ မှန်ကန်စွာ လုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ အကျိုးရလာဒ်တွေ ခြားနားသွားခဲ့ရခြင်း ဖြစ်ပါတယ်။

ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းနှစ်ခုလုံးမှာ လျှို့ဝှက်ချက်လေးတွေ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ အဲဒီ လျှို့ဝှက်ချက်လေးက အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းရဲ့ အဓိကအကြောင်းတရား ဖြစ်နေတတ်ပြန်ပါတယ်။ အောင်မြင်မှုရဖို့ရန်အတွက် ဗုဒ္ဓဘာသာက ကံ၊ ဉာဏ်၊ ၀ီရိယ သုံးခုညီဖို့ ပြောပါတယ်။ အတိတ်ကာလက ပြီးပြက်ခဲ့တဲ့ မိမိတို့ရဲ့ ကောင်းကံ၊ ဆိုးကံတွေကို ဘာမှ ပြုပြင်လို့ မရတော့ပါဘူး။ ပြီးခဲ့တဲ့အရာတွေက ပြီးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စုပ္ပန်လုပ်ဆောင်ချက်(ကံ)ကို ဉာဏ်၊ ၀ီရိယနဲ့ သဟဇာတဖြစ်အောင် မျှမျှတတ လုပ်ဆောင်နိုင်ခြင်းအားဖြင့် အတိတ်ဘ၀က ဆိုးကံတွေကို အကောင်းဘက်ရောက်အောင် လမ်းကြောင်းလွှဲပစ်နိုင်ပါတယ်။

အတိတ်ကံဆိုတာ ပယ်ဖို့မဟုတ်၊ လက်တွေ့ဘ၀လုပ်ငန်းစဉ်မှာ မေ့ထားလိုက်ဖို့ပါ။ ပစ္စုပ္ပန်လုပ်ငန်းတွေမှာ ပစ္စုပ္ပန်ကျကျ တွေးခေါ်မြော်မြင်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေကို ရဲရဲတင်းတင်း ထားရှိလိုက်ကြဖို့ပါ။ `ငါတို့ကိုယ်က ကံဆိုးတာပါကွာ´ဆိုတာတွေကို မေ့ဖျောက်ပြီး ကိလေသာတိုက်ပွဲ၊ ဘ၀တိုက်ပွဲ၊ အမှန်တရားတိုက်ပွဲနဲ့ တိုက်ပွဲပေါင်းများစွာကို ဇွဲမလျှော့တမ်း၊ နောက်မဆုတ်တမ်း ဆက်လှမ်းကြပါစို့….။

သက်တန့်ချို

အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက်ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံတယ် ။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမယ့်ပေးမယ်ဆိုရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။

ကုန်သည်ကြီးဟာ တတိယမြောက်ဇနီးကိုလည်း လွန်စွာ ချစ်မြတ်နိုးတယ် ။ သူမကို ပိုင်ဆိုင်ရခြင်းအတွက်အမဲဂုဏ်ယူလေ့ရှိပြီး သူ့သူငယ်ချင်းတွေကိုလည်း တတိယမြောက်ဇနီးလေးကိုကြွားလေ့ရှိတယ် ။ ကုန်သည်ကြီးက ဒီဇနီးလေး တခြားယောင်္ကျားတွေနဲ့ ထွက်ပြေးသွားမှာကိုလည်း အရမ်းကြောက်လန့်နေခဲ့တယ် ။

ဒါ့အပြင်ကုန်သည်ကြီးဟာ ဒုတိယမြောက်ဇနီးကိုလည်း ချစ်မြတ်နိုးပါတယ် ။ သူမဟာ အရ်ကိုးစဉ်းစားတွေးခေါ်တတ်တယ် စိတ်လည်းရှည်ပြီး ကုန်သည်ကြီးရဲ့ လူယုံတစ်ယောက်လည်းဖြစ်ပါတယ် ။ ကုန်သည်ကြီးအနေနဲ့ ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပြီဆိုရင် ဒုတိယဇနီးဆီကိုသွားပြီး အကူအညီတောင်းခံလေ့ရှိတယ် ။ ဒုတိယဇနီးက ကုန်သည်ကြီးကို ကူညီပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိတယ် ။

ကုန်သည်ကြီးရဲ့ ပထမဆုံးဇနီးကတော့ တော်ဝင်အမျိုးအနွယ်ဖြစ်ပြီး ကုန်သည်ကြီးရဲ့ ဥစ္စာဓနတွေနဲ့အိမ်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ရတယ် ။ ဒါပေမယ့်လည်း ကုန်သည်ကြီးက ပထမဇနီးကိုတော့မချစ်ပါဘူး ။ သူမက သူ့ကို နက်ရှိုင်းစွာ ချစ်ပေမယ့်လည်း ကုန်သည်ကြီးကတော့ အမြဲပဲ ဆူညံစွာ ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ် ။

တစ်နေ့မှာ ကုန်သည်ကြီးနေမကောင်းဖြစ်တယ် ။ နေမကောင်းတာဟာ တဖြည်းဖြည်း အဲဒီရက်ကစလို့ ရှည်ကြာလာတယ် ။ မကြာခင်သူသေဆုံးတော့မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေခဲ့တယ် ။ ကုန်သည်ကြီးက သူ့ဘ၀သူပြန်စဉ်းစားပြီး တွေးနေတယ် ။ “ ငါ့မှာ ငါနဲ့အတူနေတဲ့ဇနီးလေးယောက်ရှိတယ် ဒါပေမယ့် ငါသေတဲ့အခါ ငါတစ်ယောက်တည်းနေရတော့မယ် ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ !! ”

ဒါကြောင့် သူက စတုထ္ထမြောက်ဇနီးကိုမေးတယ် ။ “ ငါမင်းကိုအချစ်ဆုံးပါပဲ မင်းကို အသစ်လွင်ဆုံးအ၀တ်အစားတွေပေးဝတ်ခဲ့တယ် အထူးပဲကြင်နာဂရုစိုက်ခဲ့တယ် အခုငါ သေရတော့မယ် မင်းငါနဲ့တမလွန်ကို အတူအဖော်အဖြစ် လိုက်ခဲ့နိုင်မလား ” “ ဟင့်အင်း ” စတုထ္ထမြောက်ဇနီးက တစ်ခွန်းထဲဖြေပြီး ဘာစကားမှမပြောတော့ပဲလှည့်ထွက်သွားခဲ့တယ် ။

သူမအဖြေက ကုန်သည်ကြီးရဲ့နှလုံးသားကို ဓါးနဲ့လှီးခွဲလိုက်သလို နာကျင်ခဲ့ရတယ် ။ ၀မ်းနည်းသွားတဲ့ကုန်သည်ကြီးက တတိယဇနီးကိုမေးတယ် ။ “ ဇနီးအားလုံးထဲမှာ ငါမင်းကိုအချစ်ခဲ့ဆုံးပါပဲ အခုငါသေတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလား ” တတိယဇနီးကပြန်ဖြေတယ် “ ဒီမှာနေရတဲ့ဘ၀ကပိုကောင်းပါတယ် ရှင်သေသွားပြီးရင်ကျွန်မမှာ နောက်အိမ်ထောင်ပြုဖို့ရှိသေးတယ် ” အဖြေကိုကြားလိုက်ရတဲ့အခါ ကုန်သည်ကြီးရဲ့ နှလုံးသားဟာ နာကျင်သွားပြီးအေးစက်သွားတယ် ။

ပြီးတော့ ဒုတိယဇနီးကိုသူဆက်မေးတယ် ။ “ ငါအကူအညီလိုတဲ့အခါတိုင်းမင်းဆီကိုလာခဲ့တယ် မင်းဟာ အမြဲငါ့ပြဿနာတွေကိုကူညီဖြေရှင်းပေးခဲ့တယ် အခု ငါသေရတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလားဟင် ” “ စိတ်မကောင်းပါဘူးရှင် ဒီတစ်ကြိမ်တော့ကျွန်မရှင့်ကို မကူညီနိုင်တော့ပါဘူး အလွန်ဆုံးရှင့်ကို စိတ်အားတက်အောင်ပဲ ကျွန်မကူညီပေးနိုင်ပါ့မယ် ” အဖြေစကားက မိုးကြိုးပစ်ချလိုက်သလိုပါပဲ ကုန်သည်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့တယ် ပြီးအစာရေစာလည်းမ၀င်တော့ဘူး ။

အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ် ။ “ ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ် ရှင်ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ်ကျွန်မရှင်နဲ့လိုက်ခဲ့ပါ့မယ် ”ကုန်သည်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ပထမဆုံးဇနီးဖြစ်လို့နေတယ် ။ သူမက ကလည်းပိန်ကပ်နေတယ် အစာရေစာချို့တဲ့နေသလိုပါပဲ ။ အံသြစွာနဲ့ကုန်သည်ကြီးကပြောခဲ့တယ် ။ “ ငါအသက်ရှင်စဉ်မှာ မင်းကို ငါ ဒီထက်ပိုပြီး ဂရုစိုက်သွားတော့မယ် ”

###########################

တကယ်တော့ ကျွန်တော်တို့ ဘ၀တွေမှာ ဇနီးလေးယောက်စီရှိပါတယ် ။

၁ ။ စတုထ္ထဇနီးကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပါ ။ ခန္ဓာကိုယ်ကိုဘယ်လိုပဲကောင်းအောင်လှအောင် တောက်ပနေအောင်ပြုပြင်ဖန်တီးနေပေမယ့်လည်း ကျွန်တော်တို့သေဆုံးတဲ့အခါစွန့်ခွာခဲ့ရမှာပါပဲ ။

၂ ။ တတိယဇနီးကတော့ ကျွန်တော်တို့ ပိုင်ဆိုင်မှုစည်းစိမ်တွေပါ ။ ကျွန်တော်တို့သေတဲ့အခါ အဲဒီစည်းစိမ်တွေကလည်းတခြားလူတွေနဲ့အတူပါသွားလိမ့်မယ် ။

၃ ။ ဒုတိယဇနီးကတော့ ကျွန်တော်တို့မိသားစုနဲ့ သူငယ်ချင်းတွေပါ ။ ကျွန်တော်တို့ဘယ်လောက်ပဲရင်းနှီးတယ်ပြောပြော ကျွန်တော်တို့အသက်ရှင်နေစဉ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့က အသက်ရှင်နေစဉ်မှာ ရဲရင့်အောင် စိတ်အားတက်ကြွအောင်ပဲဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။

၎ ။ ပထမဆုံးဇနီးကတော့ ကျွန်တော်တို့ရဲ့စိတ်အတွင်းသဏ္ဍန်ပါပဲ ။ ကျွန်တော်တို့တကယ်ပိုင်ဆိုင်တဲ့အရာပေါ့ အရာဝထ္ထုပစ္စည်းစည်းစိမ်တွေ နဲ့ အာရုံငါးပါးနောက်ကျွန်တော်တို့ ကောက်ကောက်ပါအောင် လိုက်ပြီး စိတ်ရင်းသဏ္ဍန်ကို လစ်လျှူရှုထားပေမယ့်လည်း ကျွန်တော်တို့ စိတ်တွင်းသဏ္ဍာန်ကတော့ကျွန်တော်တို့နဲ့အမြဲအတူရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ် အတူလိုက်ပါနေမှာဖြစ်ပါတယ် ။

သက်တန့်ချို



၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။

၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။

၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွား ပါလိမ့်မယ်။

၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။

၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။

၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။

၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။

Ref: https://www.facebook.com/ko.pauk.35

































ကန်စွန်းရွက်၏ အစွမ်း..........
သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ်။

(၄)သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ်။ ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။

(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ် ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊ ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
 
ref: https://www.facebook.com




အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်
မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။
နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.
တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီး
ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်
ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.
အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါတစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ
ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ်
လို.ဆိုပါတယ်။
တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ
ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်း
ရှိပါတယ်လို.ဆိုတယ်။
ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.
ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍
အကျဉ်းချုံးဖော်ပြပါသည်။)

Ref: http://www.facebook.com

11:07 PM

Mar Mar Aye - Song Dedicated to Boycott-Monks

Posted by saw chit thi ha

10:40 PM

အတ္တမဲ့အလွမ်း

Posted by saw chit thi ha

အချစ်မှာရှုံးနိမ့်ခြင်းဟာ

ချိုမြိန်ခြင်းတစ်ခုပဲတဲံ့

အဲဒီသီအိုရီကို

လက်ကိုင်ထားပြီး

ငါဟာလည်း

အလွမ်းတွေနှင့်

မိတ်ဆွေဖြစ်တာကြာပြီပေါ့

ကြာတော့လည်း

ရှင်သန်ခြင်းဆိုတာ

ခြောက်ကပ်ကပ်နိုင်လာတယ်

အချစ်ကို

တန်ဖိုးမထားတဲ့

နင့်ဆီမှာ

အချစ်ကိုကိုးကွယ်မိတဲ့

ငါ့ကိုငါ

ရွံ့မုန်းမိတယ်

တိုက်ဆိုင်မှုတွေရှိတိုင်း

ရင်နာခဲ့ရတဲ့အဖြစ်ကို

ပြန်လည်လို့သတိမရချင်ဘူး

နင့်ကိုချစ်တဲ့စိတ်နဲ့

အစိုးမရတော့တဲံ

ငါ့နှလုံးသားကို

ဖောက်ထုတ်ပစ်ချင်တယ်

နင့်ကိုလွမ်းတဲ့စိတ်နဲံ့

တစ်ေ၇းနိုးတဲ့

ညတွေတိုင်း

အချစ်တစ္ဆေ

ခြောက်ခံရတဲ့အဖြစ်ကို

နင်သိဖို့ကောင်းတယ်

နင်မရှိတော့တဲ့

ငါ့ဘ၀ဟာလည်း

ကြိုးပြတ်နေတဲ့

လှေတစ်စင်းလို

ဦးတည်ချက်မဲ့နေတယ်။ ။

လမင်းလေး
 



အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း - သရ၀ဏ် (ပြည်)
by hooligansgroup on Friday, November 16, 2012 at 2:08pm ·

အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စ

တန်တွင် အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ အာဖဂန်နိုင်ငံ ဟင်ဒုကတ်ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္ဓဘာသာသည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် ထည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။ သမိုင်းဆိုင်ရာ သက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရဏ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု)ကပင် ဗုဒ္ဓဘာသာ အခြေတည်ခဲ့ကြောင်း သုတေသီတို့က သုံးသပ်ကြသည်။ ထိုသို့ စောစီးစွာ အခြေတည်ခဲ့သော ဗုဒ္ဓသာသနာမှာ အေဒီ ၇ ရာစုတွင် စတင်မှေးမှိန်လာခဲ့ပြီး၊ အေဒီ ၁၁ ရာစုတွင် လုံးဝ ကွယ်ပျောက်ချုပ်ငြိမ်း သွားခဲ့လေသည်။ ဤဒေသမှာ တရုတ်တို့၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည်။ ဂရေဘိုဘတ်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာဘုရင်ကြီး လက်ထက်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာသည် အာဖဂန်နစ္စတန်တွင် ထွန်းကားခဲ့ပါသည်။

မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို့တောင်ဘက်)တွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ့ရှိခဲ့ပါသည်။ ဗုဒ္ဓသာသနိက အဆောက်အအုံများကိုလည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါသည်။ လော်ဂျာပြည်နယ်၌ ရှာဖွေတွေ့ရှိခဲ့သမျှ ပစ္စည်းများထဲတွင် ရှေးဟောင်းစေတီတော် နှစ်ဆူ၊ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ နံရံပန်းချီများ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ရှေးဟောင်းပုတီးများ ပါဝင်ပါသည်။

ဘက်တားရီးယန်း စာပေပညာရှင်နှင့် စစ်သည်တော် (မိလိဒန္ဒပဉ္စာ ကျမ်းအရ မိလိန္ဒမင်းကြီး) တစ်ဦးသည် အိန္ဒိယမှ ရောက်လာသော နာဂသေနဟု အမည်ရသော မထေရ်တစ်ပါးနှင့် တွေ့ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းရောက်ရှိခဲ့ကြောင်း သိရပါသည်။ မြတ်ဗုဒ္ဓ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင့် ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို့၏ ဇာတိမြို့ဖြစ်သော ဘာသ်မြို့တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံးတည်ထား ကိုးကွယ်သော စေတီတော်ကြီး သမိုင်းပါ ဇာတ်ကောင်များနှင့် နာမည်ဆင်တူနေသည်မှာ စဉ်းစားစရာဖြစ်ပေသည်။ (ဘာသာပြန်သူ၏ စကားချပ်)

ဘာမီယန်တောင်တန်းသည် လိုဏ်ဂူများပေါများလှသော တောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး ၎င်းတောင်များအတွင်းရှိ လိုဏ်ဂူများတွင် သီတင်းသုံးကြသော ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ဗုဒ္ဓနိပါတ်တော်များကို ကျောက်ဂူနံရံများတွင် နံရံပန်းချီများအဖြစ် ရေးချယ်ခဲ့ကြပါသည်။ ဘာမီယန်တောင်ကြားဒေသရှိ ကျောက်ဂူနံရံများတွင် ထွင်းထုထားသော ဗုဒ္ဒရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍ မရအောင် အလွန်ရှားပါး အဖိုးတန်လှပေသည်။ ထို ဗုဒ္ဓရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင့် အရွယ်အစားအကြီးဆုံးမှာ ဥာဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည်။ ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ့သော ၁၁ နှစ် (၂၀၀၁ ခုနှစ်)က တာလီဘန် သူပုန်များက ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှု မပြုရဟု အယူရှိသောကြောင့် တာလီဘန်တို့သည် ဗုဒ္ဓရုပ်ပွားတော်မြတ်များ တည်ရှိနေခြင်းကို သည်းမခံနိုင်ဘဲ ဖြစ်ခဲ့ပုံရသည်။



ထိုလုပ်ရပ်ကို တားဆီးရန် ထိုစဉ်က ပါကစ္စတန်နိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်က တာလီဘန်တို့သည် ကိုယ့်ကိုသာမက အစ္စလာမ်ဝါဒအတွက်ပါ အကျိုးမဲ့စေသော လုပ်ရပ်ကို လုပ်ခဲ့လေပြီဟု ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး တားဆီးနေသည့်ကြားမှ ၂၀၀၁ ခု မတ် ၁၁ ရက်၊ တနင်္ဂနွေနေ့တွင် ရုပ်ပွားတော်ကြီးနှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ့ဆင့်နောက်ဆင့် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်တို့မှ ကိုယ်စားလှယ်အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့ စေ့စပ်ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ့ မညီလို့ ဖယ်ရှားရတာပါဟု တာလီဘန်တို့က အကြောင်းပြခဲ့သည်။ UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ "အစ္စလာမ်နာမည်ကို ခုတုန်းလုပ်ပြီး ဘယ်သူ့ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ့ အလုပ်ကို သူတို့ လုပ်နေကြတယ်။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာ ဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ်"ဟု ပြောခဲ့သည်။

အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ့အမွေအနှစ်များ အာဖဂန်သမိုင်းတွင် ပြန်အဖတ်ဆယ်၍ မရအောင် ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင် သူတို့ နှမျောကောင်း နှမျောတသ နေပါလိမ့်မည်။ ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံများသည် ကုလသမဂ္ဂ၊ ယူနက်စကိုတို့နှင့် ပူးပေါင်း၍ ထိုစဉ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါမူ ထိုအဖြစ်ဆိုးမှ ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်ပါလိမ့်မည်။ တာလီဘန်တို့သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီးများကို သုံး၍ ၂၀၀၁ ခုနှစ်၊ မတ်လတွင် ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခဲ့ပါသည်။ ထိုဖျက်ဆီးခံရသော ဘာမီးယန်း ဗုဒ္ဓရုပ်ပွားတော်နှင့် တစ်ပုံစံထဲတူသော (ဥာဏ်တော်ပို၍မြင့်သော) ပုံစံတူ သြကာနရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခဲ့ကြပါသည်။

ရှေးအခါကလည်း အာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများရှိခဲ့ကြ ကိုးကွယ်ခဲ့ကြဖူးပါသည်။ သို့သော် ဘာသာတစ်ခုက အခြားဘာသာများကို လေးစားခဲ့ကြသည်။ ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster (အီရန်နိုင်ငံတွင် စတင်ခဲ့သော ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မတြ် တိုက်ခိုက်သုတ်သင်ရေးဝါဒ)၏ မူလဘူတ စတင်မွေးဖွားရာ နေရာဖြစ်နေသည်။ နောင်သောအခါ ဤ၀ါဒမှာ အီရန်သို့ ရောက်ရှိပျံ့ပွားသွားပြီး မကောင်းသူပါယ် ကောင်းသူကယ်ဝါဒ Zoroastrianism ဟု ထင်ရှားခဲ့သည်။ ဂရှေ့(စ်)ကို ဘက်ထရီယန်လက်ထက်တွင် ဗုဒ္ဓဘာသာနှင့် ဇောရိုးဝါဒမှာ ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ့ကြသည်။

တမန်တော်မိုဟာမက် ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ (အေဒီ ၆၀၀) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီးနောက် ဘက်တားရီးယားဒေသကို ဆက်လက်တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာထွန်းကားရာ ဘော်လ်ကာဒေသ (Balka)သို့ပါ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ အုပ်စိုးပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များကို လူခွန် စတင်ကောက်ခံခဲ့သည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများသို့ သွားရောက်ဖူးမျှော် ပူဇော်ကန်တော့သူများကိုလည်း ဘုရားဖူးခွန်များ ကောက်ခံခဲ့သည်။ ကဘူးရှိ ဘုန်းတော်ကြီးကျောင်းများကို ၀င်ရောက်လုယက် ဖျက်ဆီးကြပြီး ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျဉ်းဖွယ် အနိုင်ကျင့်ခံရမှုသည် ဤမှာပင်စသည်။ ကဘူးတွင် ဗုဒ္ဓဘာသာသည် တဖြည်းဖြည်းအားနည်းလာပြီး နောက်ဆုံးတွင် အာဖဂန်နစ္စတန်မှ လုံးဝပျောက်ကွယ်သွားရတော့သည်။

အေဒီ ၇ ရာစုတွင် အာဖဂန်သို့ မူဆလင်များ စတင်ရောက်ရှိလာပြီး ၁၀ ရာစုသို့ ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလာမ်ဘာသာသို့ ရောက်ရှိခဲ့သည်။ ၁၁ ရာစုတွင်ကား ဗုဒ္ဓဘာသာ အာဖဂန်နစ္စတန်မှ လုံးဝချုပ်ငြိမ်း ထွက်ခွာခဲ့ရသည်။ (မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို့ ဗုဒ္ဓဘာသာ ရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္ဓဘာသာ ချုပ်ငြိမ်းချိန် ဖြစ်နေပေသည်။ စကားချပ်)

အာရပ်တို့ အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်လာဖို့ စစ်ရေးဖြင့် ကျူးကျော်ဝင်ရောက်လာသောအခါ အာဖဂန်ဒေသခံ တောင်ပေါ်သားတို့သည် ၎င်းတို့၏ ပိုက်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ့ကြပေသည်။ ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဇောရိုးဝါဒ၊ ဂျူးဘာသာများကို မိမိယုံကြည်ရာ ကိုးကွယ်ခဲ့ကြပေသည်။ အာရပ်များသည် ဒေသခံများကို အစ္စလာမ်ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ် ဘာသာပြောင်းစေရန် ကြံဆောင်မှုမှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ် အပြင်းအထန် ခုခံတော်လှန်မှုကြောင့် မအောင်မြင်ခဲ့ပေ။ အေဒီ ၈၇၀ တွင်မူ ယနေ့ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာတော်တော်များများကို ရာကွတ်ဘင်လာသီဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ့ပြီး၊ အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်။ အတင်းအကျပ် ဘာသာပြောင်းခံရသူများသည် အခွင့်သာသည်နှင့် သူပုန်ထကြွပြီး သူတို့၏ မူလဘာသာကို ပြန်လည်ဆည်းကပ်ကြသည်လည်း ရှိခဲ့သည်။ အေဒီ ၈ ရာစုနှင့် ၉ ရာစုကြား ကာလများတွင် ယနေ့ခေတ် အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများမှ ဒေသခံများမှာ ဆွန်နီအစ္စလာမ်ဘာသာသို့ သွတ်သွင်းခြင်း ခံကြရသည်။ အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်း ဆက်ဟူလတန် မိုဟာမက်သည် အိန္ဒိယနိုင်ငံကို ၁၇ ကြိမ်ခန့် ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနှင့် အာဖဂန်နစ္စတန်တွင် လူအစုလိုက်အပြုံလိုက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ပြောင်းလဲဝင်ရောက်စေခဲ့သည်။ တောင်ကုန်း တောင်တန်းများပေါ်တွင် နေထိုင်ကြသော ဒေသခံအာဖဂန်များကတော့ အစ္စလာမ်ဘာသာသို့ မ၀င်ဘဲ နေခဲ့ကြသည်။ ထိုဒေသတွင်တော့ အုပ်ချုပ်သူ ပြည်နယ်ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒူ၊ မူဆလင်၊ အာဖဂန် မိန်းမများစွာကိုယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင် လုပ်ခဲ့ကြသည်ဟု အေဒီ ၉၈၂ ရေးသားသော ဟူဒတ်အယ်အလမ် (Hudud-al-Alam)ဆိုသော စာအုပ်တွင် ဖော်ပြခဲ့သည်။

လုပ်သက် ၃၄ နှစ် ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှူးဖြစ်သူ အိုမာခန် မက်ဆိုဒီက အာဖဂန်၏ ခေတ်အဆက်ဆက်မှာ အလွန်လက်ရာမြောက်သော ဗုဒ္ဓရုပ်တုများကို သူတို့ လျှို့ဝှက် စုဆောင်းနိုင်ခဲ့သောကြောင့် အလွန်ဂုဏ်ယူကြောင်း၊ သူတို့သည် ဗုဒ္ဓရုပ်ပွားတော် အဆူ ၃၀၀ ခန့်ကို ပြတိုက်အနီး မြေအောက်ခန်းထဲတွင် လျှို့ဝှက်သိမ်းဆည်းထားပြီး ပြတိုက်ဝန်ထမ်းများက ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောကြားခဲ့သည်။ ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီး ဖျက်ဆီးခံရမှုကို သူတို့ အလွန်စိတ်မကောင်းဖြစ်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏ သမိုင်းကြောင်းဖြစ်နေသောကြောင့်ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။

ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင်မတည်ထားခင်ကအထိ ဗုဒ္ဓဘာသာ ပေါ်ထွန်းစကာလများတွင် မည်သူမျှ ဗုဒ္ဓရုပ်တု၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခဲ့ကြပါ။ ကနဦးတွင် လူ့ပုံသဏ္ဍာန်ကို ရှောင်ရှားပြီး အခြားသင်္ကေတများကိုသုံး၍ ကိုးကွယ်ပူဇော်ခဲ့ကြသည်။ လူတို့သည် ရှေးဦးစွာ ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ)ကို ပုံတူပြု၍ ကိုးကွယ်ခဲ့ကြပါသည်။ ခြေတော်ရာပုံထဲတွင် မဟာယာန ဗုဒ္ဓဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင့် ဆင်တူသော အင်းများကို ထည့်သွင်းရေးဆွဲခဲ့ကြသည်။ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေတော်ရာတွင် သင်္ကေတများ ထည့်သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေတော်ရာသင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို့ အဓိပ္ပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာ သုတေသနလုပ်ခဲ့သည့် ဒေါက်တာ ၀ဲဓမ္မဆေလာက ပြောပါသည်။ ဗုဒ္ဓဘာသာ ရဟန်းတောင်တစ်ပါးရေးခဲ့သော၌လည်း ဗုဒ္ဓဘုရားရှင်သည သူ၏လက်ဝဲဘက်ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ (မက္ကာ)တွင် ချတော်မူသည်ဟု အထူးအလေးထား ဖော်ပြထားပါသည်။ ဤအချက်သည် မွတ်ဆလင်တို့က ကဘာဟုခေါ်သော မက္ကာရှိ ခြေရာတစ်ခုကို ရည်ညွှန်းပုံရသည်။ မွတ်ဆလင်၊ ခရာဇ်ယန်နှင့် ဂျူးဘာသာဝင်တို့ အလေးအမြတ်ထားကြသော အေဘရာဟမ်းဆိုသည့် ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကို တစ်ချိန်က ချထားခဲ့သည်ဆို၏။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည် ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ့ပြီး ကျောက်တုံးတစ်ခုနှင့် ဖုံးအုပ်ထားခဲ့ပြီး ခြေရာအမည်ကို ကဘာဟု အမည်ပေးခဲ့သည်ဟု ဆို၏။ ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ်ပြုပြင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာကို မြင့်မြတ်သောနေရာအဖြစ် သတ်မှတ်ပြီး မွတ်ဆလင်များက ၀တ်ပြု ပူဇော်ရန် ၀င်ခွင့်ပြုသည်။ ဗုဒ္ဓဘာသာဝင်များကတော့ ထိုနေရာသို့ မြတ်စွာဘုရားခြေတော်ရာ ဖူးမြော်ရန် ဘယ်တုန်းကမှ မသွားခဲ့ကြပါ။ သို့သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံးပြု ကိုးကားနေကြဆဲဖြစ်သည်။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါ အကြောင်းများကိုတော့ မည်သူမှ မှားသည်၊မှန်သည် မဆန်းစစ်နိုင်ခဲ့ပါ။ သင်္ဂါယနာတင်ရာတွင် ထည့်သွင်းမဖော်ပြခဲ့သော်လည်း မဟာဝံသကျမ်းများအလိုအရာ ဗုဒ္ဓဘုရားသခင်သည သီရိလင်္ကာ (သီဟိုဠ်ကျွန်း)သို့ သုံးကြိမ်ခန့် ကြွရောက်ခဲ့သည်ဟု မှတ်တမ်းတင်ထားပါသည်။ ဤကိစ္စသည် အသေးစိတ်ဆက်လက်လေ့လာ သုတေသနပြုသင့်သော ကွင်းဆက်တစ်ခု ဖြစ်ပါသည်။ အာဖဂန်နစ္စတန်ကဲ့သို့ပင် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့် ထေရ၀ါဒရဟန်းတော်များ သီတင်းသုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းပေါင်း များစွာကို တွေ့ခဲ့ရသည်ဟု ပြောပါသည်။ ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာမှာ အိန္ဒိယမှာရော၊ သီရိလင်္ကာမှာရော ရောထွေးနေပေသည်။ ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်း ဟိန္ဒူနတ်ရုပ်များ ရှိလေသည်။ ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့သော အာဖဂန်နစ္စတန်နှင့် ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။

ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီးဖြစ်သော သီရိဓမ္မာသောကမင်းကြီး၏ စကားကို ယူ၍သုံးရလျှင် "အကြင်သူသည် မိမိကိုးကွယ်ရာ ဘာသာကိုသာ ချီးမြှင့်မြှောက်စားလျက် အခြားဘာသာများကို ကဲ့ရဲ့မရှုတ်ချထိုက်၊ အခြားဘာသာ အယူဝါဒများကိုလည်း သူတို့ကိုးကွယ်ယုံကြည်မှုနှင့်အညီ လေးစားအသိအမှတ်ပြုရမည်။ ဤသို့ ပြုခြင်းဖြင့် ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင့် မတူသူများကို ပြစ်တင်ရှုတ်ချခြင်း မလုပ်ရာ၊ မိမိဘာသာအယူဝါဒကိုသာ ချီးမြှင့်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒကို ပိတ်ပင်နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ့်အယူဝါဒကိုပင် နိမ့်ကျပျက်စီးစေ၍ ရှောင်ကြဉ်ရပေမည်။

____________________________________
Reference and Credit to -သရ၀ဏ်(ပြည်)
Watch News Journal
ယခုသတင်းကို ၁၆.၁၁.၂၀၁၂ ညနေ၅နာရ၁၇မိနစ်တိတိတွင် NOM မှမျှဝေသည်။

Related Posts Plugin for WordPress, Blogger...

Back to the Top