Popular Posts
-
••••••••••••••••••••••••••• ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်...
-
အချစ်မှာရှုံးနိမ့်ခြင်းဟာ ချိုမြိန်ခြင်းတစ်ခုပဲတဲံ့ အဲဒီသီအိုရီကို လက်ကိုင်ထားပြီး ငါဟာလည်း အလွမ်းတွေနှင့် မိတ်ဆွေဖြစ်တာကြာပြီပေါ့ ကြာတော့လ...
-
လက်ဖ၀ါးပေါ်က - ကျွန်း (၁၅)နေရာ-သြဇာမရှိဘူး။ (၁၆)နေရာ- အသက်ကြီးမှ အလုပ်အကိုင်မရှိ၊ဒုက္ခတွေ့တတ်။ (၁၇)နေရာ-ကျောင်းကြို ကျောင်းကြား...
-
"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ" ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတေ...
-
-
အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် …….. အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက်...
-
ယနေ့လူငယ် နောင်လူကြီး ဟူသောစကားသည် လူတိုင်းပြောနေကျစကားဖြစ်သည်။ ပြောဆိုနေကျဖြစ်သော်လည်း လေးလေးနက်နက်တွေးမိသူကား အလွန်နည်းပေသည်။ လ...
-
-
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလု...
-
အားလုံးမင်္ဂလာပါနော်။ ယနေ့ (၅.၄.၂၀၁၂) ဟာဆိုရင် ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ကဆုန်လပြည့်အခါသမယဖြစ်သည်နဲ့ အားလျော်စွာ မင်္ဂလာရှိသောေ...
7:27 PM
Posted by
saw chit thi ha
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ်
မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း
ဗုဒ္ဓဘုရားပုံကို ဟိုလိုလုပ်နေပါတယ် ဒီလိုလုပ်နေပါတယ် ဆိုတဲ့ ပို့စ်တွေ
တွေ့ရလို့ ဒီစတေးတပ်စ် ကို ရေးလိုက်တာပါ။
အခုပုံကတော့ တိဘက်က
ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံပါ။
မြတ်ဗုဒ္ဓရဲ့ပုံတော် အစစ်မဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရပါဘူး။
ပုံကတော့ သူတို့ရဲ့ ယောဂကျင့်စဉ်တွေထဲက ကာမဂုဏ်ခံစားတဲ့ ကျင့်စဉ်တစ်ခုကို
ပုံဖော်ထားတဲ့ ကာမမုဒြာ ပုံပါ။
တိဘက်ထုံးစံ
အရ ဇနီးမောင်နှံ နှစ်ဦးစလုံး အတွက် အသုံးဝင်တဲ့ ကျင့်စဉ်လို့ ဆိုပါတယ်။
အမျိုးသား နဲ့အမျိုးသမီး ပူးတွဲလေ့ကျင့်လို့ ရသလို တစ်ဦးထဲလည်း
လေ့ကျင့်လို့ရပါတယ်တဲ့။
ဝဇီရာယန ဆိုတာ လက်ရှိ ဒလိုင်းလားမား
ယုံကြည်လက်ခံ ကျင့်သုံးနေတဲ့ ဝါဒလည်းဖြစ်ပါတယ်။ သူကိုယ်တိုင် တန်ထရာယောဂကို
ကျင့်ကြံလား ဆိုတာတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့် မယ်။ မြန်မာပြည်မှာ
အသံထွက်လာတဲ့ ကာမကို အလှူခံလို့ရတယ် ဆိုတဲ့ ဝါဒနဲ့တော့
မသက်ဆိုင်ဘူး ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ ထေရဝါဒနဲ့ မဟာယန မတူသလို
ထေရဝါဒနဲ့ ဝဇီရာယန ဟာလည်း လားလားမှ မဆိုင်ပါဘူး။ တင်တဲ့သူတွေကတော့
ဘာရည်ရွယ်ချက်နဲ့ တင်ကြလည်းမသိပါ။ ဒီကျင့်စဉ်တွေဟာ မနေ့ တနေ့ကမှ
ပေါ်လာတာမဟုတ်ဘဲ နှစ်ပေါင်းရာပေါင်း များစွာကတည်းက တစ်ခြားအယူဝါဒ
ကျင့်စဉ်တွေ နဲ့ ရောပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း
ကျွန်တော်တို့ကျင့်သုံးတဲ့ ထေရဝါဒ (မဟာယနတွေအခေါ် ဟိနယန ) ပိဋကတ်တော်တွေ ကို
ရှေးမူအတိုင်း မပျောက်မပျက် စင်ကြယ် အောင် သံဃာယနာ ၆ ကြိမ်တိုင်တင်ခဲ့ရတာ
ဝိနယတော်တွေ ကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ ကြရတာ ဖြစ်ပါတယ်။
ဝဇီရာယနနဲ့ တန်ထရာယောဂ အကြောင်း အသေးစိတ်သိလို သူများ အောက်ပါလင့်ခ်များမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။
0 comments:
Post a Comment