ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts








ဆောင်းပါး - ကညောကော်
ဒီ ဆောင်းပါး ကို ဒီနေ့ ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့် ချင့်ချိန်နေခဲ့သည်မှာ အခိုက်အတန့် လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် သည်ဆောင်းပါးကြောင့် တစ်ချို့ သောသူများက အမြင်ကျဉ်းသူ၊ လူမျိုးရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့ သို့ သော ဝေဖန်တိုက်ခိုင်မှုနှင့် အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့ သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့ လာခဲ့ပါသည်။ သမိုင်းဆိုတာမမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆိုရာဝယ်.... မိမိကို..စိတ်ကောကိုယ်ပါဒဏ်ရာရအောင်လုပ်ဆောင်ခဲ့သောသူကိုအဲဒီဒဏ်ရာဟောင်းကြီးကိုပြန်စမ်းရေနူးပြီး..တ မြေ့ မြေ့ နှင့် မကြေနပ်အညိုးအတေးထားကာ ကလဲ့စားခြေလို သောသဘောထား ထက်..မိမိ ၏ သမိုင်းနှင့် ဒဏ်ရာဟောင်း ဖြတ်သန်းသွားလာခဲ့မှုများအပေါ်တွင် အမြဲတမ်း ပြန်လည်စူးစမ်း.. လေ့ လာသုံးသပ် ကာ နောင်တစ်ခါဒီ လို သမိုင်းမျိုးနှင့် ဒဏ်ရာအသစ်တစ်ခုကိုထပ်ထပ်မံမရစေလိုသောကြောင့်ဖြစ်ပါသည်။
ကရင်လူမျိုးများသည် ဟိုးယခင် မဟာဗမာ လူမျိုးရေး ၀ါဒီ ဗမာမင်းများအဆက်ဆက်ကနေ ယခုအချိန်ထိ ထိုဗမာ လူမျိုးရေးဝါဒီများ၏ နည်းအမျိုးမျိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျခဲ့မှုများကို ခံခဲ့ ရ ခံနေရဆဲဖြစ်ပါသည်။ (မဟာဗမာလူမျိုးရေးဝါဒီဆိုရာဝယ်..ဗမာတစ်မျိုးသားလုံးကိုမဆိုလိုပါ။အချို့ အချို့ သောငါတို့ သာလူ၊ ငါတို့ သာမင်း၊ ငါတို့ သာသခင်၊ စသည်ကဲ့သို့ သော လူ့ အသိုင်းအ၀ိုင်းနှင့် ဘယ်သမာသမတ်ကျသည့် လူ့ အဖွဲ့ အစည်းမှလက်မခံနိုင်သည့် ၀ါဒီများကိုသက်ဝင်ယုံကြည် ခါးဝတ်ပုဆိုး သဖွယ်ကိုင်စွဲထားပြီး အခြားသောတစ်နိုင်ငံတည်းနေမည်သည့်တိုင်းရင်းသားကိုမှ လူမထင် အနိုင်ကျင့်ဗိုလ်ကျနေသော
သူများအချို့ ကိုသာဆိုလိုပါလိုပါသည်။ ထိုသူများနှင့် ထိုသို့ အတွေးအခေါ်ရှိနေသူများကို ယနေ့ အချိန်အခါထိ ရှိနေကြောင်း သိရသောအခါ ကျနော်သည်သည် ဆောင်းပါးကလေးကို ရေးဖြစ်လာခဲ့ ရပါသည်။

ထိုကဲ့သို့ သောမဟာ လူမျိုးရေးဝါဒီများ၏ ခေတ်အဆက်ဆက်အနိုင်ကျင့်မှူများကြောင့် ကရင်လူမျို့ များသည် အခွင့်အခါရလာသောအချိန်တစ်ခါ ဟုထင်မြင်ခဲ့သော ဗြိတိသျှစစ်တပ်များမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသောအချိန်တွင် မိမိတို့ ၏အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုအတွက် မဟာမိတ်တပ်အနေဖြင့် ဗြိတိသျှတို့ ဘက်မှ ဖက်ဆစ်၈ျပန်များကို တိုက်ခိုင်ရာတွင် ရွှံရွှံ ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းတွင်ဖက်ဆစ်ဂျပန်များကိုတိုက်ထုတ်သော ကရင်အမျိုးသားတို့ ၏ပါဝင်မှုမှာ ထိပ်ဆုံးမှဖြစ်ခဲ့ပါသည်။(သို့ သော် ထိုအကြောင်းအရာများကို မြန်မာနိုင်ငံအတွင်းတွင်ကြီးပြင်းခဲ့သော နောက်တတ်ကရင်လူငယ်များနှင့် အခြားသောတိုင်းရင်းသားလူငယ်ကျောင်းသားများ သမိုင်း ဘာသာရပ်တွင် ဗမာအစိုးရ၏သမိုင်းဝါးမျိုမှုများကြောင့်သင်ကြားခဲ့ရခြင်းမရှိ ခဲ့ပါ။

ဗမာများမှာ ဗြိတိသျှတို့ မြန်မာနိုင်ငံကိုဝင်ရောက် ပြီး အာဏာကြီးစိုးခဲ့ချိန်တွင် အင်္ဂလိပ်လက်အောက်တွင်အမှုထမ်းပြီးပူးတွဲ လုပ်ဆောင် ခဲ့သော်လည်း ဖက်ဆစ်ဂျပန် ၀င်လြာ့ပီး အာဏာကြီးစိုးကာ အင်္ဂလိပ် တို့  ထွက်ပြေးသောအချိန်ကာလတွင် ဂျပန်နှင့်တစ်ခါပေါင်းကာဂျပန်လူဖြစ်သွာ့းပြန်သည်။
သူ တို့ လုပ်သလိုဘက်မပြောင်းတတ်၊ တစ်စုတစ်ဖွဲ့တည်းအပေါ်တွင် သစ္စာရှိခဲ့သော ကရင်လူမျိုးများမှာ ဂျပန်ဘက်ပြောင်းသွားသောဗမာများ၏ အင်္ဂလိပ်သူလျှို ၊အင်္ဂလိပ်စစ်သား..စသည်ကဲ့သို့ သော ခြေထိုး မှုများကြောင့် ကရင်ပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရသည်။ တစ်ရွာလုံးကိုဖမ်းဆီးချူပ်နှောင် တစ်ရက်ကိုအယောက် ၅၀ ထုပ်ပြီးသတ်ဖြတ် မှုကဲ့သို့ သော ဧရာဝတီတိုင်းမှ (BIA)တပ်များ၏ သတ်ဖြတ်မှုလိုမျိုးတွင် လုံးဝလွန်လွန်းသောကြောင့်ဂျပန် ဗိုလ်မှူးကြီး မိုးကြိုး (ဆူဇကီး) ကတောင်ကြားဝင် တားဆီးခဲ့ရသောအဖြစ်များ၊ ကရင်ရွာတွေမီးရှို့  ..ဘုရားကျောင်းတက် ၀တ်ပြုနေသူများကို ဘုရားကျောင်းအားအပြင်မှသော့ခတ်က တစ်အုပ်လုံးမီးလောင်တိုင်သွင်းခဲ့သော အဖြစ်မျိုးမှာ လုံးဝမမေ့နိုင်မမေ့အပ်စရာတွေပါ။ သို့ သောကရင်တွေဟာ ဗြိတိသျှတွေ ကိုသစ္စာရှိစွာယု့ံ့ကြည်စွာဖြင့် ထိုအဖြစ်များကို ခါးစီးခံခဲ့ပါတယ်။

ဒီလိုနဲ့အင်္ဂလိပ်တွေမြန်မာနိုင်ငံအတွင်းကိုတစ်ကျော့ပြန်ဝင်လာပြီး ဂျပန်တွေကိုတိုင် ထုပ်ဘို့  စည်းရုံးပြန်တယ်။ကရင်တွေလည်းအနည်းငယ်တွန့် သွားခဲ့ပေမည့် အင်္ဂလိပ်ခေါင်းဆောင်တစ်ချို့ ရဲ့လွတ်လပ်ရေးရရင် ကရင်ပြည်ရရှိရေး ၊ကရင့်အခွင့်အရေးအတွက် လုပ်ပေးမည် ပြောပေးမည် ကရင်ပြည်ရရမည်ဆိုသော အာမခံချက်၊ ကတိပေးမှုများကြောင့် လွတ်လပ်စွာနှင့် ကိုယ်ရသင့်သောအခွင့် အရေး ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်တိုင်းပြည်လွတ်လပ်ရေးဆိုသော တောင့်တသည့်စိတ်နှင့် ကရင်တွေဟာ အင်္ဂလိပ်နှင့်တစ်ဖန်ပေါင်းကာ ဖက်ဆစ်ဂျပန်တွေကို လုံးဝအပြီးအပိုင်တိုက်ထုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့နောက်ဆုံးလွတ်လပ်ရေးပေးသည့်အခါ.. ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ဟာ အင်္ဂလိပ်နန်းရင်းဝင် မောင့်ဘက်တန် ကို ဘယ်လို နားကျအောင်စည်းရုံးခဲ့သည်မသိပါ.. ကရင်ခေါင်းဆောင်များက အင်္ဂလိပ်ခေါင်းဆောင်တစ်ချို့ ၏အပေးအယူ ကတိက၀တ်ပြုခဲ့သောစကားနှင့် မိမိရသင့်ရ ထိုက်သောအခွင့်အရေးကို သွားရောက်တောင်းဆိုခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ပါ။ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့  ကိုသာအာဏာလွဲပေးခဲ့သည်။ အဲဒီဗိုလ်ချူပ်အောင်ဆန်းနှင့်(BIA) တပ်များအာဏာရလာပြီးတဲ့နောက်မှာ (BIA)ရဲ့ကရင့်အမျိုးသားတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျသတ်ဖြတ်မှုတွေကို တစ်ခါးစီးခံ ခဲ့ရပြန်ပါတယ်။ ဒါကြောင့်ကရင်တွေဟာကိုယ့်တိုင်းပြည်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမှသာ လုံခြုံမှရှိမည်လို့ တစ်စိုက်မက်မက်ပို မို ယုံကြည်လာကြသည်။ ထိုနောက်ဗမာအစိုးရတွေဆီသွားက ကရင်ပြည်ကိုတောင်းဆိုပြန်ပါတယ်။ ဒါနဲ့ဗမာက မင်းတို့ တိုင်းပြည်တောင်းတာ မင်းတို့ လူထုအင်အားဘယ်လောက်ရှိလို့ လဲ... ပြပါ ဆိုတော့ ကရင်ပြည်သူမြို့ နေ တောသူတွေပါအကုန်လုံးငြိမ်းချမ်းစွာနှိင့်ကရင်ပြည်ရဖို အတွက် အိမ်တွေထဲကနေထွက်ပြီးအင်အားပြသခဲ့ပါတယ်။ အဲဒီမှာ
ဗမာတွေဟာကရင်အမျိုးသားတွေကိုစပြီးအကြမ်းဖက်ပါတော့တယ်။ မင်းတို့ ကရင်ပြည် လိုချင်ရင် တိုက်ယူ ဆိုပြီး စိမ်ခေါ်ခဲ့ပါတယ်။
ဘိုးဘွားတွေလက်ထက်ကတည်းကစစ်ကိုမလိုလား ငြိမ်းချမ်းစွာနေလိုခဲ့တဲ့ကရင်တွေဟာ အင်္ဂလိပ်ခေတ်မှာမိမိတို့ ရသင့်ရထိုက်တဲ့အခွင့်အရေးရဖို့ အတွက် မတတ်သာဘဲလက်နက်ကိုင်ပြီးဖက်ဆစ်ကိုတော်တိုက်ခိုက်ခဲ့ရပေမည့် အခုတစ်ခါတော့ မလွဲမသေ လက်နက်ကိုင်မှ ကိုယ့်အတွက်လုံခြုံပြီး ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးကိုရတော့မည်ဆိုသော အသိစိတ်ကြောင့် လွတ်လပ်ရေးရအပြီး အင်္ဂလိပ်တို့ အပြန် လက်နက်အပ်ခဲ့ပေမည့် .. ဗမာတွေကိုမယုံ ကရင်တွေအတွက်အရေးကြုံရင် ပြန်လည်ခုခံနိုင်ဖို့ အတွက် ဆိုပြီး အင်္ဂလိပ်စစ်ဗိုလ်တစ်ချို့ က ဖွက်ထားပေးခဲ့သော ဂူတွေထဲမှာဖုံတတ်နေသောသေနပ် တွေကို ပြန်လည်ကိုင်ဆောင်လာခဲ့ရပါသည်။

ဒါပေမည့် ဥကဠ ကြီးစောဘဦးကြီးဟာ ငြိမ်းချမ်းရေးသမားဖြစ်ပြီး စစ်ပွဲကိုမလို
လား ဘဲ ကရင်ပြည်ကိုငြိမ်းချမ်းစွာနှင့်ဘဲ ပြန်လည်ရယူနိုင်မည်၊ ပြန်လည်ရယူမည်ဟုယုံကြည် နေခဲ့ဆဲဖြစ်ပါသည်။ ဒါကြောင့်မအူပင် က အစိုးရဘဏ်ကို ကရင်တွေကစစ်ပွဲကာလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကို လည်းသူ ကရှုံ့ ချပြီး သူ့ ဘို့ ဘွားပိုင် လယ်ယာမြေတွေရောင်းချကာ အဲဒီဘဏ်ကငွေတွေကို ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ ဥက္ကဌ ကြီး စောဘဦးကြီးဟာ နိုင်ငံသားအချင်းချင်းသတ်ဖြတ်မှုနှင့်စစ်ကို ဘယ်လောက်အထိမလိုလားခဲ့သလဲဆိုရင် မြန်မာတစ်နိုင်ငံလုံးကို ကရင်တွေက သိမ်းပိုက်ခဲ့ပြီး ၇ မိုင် လောက်အင်းစိန် ဧရိယာလေးသာကျန်တော့တာတောင် ဗမာအစိုးရက အပစ်အခတ်ရပ်စဲရေးအစည်းအဝေးခေါ်တာကို လိပ်ပြာသန့်သန့်နှင့် ဗမာတွေကိုသံသယကင်းစွာနှင့်သွားတွေ့ ခဲ့ပါတယ်။

ဒီနေရာမှာတစ်ခုပြောချင်တာက အပစ်အခတ်ရပ်စဲရေးဆိုတာ ရန်သူ ကကိုယ့်ကိုဝိုင်းထားပြီး အင်အားတစ်အားကြီးမားသောကြောင့် ကိုယ်ကအင်အားနည်းပြီး လုံးဝရန်သူ ကိုခုခံဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေမှာမှ လုပ်ရတာမျိုးပါ။ဒါပေမည့်ဥက္ကဌ ကြီး ဟာ ကိုယ်က တစ်နိုင်ငံလုံးနီးပါးသိမ်းထားပြီးအင်အားသာနေခဲ့ပေမည့် ဗမာတွေရဲ့အပစ်ရပ်စဲရေး ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ပါတယ်။ သူ ကိုယ်တိုင်ကိုသွားခဲ့ပါတယ်။ဘာကြောင့်လည်း ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးလို့ ပါ၊ ဗမာကိုယုံခဲ့မိလို့ ပါ၊ စစ်ကိုမလိုလားလို့ ပါ။
ဒါပေမည့် ဗမာတွေဟာဥက္ကဌကြီးနှင့် ငြိမ်းချမ်းရေးဆိုပြီးစကားပြောနေ ပေမည့် ဥက္ကဌကြီးကို ကာဗာယူ က တစ်ဘက်မှာတော့ စစ်အကူအညီတွေ လိုက်တောင်း လက်နက်အင်အားလူးအင်အားစု ဆောင်းပြီး ကရင်တွေကိုပြန်လည်တိုက်ခိုက်ဖို့  ကြံစည်နေခဲ့ပါတယ်။ ဒါတွေကိုကရင်တွေကမြင်ပေမည့် ကိုယ့်ခေါင်းဆောင်က သူတို့ ဆီရောက်နေတော့ဘာမှ လုပ်လို့ မရခဲ့ပါဘူး။

ဥက္ကဌကြီးဗမာတွေဆီကပြန်လာတော့ ဗမာတွေကကရင်တွေကိုပြန်လည်တိုက်ခိုက်ဖို့  အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ မန်းဘဇန် ဟာ ဥက္ကဌကြီး လက်မှတ်ထို့း လာခဲ့သော အပစ်အခတ်ရပ်ဆဲရေးစာချုပ်ပ်ကို ကြည့်လိုက်တဲ့အခါမှာအပစ်ရပ်စဲရေးစာချုပ် ဆိုသောစာမှာ ဗမာတွေက လိမ်ကောက်ပြီး ရေးထားတဲ့ ကရင်တွေကလက်နက်ချရမည့်စာချုပ်ကြီးဖြစ်နေတာတွေ့ ရပါတယ်။ မန်းဘဇန်ဟာဥက္ကဌကြီးကိုရှင်းပြအပြီး ပြန်လည်သုံးသပ်ပြီးနောက် ဥက္ကဌကြီး က ဟာ ဟုတ်သားဘဲ ဒါပေမည့် ငါကလက်မှတ်ထိုးခဲ့ပြီဆိုတော့ ငါဖြတ်လို့ မရဘူး မင်းက (KNDO) ခေါင်းဆောင် အခုပြသာနာက ကေအန်ဒီအို နဲ့ ထိပ်တိုက်ဖြစ်နေတာဆိုတော့ မင်းဘဲသွားဖြတ်လိုက်ဆိုပြီး မန်းဘဇံ ကိုတာဝန် ပေးခဲ့ပါတယ်။ ဒါနဲ့မန်းဘဇံဟာ ဗမာတွေက မင်းတို့ ငါတို့ ဥက္ကဌကြီးကို လိမ်ညာပြီးလက်မှတ်ထို့ ခိုင်းတာငါတို့ လက်မခံဘူးဖြစ်တယ်ဆိုပြီးဖြတ်သိမ်းခဲ့ပါတယ်။

ဒါပေမည့်ဥက္ကဌကြီး သူတို့ ဆီမှာရှိတုံ့း ကာလ အင်အားစုထားပြင်ဆင်ထားလို့ အင်အားတောင့် ပြီးအဆင်သင့်ဖြစ်နေတဲ့ဗမာတွေဟာ ဗမာတွေကိုယုံပြီး ပေါ့ လျော့စွာနေခဲ့သော ကရင်တွေကို တစ်ဆင့်ပြီးတစ်ဆင့်တိုက်ထုတ်ခဲ့ပါတယ်။ အဲဒီမှာ ဗမာတွေဆီက တို့ ရသင့်တဲ့အခွင့်အရေးနှင့်တို့တိုင်းပြည်ကို ငြိမ်းချမ်းစွာ တောင်းယူလို့ ငြိမ်းချမ်းသည့်နည်းနှင့်ယူလို့ မရတော့ဘူးလို့သဘောပေါက် နားလည်သွားတဲ့ ဥက္ကဌ ကြီး စောဘဦးကြီးဟာ သူ့ ရဲ့စကားကြီးလေးချက်ကိုချထားပေး
ခဲ့ပါတယ်..

1.FOR US SURRENDER IS OUT OF THE QUESTION
2.WE SHALL RETAIN OUR ARMS
3.THE RECOGNITION OF THE KAREN STATE MUST BE COMPLETED
4.WE SHALL DECIDED OUR OWN POLITICAL DESTINY

ထို့ နောက် ဗမာတွေကိုပြန်လည်တိုက်ခိုက်ဘို့ အတွက်ပြင်ဆင်ရန် အထွက် ထိုကော့ကိုးမှာ ကရင် သစ္စာဖောက် တွေရဲ့အကူအညီနဲ့ ဗမာတွေဟာ ဥက္ကဌ ကြီး နှင့်အဖွဲ့ ကိုပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒဏ်ရာအပြင်းအထန်ရပြီးလမ်းမလျှောက်နိုင်တဲ့ဥက္ကဌကြီး ကိုဗမာတွေက ဖမ်းဆီးထုရိုက်ပြီး ဒရွတ်တိုက်လွဲခေါ်ခဲ့ပါတယ်။ ဥက္ကဌကြီးဟာရင်ပူပြီးရေဆာနေခဲ့ပေမဲ့ ဗမာပေးတဲ့ရေကို လုံးဝမသောက်ဘဲငြင်းဆန်ရင်းအသက်ထွက်ခဲ့ပါတယ်။ ထို့ နောက် သူတို့ ဟာဥက္ကဌကြီးကို မြို့ သယ်သွားပြီး ကော့ကရိတ်ဂါတ်အရှေ့ မှာထား ထားရာတွင် ဗမာတွေ က လာရောက်ကြည့် ရှု ကာ တံတွေးနှင့်ထွေး ခြေထောက်နှင့်ကန်ခဲ့ကြပါသည်။ ပြီးနောက် ဥက္ကဌကြီးရဲ့ အလောင်းကို ကျိုက်ခမီသို့ သယ်ဆောင်သွားပြီး မင်းတို့ လိုချင်တဲ့ ကရင်ပြည်မပြောနဲ့ မင်းကိုမြုပ်ဖို့ မြေတစ်ကွက်တောင်မပေးနိုင်ဘူးဆိုပြီး အလောင်းကို မြစ်ထဲပစ်ချခဲ့ပါတယ်။ ထိုစဉ်ကဥကဠကြီးရဲ့အလောင်းကိုဗမာ့ခေတ်သတင်းစာမှာ အကျယ်တစ်ဝင့်ဖော်ပြခဲ့ပါတယ်။

ဥက္ကဌကြီးဘဦးကြီးဆုံးသွားပြီး နောက်ပိုင်းမှာလည်း ကရင်ခေါင်းဆောင်တွေဟာ ဗမာအစိုးရအဆက်ဆက်နှက့် အပစ်အခတ်ရပ်စဲရေးနှင့်ြုငိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်သွားရောက်တွေ့ ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဗမာအစိုးရ အဆက်ဆက်က မရိုးးသားဘဲ အရင်လူတွေနည်းတူ ကရင်တွေကိုလိမ်လည်လှည့်စားခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ ဒီ နေရာမှာစဉ်းစားစရာက အခုတစ်ကြိမ် ကေအန်ယူနှင့် ဗမာအစိုးရ ပြုလုပ်တဲ့ အပစ်ရပ်နှင့်ြုငိမ်းချမ်းရေးဟာတစ်ကယ်ဖြစ်မှာလား ဖြစ်ခဲ့ရင်တောင် တစ်ကယ်စစ်မှန်တဲု့ငြိမ်းချမ်းရေးလားဆိုတာပါ၊ ဗမာတွေကကရင်တွေအပေါ်တစ်ကယ် အရင်လို မလိမ်ညာဘဲ ကရင်တွေအပေါ့် မှာရိုးသားမှာလား၊ စစ်မှန်သော.အပစ်အခတ်ရပ်စဲရေးဆိုရာတွင်ပထမ တစ်ဘက်နှင့်တစ်ဘက်ယုံကြည်မှုတည်ဆောက်ရပါမည်။

ယုံကြည်မှု
တည်ဆောက်မှုတည်ဆောက်မှုဆိုရာတွင်လည်း ကရင်ဒေသထဲတွင်တပ်စွဲထားသော ဗမာအစိုးရ၏စစ်တပ်များကို ပြန်လည်နေရာချထားရေး( ရုပ်သိမ်းရေး) ကစရမှာဖြစ်ပါသည်။ သို့ မှမဟုတ် ပါးစပ်က အပစ်ရပ်ရေး..ငြိမ်းချမ်းရေးကို ပြောနေပေမည့် အစားအသောက်၊ စစ်လက်နက်ရိပ်ခါတွေ ကိုလိုတာထက်ပိုပို့ ၊ စခန်းတွေတိုးချဲ့ ၊ အခိုင်အမာတည်ဆောက် စစ်အတွက်အသုံးပြုမည့် လမ်းကြောင်းတွေကို ဆောက် ပြီး အဆင့်ကျော်ကာ စီးပွားရေးကုမ်ပဏီတွေ company၊ စစ်ထောက်လှန်းရေးတွေ ..လောင်းကစားတွေကို ကရင်ပြည်နယ်ထဲသယ်ဆောင်လာမည်ဆိုရင်တော့ လုံးဝယုံကြည်လို့ မရသော မရိုးသားသည့်အပြုအမူတွေပါ။
ဦးအောင်မင်း နှင့် ဦးသိန်းစိန် ကိုယ်တိုင်က သတင်းထောက်တွေကို တ့ရားဝင်ဖြေကြားခဲ့ပါတယ်။ ( တိုင်းရင်းသားတွေဟာ စားရမဲ့သောက်ရမဲ့ အလုပ်မရှိ အကိုက်မရှိလို့ လက်နက်ကိုင်တာပါတဲ့။ စက်ရုံတွေ company တွေဆောက်ပြီးအလုပ်ပေးလိုက်ရင် သူ့ အလို လိုလက်နက်စွန့် သွားမှာပါတဲ့၊ ကရင်က အင်အားအကြီးဆုံးဆိုတော့ ကရင်လက်နက်စွန့် ရင် ကျန်တဲ့အဖွဲ့တွေ အလို လို လက်နက်စွန့် သွားမှာပါတဲ့၊ လုံးဝ ကို စိတ်မကောင်းစရာကောင်းတဲ့ တရားဝင်ကြီး ပျော့ ပျာ့လေးနဲ့ အသည်းထဲထိဝင်အောင် စော်ကားလိုက်တာပါဘဲ။

ထားပါတော့လေ..ကျနော် ပြောချင်တာက သမိုင်းနှင့် ဒဏ်ရာဟောင်းကို လုံးဝမမေ့ပါနှင့် အရင်လိုသမိုင်းဆိုးတွေနှင့်ဒဏ်ရာအသစ်တစ်ခုဆက်ပြီးမရစေ
ချင်သော ဆန္ဒ ရယ်ပါ။ တစ်ကယ်ဖြစ်လာရင် အခက်အခဲ နှင့် ရင်ဆိုင်ပြီးဒုက်ခရောက်ရသူ နပန်းလုံးရသူဟာ မျိုးချစ်စိတ်ဓာတ်ရှိပြီး တစ်ကယ်တော်လှန်ရေးလုပ်တဲ့ရဲဘော်များနှင့် ကရင်ပြည်သူလူထုရယ်ပါ...

ကရင်တော်လှန်ရေးရဲဘော်များအားလုံးကိုလေးစားလျှက်

ကညောကော်
08/01/2013

တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ

   ဟိုးအဝေးမှာ
   ကြယ်စင်တွေ..သူတို့စွမ်းသလောက်
   မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ
   ကျွန်တော်ရော...မေမေ့အတွက်
   ဘယ်လို သစ္စာတရားတွေနဲ့
   ဘယ်လို မေတ္တာတရားတွေနဲ့
   လင်း ” ပြခဲ့ပြီးပြီလဲဟင် ...

   မေမေ
   ကျွန်တော်တို့အရပ်မှာ
   နေတွေမပွင့်ဘူး .. လတွေမသာဘူး
   အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့
  ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ
   ဂါရ၀တရား နဲ့ ရိုသေမှုဟာ
   လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့
   မေမေသင်ကြားခဲ့သမျှ
  ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့
   ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ

   မေမေ
  အဲဒီကောင်းကင်ကြီးအောက်
  ကျွန်တော်တို့ မိုးရေတွေ အတူသောက်ခဲ့ကြဖူးတယ်
  တနယ်တခြားမှာ
  သူတို့ဟာ ဘာကြောင့်များ “ စိမ်း ” သွားကြတာလဲဟင်
  ကျွန်တော်တို့ဟာ မြန်မာတွေပါမေမေ
  ရွှေတိဂုံဘုရားကြီးရှိတယ်
  ဇွဲကပင်တောင်ရှိတယ်
  ဧရာဝတီမြစ်ကြီးရှိတယ်
  ပုဂံ ရှိတယ်
  ဂူဂဲလ်လောက်တော့ပွင့်နိုင်တဲ့ အင်တာနက်လိုင်းကြီးတွေရှိတယ်
  တခါတခါ ပိုက်ဆံများရှိလို့ကတော့
  လူပေါ်လူကျော်လည်း လုပ်နိုင်သေးတယ်မေမေ

  မေမေ
  မဝေးတော့တဲ့တစ်နေ့မှာပေါ့
  ကျွန်တော်တို့ မျှော်လင့်ခြင်းတွေကိုယ်စီထုပ်ပိုး
  မနိုးသော အိပ်မက်များ ကိုယ်စီနဲ့
  မေမေ့အိမ်ကလေးကို ပြန်လာခဲ့မှာပါ
  နှင်းဆီရနံ့တွေလွှမ်းနေတဲ့
  မေမေ့ ပန်းခင်းလေးထဲ
  ကျွန်တော့်ကို မျှော်နေမလားမေမေ
  မေမေ့ ရင်ခွင်တံခါးကိုခေါက်
  ကျွန်တော် သားချော့တေးတွေ ပြန်ကြားယောင်မိတယ်
  လူကလေးရယ်..အိပ်ချိန်တန်..ဗျိုင်းရှေ့ကပျံ
  ကျွန်တော့်မျက်ဝန်းတွေထဲ
  အခါမလပ် အုံ့ဆိုင်း ရစ်သိုင်းနေဆဲပါ မေမေရယ်

  မေမေ
  ဒီမြေဒီရေဟာ ကျွန်တော့်အတွက်တော့
  တမာခါးတွေစိုက်ပျိုးထားတဲ့ ပူပြင်းစူးရှ
  ကန္တာရသက်သက်ရယ်ပါ မေမေ
  တခမ်းတနား အဆောက်အအုံတွေနဲ့
  မီးရထားဖြူဖြူကြီးတွေနဲ့
  သူတို့ဟာ စက်ရုပ်တွေများလားမေမေ
  အချိန်တန်အိပ် အချိန်တန်စား
  ဘ၀ဟာ နေခြင်းလား... သေခြင်းလား
  ဘယ်လို အသိတရားမျိုးတွေနဲ့
  ကျွန်တော်ဆက်နေထိုင်ရမလဲ မေမေ

  မေမေ
  နံနက်ခင်းနိုးထခါစ မေမေ့လက်ရာထမင်းကြော်နဲ့
  ပဲပြုတ်ဆီဆမ်းကို ကျွန်တော်တအားလွမ်းတယ်မေမေ
  ကျွန်တော့်ကို ဆူပါဦးမေမေ
  ကျွန်တော့်ကို ရိုက်ပါဦးမေမေ
  တခမ်းတနား အဆောင်အယောင်တွေကို
  ကျွန်တော်မုန်းတီးနေခဲ့တာကြာပါပြီ
  ဘ၀က လှိုင်းထန်လည်းပဲ
  မေမေ့ ၀ဲဂရက်ထဲပဲ ကျွန်တော်လွန့်လူးပျော်မွှေ့ချင်တယ်
  မေမေ့ လှေငယ်လေးပဲ ကျွန်တော် လှော်ခတ်ချင်တယ်
  အို... မေမေရယ်
  မဝေးတော့တဲ့ တစ်ရက်မှာပေါ့
  ကျွန်တော် အရောက်ပြန်ခဲ့မှာပါ
  ခွင့်လွှတ်ခြင်းတရားတွေ နဲ့ မေမေ့ ရင်ခွင်နွေးနွေးကြား
  ကျွန်တော် အိပ်စက်ခိုလှုံပါရစေဦးနော်

(အဝေးရောက် “ သား ” များ ကိုယ်စား ခံစားရေးဖွဲ့ပါတယ် )

1:07 AM

ဖတ်ကြည့်စေချင်သည်

Posted by saw chit thi ha

(1) The most selfish one-letter world is ' I ' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်း အဆန်ဆုံးစကားလုံးကတော့ “ငါ” ပါ။
အဲဒါကို ရှောင်ကျဉ်ပါ တဲ့။




(2) The most satisfying two-letter world is ' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ “ငါတို့” ပါ။
အဲဒါကို အသုံးပြုပါ တဲ့။





(3) The most poisonous three-letter world is ' Ego ' . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။
အဲဒါကို သတ်ပစ်ပါ။





(4) The most used four-letter world is ' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´ ပါ။
အဲဒါကို တန်ဖိုးထားပါ။





(5) The most pleasing five-letter world is ' Smile ' Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံး စကားလုံးကတော့ `အပြုံး´ ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။




(6) The fastest spreading six-letter world is ' Rumor ' . Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့ `ကောလဟာလ´ ပါ။
အဲဒါကို လျစ်လျှူရှုပါ တဲ့။





(7) The hardest working seven-letter world is ' Success ' . Achieve it.
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ `အောင်မြင်မှု´ ပါ။
အဲဒါကို အရယူပါ တဲ့။




(8) The most troublesome eight-letter world is ' Jealousy ' . Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့ `မနာလိုဝန်တိုမှု´ ပါ။
အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။




(9) The most powerful nine-letter world is ' Knowledge ' . Acquire it.
အက္ခရာကိုးလုံးနဲ့ တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့ `အသိပညာဗဟုသုတ´ ပါ။
အဲဒါကို ကြိုးစားရယူပါ တဲ့။





(10) The most essential ten-letter world is ' Confidence ' . Build it.
အက္ခရာဆယ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့ `ယုံကြည်မှု´ ပါ။

1:06 AM

ဗေဒင်လက္ခဏာ

Posted by saw chit thi ha


လက်ဖ၀ါးပေါ်က - ကျွန်း

(၁၅)နေရာ-သြဇာမရှိဘူး။
(၁၆)နေရာ- အသက်ကြီးမှ အလုပ်အကိုင်မရှိ၊ဒုက္ခတွေ့တတ်။
(၁၇)နေရာ-ကျောင်းကြို ကျောင်းကြား ဇရပ်ကြို ဇရပ်ကြားမှာ ဘ၀ဆုံး။
(၁၈)နေရာ-အလုပ် ခဏ ခဏပြောင်း၍ ဒုက္ခရောက်။ မှိုင်တွေ နေတတ်တယ်။
(၁၉)နေရာ- ဟန်ရေးပြပြီး ထွက်ပြေးတတ်တယ်။
(၂၁)နေရာ- အလွန်အမင်း အားငယ်တတ်တယ်။
(၂၂)နေရာ- အပျို ဖြစ်စမှာပင် အပျိုရည်ပျက်။ ပန်းကောင်း အညွန့်ကြိုး။
(၂၃)နေရာ- ညာဏ်ထိုင်းတယ်။ သတိမေ့တတ်တယ်။

လက်ဖ၀ါးပေါ်က - ဇကာကွက်

(၁၅)နေရာ-တစ်ကိုယ်ကောင်းဆန်တယ်။ လောဘကြီးတယ်။ နာမည် ပျက်တတ်တယ်။
(၁၆)နေရာ- ကံဆိုး မိုးမောင် အိုကြီး အိုမရောက်မှ ထောင်ကျ။
(၁၇)နေရာ-ပေါက်ပေါက် ရှာရှာပြော၊ ပုံကြီး ချဲပြောတတ်တယ်။
(၁၈)နေရာ-သီလ သမာဓိ မရှိဘူး။ ခိုး ၀ှက်တတ်တယ်။
(၁၉)နေရာ- အလွန် ကြောက်တတ်တယ်။
(၂၁)နေရာ- အကုသိုလ် အလုပ်မှာ အကျိုးပေးတယ်။ ညာဏ်ကောင်း ၊ လူသတ်သမား ၊ သွေးကြောပြတ်သေ။
(၂၂)နေရာ- သားပျို သမီးပျိုကို ဖျက်စီးတတ်သူ ၊ ဒု သ န သော
(၂၃)နေရာ- စိတ် မငြိမ် ၊ ဆီးချို ၊ ဗိုက်ရောဂါ ရ၊ အလို မပြည့်။

လက်ဖ၀ါးပေါ်က - တြိဂံ

(၁၅)နေရာ-အကြီးအကဲ ဖြစ်မယ်။ ခေါင်းဆောင် ဖြစ်မယ်။
(၁၆)နေရာ- တရားထူးရမယ်။ လောကီပညာနှင့် ၀ါသနာပါသူ ၊ မှော်မျက်လှည့် ၀ါသနာပါသူ။
(၁၇)နေရာ-မုချ စီပွားရေး၌ အထူး အောင်မြင်မည်။
(၁၈)နေရာ-စိတ်တန်ခိုးရှင် - သူတစ်ပါးကို အမိန့်ပေးနိုင်သူ။
(၁၉)နေရာ- အပြိုင်အဆိုင်တွေမှာ အောင်မြင်မယ်။ မျက်စိ လျှင်တယ်။
(၂၁)နေရာ- ဖြတ်ထိုးညာဏ်ကောင်းတယ်။ ခံနိုင်ရည် အတော် ရှိတယ်။
(၂၂)နေရာ- အချစ်၏ ဒဏ်ချက် အပြုံး မပျက် ခံရသူပါ။
(၂၃)နေရာ- ညာဏ်ကြီးရှင်- မာစတာ ဘရိန်း။

လက်ဖ၀ါးပေါ်က - ကြယ်

(၁၅)နေရာ- ကိုယ်စိတ်နှစ်ပါး ချမ်းသာရ။ အဆင့်မြင့်စွာနေရ။
(၁၆)နေရာ- ရာထူးကြီးပြီး အသေဆိုးနှင့်သေ။ လေဖြတ်၊ သားသမီးမြုံ။
(၁၇)နေရာ-လူအများ၏ လေးစား ကြည်ညိုခံရတယ်။ သန်းကြွယ်သူဋ္ဌေး။ ထီပေါက်။
(၁၈)နေရာ- ကုန်သည်။ လူလိမ်၊ ပေါက်ကွဲသေဆုံး ၊ သူခိုး
(၁၉)နေရာ- လူစွန့်စား ၊ ဥပစ္စေဒကကံ။
(၂၁)နေရာ- မနာလိုစိတ်ကြီးမား ၊ သတ္တိရှိက ချမ်းသာ။
(၂၂)နေရာ- မျက်နှာပွင့် ၊ စန်းပွင့်။
(၂၃)နေရာ- အနုပညာ ထွန်းပေါက် ၊ ဦးနှောက် ထိခိုက်။

လက်ဖ၀ါးပေါ်က မှဲသင်္ကေတများ

(၁၅)နေရာ- စီးပွားပျက်- နာမည်ပျက်တတ်တယ်။
(၁၆)နေရာ- သူတစ်ပါး နှောက်ယှက် ဖျက်ဆီး ခံရတယ်။
(၁၇)နေရာ- စီပွားပျက်-ဂုဏ်ပျက်တတ်တယ်။
(၁၈)နေရာ- အပေါင်းအသင်း မရှိ။
(၁၉)နေရာ- ထိခိုက် ဒဏ်ရာရတတ်တယ်။
(၂၁)နေရာ- ဘာပဲ ပြိုင်ပြိုင် ရှုံးတတ်တယ်။
(၂၂)နေရာ- အချစ်ဝေဒနာ ကာလသား ရောဂါ ဖြစ်မယ်။
(၂၃)နေရာ- စုန်းပူးသလိုလို နတ်ပူးသလိုလို ရူးကြောင်ကြောင် ဖြစ်မယ်။

အချစ်ရေးနှင့် လက္ခဏာ

ဒီလို လက္ခဏာ လမ်းကြောင်းမျိုးက တော်တော်လေး ရှားပါတယ်။ ရှိတော့ ရှိတယ်။ ရှားတယ်။ နှလုံး လမ်းကြောင်းမှာ စက်ဝိုင်းပုံလေး ခံနေတဲ့ လမ်းကြောင်းပါ။ အဲဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ လူသား စင်စစ် မဟုတ်တဲ့ ၀ိဥာဉ်လောကနဲ့ ဆက်နွယ်ပြီး ချစ်ကြိုး သွယ်တတ်ပါတယ်။ ဥစ္စာစောင့်မလေးတွေ ၊ ဥစ္စာစောင် အမျိုးသားတွေနဲ့ ချစ်သူဖြစ်ရတတ်တဲ့ လက္ခဏာပိုင်ရှင်ပါ။ (ဒီအကြောင်းကို နောက်မှ ဂမ္ဘီရ ဆန်းကျယ် ၀တ္ထု ရေးပါဦးမယ်)
နှလုံးလမ်းကြောင်း တစ်လျှောက်မှာ ကျွန်းတွေအများကြီး ပါနေရင်တော့ အချစ်ရေး ကိစ္စတွေမှာ မလေးနက်ဘူး၊ အလေးမထားဘူး။ ကိုယ့်ရဲ့ ချစ်သူအပေါ် ပေါ့ပေါ့တန်တန် သဘောမျိုး ထားတတ်ပါတယ်။ များသောအားဖြင့် ဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ ချစ်သူ များတတ်ပါတယ်။ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် မရှိတတ်ဘူး။ အဆင်ပြေတဲ့ လူနဲ့ ချစ်သူ ဖြစ်လိုက်ကြ တာပါပဲ။
နှလုံး လမ်းကြောင်း နှစ်ထပ် ပါနေရင်တော့ အချစ် ကြီးသလို အမျက်လည်း ကြီးတတ် ပါတယ်။ ပြီးတော့ အချစ်ရေးကို ဦးစားပေးလွန်းတယ်။ အချစ်ရေးကို ရှေ့တန်းတင်လွန်းပါတယ်။ အချစ်သည်သာ ပဓာန ဆိုတဲ့ လူမျိုးတွေပေါ့။ သူတို့ဟာ အချစ်ကို ဦးစား ပေးသလို ချစ်သူ ကိုလည်း အလွန်အမင်း သ၀န်ကြောင် တတ်ပါတယ်။
တနင်္ဂနွေ ဂြိုဟ်ခုံ အောက်တည့်တည့် နှလုံး လမ်းကြောင်း ပေါ်မှာ အပြတ်တစ်ခု ရှိနေရင်တော့ အချစ်ရေးမှာ တစ်ဖက်စောင်းနင်း နိုင်တတ်ပါတယ်။ မိမိရဲ့ အချစ် သည်သာ တန်ဖိုးရှိတယ်။ မြင့်မြတ်တယ် ၊ မိမိသည်သာ ချစ်သူ အပေါ်ကို အရမ်း ချစ်မြတ်နိုး နိုင်တယ် ။ မိမိ အချစ် သည်သာ ဖြူစင်တယ်လို့ မိမိကို မိမိ ခံယူ နေသူရဲ့ လက်ဝါး ပြင်နှလုံး လမ်းကြောင်းမှာ ပါတတ်ပါတယ်။ ပြီးတော့ သူတို့ဟာ ချစ်သူ အပေါ်မှာ အင်မတန် လွှမ်းမိုး အနိုင်ယူချင် သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူဟာ သူတို့ကို အမြဲတမ်း ဦးစား ပေးနိုင်မှ သဘော ကျပါတယ်။
ဆရာများထံမှ.......တဆင့်ပြန်ဖော်ပေးလိုက်ပါသည်။


 
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလုပ်နေပါတယ် ဒီလိုလုပ်နေပါတယ် ဆိုတဲ့ ပို့စ်တွေ တွေ့ရလို့ ဒီစတေးတပ်စ် ကို ရေးလိုက်တာပါ။

အခုပုံကတော့ တိဘက်က ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံပါ။ မြတ်ဗုဒ္ဓရဲ့ပုံတော် အစစ်မဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရပါဘူး။ ပုံကတော့ သူတို့ရဲ့ ယောဂကျင့်စဉ်တွေထဲက ကာမဂုဏ်ခံစားတဲ့ ကျင့်စဉ်တစ်ခုကို ပုံဖော်ထားတဲ့ ကာမမုဒြာ ပုံပါ။

တိဘက်ထုံးစံ အရ ဇနီးမောင်နှံ နှစ်ဦးစလုံး အတွက် အသုံးဝင်တဲ့ ကျင့်စဉ်လို့ ဆိုပါတယ်။ အမျိုးသား နဲ့အမျိုးသမီး ပူးတွဲလေ့ကျင့်လို့ ရသလို တစ်ဦးထဲလည်း လေ့ကျင့်လို့ရပါတယ်တဲ့။

ဝဇီရာယန ဆိုတာ လက်ရှိ ဒလိုင်းလားမား ယုံကြည်လက်ခံ ကျင့်သုံးနေတဲ့ ဝါဒလည်းဖြစ်ပါတယ်။ သူကိုယ်တိုင် တန်ထရာယောဂကို ကျင့်ကြံလား ဆိုတာတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့် မယ်။ မြန်မာပြည်မှာ အသံထွက်လာတဲ့ ကာမကို အလှူခံလို့ရတယ် ဆိုတဲ့ ဝါဒနဲ့တော့ မသက်ဆိုင်ဘူး ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ ထေရဝါဒနဲ့ မဟာယန မတူသလို ထေရဝါဒနဲ့ ဝဇီရာယန ဟာလည်း လားလားမှ မဆိုင်ပါဘူး။ တင်တဲ့သူတွေကတော့ ဘာရည်ရွယ်ချက်နဲ့ တင်ကြလည်းမသိပါ။ ဒီကျင့်စဉ်တွေဟာ မနေ့ တနေ့ကမှ ပေါ်လာတာမဟုတ်ဘဲ နှစ်ပေါင်းရာပေါင်း များစွာကတည်းက တစ်ခြားအယူဝါဒ ကျင့်စဉ်တွေ နဲ့ ရောပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ကျင့်သုံးတဲ့ ထေရဝါဒ (မဟာယနတွေအခေါ် ဟိနယန ) ပိဋကတ်တော်တွေ ကို ရှေးမူအတိုင်း မပျောက်မပျက် စင်ကြယ် အောင် သံဃာယနာ ၆ ကြိမ်တိုင်တင်ခဲ့ရတာ ဝိနယတော်တွေ ကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ ကြရတာ ဖြစ်ပါတယ်။

ဝဇီရာယနနဲ့ တန်ထရာယောဂ အကြောင်း အသေးစိတ်သိလို သူများ အောက်ပါလင့်ခ်များမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။ 





ဘုရားရှင်၏ ဂုဏ်တော်(၉)ပါး
==================
(၁) အရဟံ-ကိလေသာကင်း၍
ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓေါ-
သစ္စာလေးပါးတရားကို ဆရာမရှိ
ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-
အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(၄) သုဂတော-
ကောင်းသောစကားကိုသာ
ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။

(၅) လောက၀ိဒူ-
လောကသုံးပါးကို အကုန်အစင်
သိမြင်တော်မူသော မြတ်စွာဘုရား။

(၆) အနုတ္တရောပုရိသဒမ္မသာရထိ-
ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင်
ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

(၇) သတ္ထာဒေ၀မနုဿာနံ-
လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏
ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

(၈) ဗုဒ္ဓေါ-
သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊
သူတပါးတို့ကိုလည်း သိအောင်
ဟောပြတော်မူသော မြတ်စွာဘုရား။

(၉) ဘဂ၀ါ-
ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား-

ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ဦးခိုက်ပူဇော်ရန်

Credit ►အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ

Ref: www.facebook.com

Related Posts Plugin for WordPress, Blogger...

Back to the Top