ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

4:18 AM

မင်းသိပါစေ

Posted by saw chit thi ha

ငါချစ်ခဲ့တာ အပေါ်ယံမဟုတ်ဘူး
ငါလွမ်းခဲ့တာ ဟန်ဆောင်မှုမဟုတ်ဘူး
ငါ့အကြင်နာတွေက အတုအယောင်မဟုတ်ဘူး
နင်ငါ့ကိုဘယ်လိုပဲ သဘောထားထား
ငါ့နောက်ကျောကို ဓါးနဲ့ထိုးသူဖြစ်ပါစေ
ငါ့ကိုဘယ်လိုပဲ ဟန်ဆောင်ငိုပြနေပါစေ
ငါ့ကိုဘယ်လိုပဲ ဖြားယောင်းလိမ်ညာနေပါစေ
ငါ့နှလုံးသားကို ကြွေမွှနေအောင် ဖျက်ဆီးနေပါစေ
ငါကတောနင့်ကို တကယ့်ရိုးတွင်းခြင်ဆီထိ
စစ်မှန်တဲ့ရင်တွင်းနှလုံးသားနဲ့
ချစ်ခဲ့တာပါ
နင်ခရုမစိုက်တောလဲ ငါ့အချစ်က နင့်ကိုပြုံးပြနေမှာပါ
ဒါပေမဲ့
ငါ့အချစ်က နင့်အပေါ်မှာ ဘယ်တောမှမပြောင်းလဲတဲ့
အဖြူစင်ဆုံး အရိုးသားဆုံးအချစ်နဲ့
ငါဖြည့်ဆည်းပေးဆပ်ခဲ့တာပါ
နေရာအသစ် အချစ်သစ်နဲ့နင်ပျော်နေမယ်ဆိုတာ
အစကထဲက ကြိုသိနေတဲ့ငါ
နင်ပြောင်းလဲသွားပေမဲ့ ငါကတော 
 မပြောင်းလဲတဲ့ချစ်ခြင်းနဲ့ချစ်နေမယ်ဆိုတာယုံပါ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top