Popular Posts
-
••••••••••••••••••••••••••• ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်...
-
အချစ်မှာရှုံးနိမ့်ခြင်းဟာ ချိုမြိန်ခြင်းတစ်ခုပဲတဲံ့ အဲဒီသီအိုရီကို လက်ကိုင်ထားပြီး ငါဟာလည်း အလွမ်းတွေနှင့် မိတ်ဆွေဖြစ်တာကြာပြီပေါ့ ကြာတော့လ...
-
လက်ဖ၀ါးပေါ်က - ကျွန်း (၁၅)နေရာ-သြဇာမရှိဘူး။ (၁၆)နေရာ- အသက်ကြီးမှ အလုပ်အကိုင်မရှိ၊ဒုက္ခတွေ့တတ်။ (၁၇)နေရာ-ကျောင်းကြို ကျောင်းကြား...
-
"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ" ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတေ...
-
-
အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် …….. အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက်...
-
ယနေ့လူငယ် နောင်လူကြီး ဟူသောစကားသည် လူတိုင်းပြောနေကျစကားဖြစ်သည်။ ပြောဆိုနေကျဖြစ်သော်လည်း လေးလေးနက်နက်တွေးမိသူကား အလွန်နည်းပေသည်။ လ...
-
-
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလု...
-
အားလုံးမင်္ဂလာပါနော်။ ယနေ့ (၅.၄.၂၀၁၂) ဟာဆိုရင် ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ကဆုန်လပြည့်အခါသမယဖြစ်သည်နဲ့ အားလျော်စွာ မင်္ဂလာရှိသောေ...
5:29 AM
Posted by
saw chit thi ha
ကျွန်တော်သိလာရတယ် -
တစ်စုံတစ်ယောက်က သင့်ကို ချစ်လာအောင်သင်လုပ်ယူလို့မရဘူး
သင်ကသာ တစ်စုံတစ်ယောက်အတွက်
အကောင်းဆုံးချစ်သူဖြစ်အောင် လုပ်နိုင်တယ် ။ ကျန်တာကတော့
ဘာကိုမှ မမျှော်လင့်ထားပါနဲ့ ။
ကျွန်တော်သိလာရတယ် -
ကျွန်တော်ဘာတွေကို ဘယ်လောက်ပဲဂရုစိုက်စိုက် -
လူတချို့က နောက်ကို ပြန်လှည့်ကြည့်ယုံကလေးတောင်
လှည့်မကြည့်ကြဘူး ။
ကျွန်တော်သိလာရတယ် -
ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့နှစ်ပေါင်းများစွာလိုတယ်ဆိုတာ
ဒါပေမယ့် အဲဒီယုံကြည်မှုကို ဖျက်ဆီးဖို့ကျတော့
စက္ကန့်ပိုင်းလောက်ပဲလိုအပ်တယ်ဆိုတာ ။
ကျွန်တော်သိလာရတယ် -
သူငယ်ချင်းတစ်ယောက်က သင့်ကို ဘယ်လောက်ပဲကောင်းနေပါစေ
သူတို့က သင့်ကို တစ်ကြိမ်တစ်ခါလောက်များ နာကျင်မှုရအောင်
လုပ်မိတယ်ဆိုရင် သင်ခွင့်လွှတ်နိုင်ဖို့ကြိုးစားရမယ် ။
မုန်းမေ့ဖို့ကြိုးစားလိုက်တယ်ဆိုရင်တော့ သူငယ်ချင်းတစ်ယောက်
ဆုံးရှုံးရလိမ့်မယ် ။
ကျွန်တော်သိလာရတယ် -
သင် ဘယ်ဘ၀ ကို ပိုင်ဆိုင်ထားတယ်ဆိုတာ အရေးမကြီးဘူး
သင်ပိုင်ဆိုင်တဲ့ဘ၀မှာ သင်ဟာ
ဘယ်လိုလူလဲဆိုတာပဲအရေးကြီးတယ် ။
ကျွန်တော်သိလာရတယ် -
အမှားတစ်ခုအတွက် သင်တောင်းပန်ဖို့ကို ဘယ်တော့မှ
ဆင်ခြေဆင်လက်တစ်ခုမသုံးမိစေနဲ့ ။ ရိုးသားစွာ
မှားယွင်းကြောင်းဝန်ခံဖို့သာလိုတယ် ။
ကျွန်တော်သိလာရတယ် -
ဘ၀မှာ အအောင်မြင်ဆုံးနဲ့ကောင်းမွန်ဆုံးဖြစ်နေတဲ့လူတွေနဲ့
သင့်ကိုယ်သင်ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့ ။ ဘ၀ ဆိုတာ
သူ့ပိုင်ဆိုင်မှုနဲ့ သူ့အရည်အသွေးနဲ့သူလာတာဖြစ်တယ် ။
ကျွန်တော်သိလာရတယ် -
သင်ဘ၀မှာ ဘာရယ်မဟုတ်ပဲပြုလုပ်လိုက်တဲအပြုအမှုလေးတစ်ခုက
သင့်ဘ၀တလျှောက်လုံး နှလုံးသားတွေနာကျင်မိစေအောင်ပြု
လုပ်မိစေတဲ့အရာလည်း ဖြစ်နိုင်တယ် ။
ကျွန်တော်သိလာရတယ် -
သင်ချစ်တဲ့သူတစ်ယောက်နဲ့ခွဲခွာရမယ့်အချိန်မှာ
ချစ်ဖို့ကောင်းတဲ့စကားလုံးတွေပဲရွေးချယ်သုံးသင့်တယ် ။
အဲဒါဟာ သင်နောက်ဆုံး
သူ့ကိုပေးလိုက်တဲ့အကောင်းဆုံးလက်ဆောင်ဖြစ်နိုင်တဲ့အတွက်ပဲ ။
ကျွန်တော်သိလာရတယ် -
သင်ဘာမှ မတတ်နိုင်တဲ့မလုပ်နိုင်တဲ့ လုပ်ခွင့်မရှိတဲ့အရာတွေကို
သင့်ဘ၀တလျှောက်လုံးဖက်တွယ်ထားရတတ်တယ် ။
ကျွန်တော်သိလာရတယ် -
သင်က Attitude ကို ထိမ်းချုပ်တယ် အဲဒီ Attitude ကပဲ
သင့်ကိုပြန်ထိမ်းချုပ်ထားတယ်
ကျွန်တော်သိလာရတယ် -
သင်လုပ်ခဲ့တဲ့အရာတွေအတွက် သင့်မှာ
တာဝန်ယူနိုင်မှုအပြည့်ရှိရမယ် ။ သင်ဘယ်လိုပဲခံစားနေရပါစေ ။
သက်တန့်ချို
0 comments:
Post a Comment