ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း - သရ၀ဏ် (ပြည်)
by hooligansgroup on Friday, November 16, 2012 at 2:08pm ·

အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စ

တန်တွင် အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ အာဖဂန်နိုင်ငံ ဟင်ဒုကတ်ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္ဓဘာသာသည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် ထည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။ သမိုင်းဆိုင်ရာ သက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရဏ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု)ကပင် ဗုဒ္ဓဘာသာ အခြေတည်ခဲ့ကြောင်း သုတေသီတို့က သုံးသပ်ကြသည်။ ထိုသို့ စောစီးစွာ အခြေတည်ခဲ့သော ဗုဒ္ဓသာသနာမှာ အေဒီ ၇ ရာစုတွင် စတင်မှေးမှိန်လာခဲ့ပြီး၊ အေဒီ ၁၁ ရာစုတွင် လုံးဝ ကွယ်ပျောက်ချုပ်ငြိမ်း သွားခဲ့လေသည်။ ဤဒေသမှာ တရုတ်တို့၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည်။ ဂရေဘိုဘတ်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာဘုရင်ကြီး လက်ထက်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာသည် အာဖဂန်နစ္စတန်တွင် ထွန်းကားခဲ့ပါသည်။

မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို့တောင်ဘက်)တွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ့ရှိခဲ့ပါသည်။ ဗုဒ္ဓသာသနိက အဆောက်အအုံများကိုလည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါသည်။ လော်ဂျာပြည်နယ်၌ ရှာဖွေတွေ့ရှိခဲ့သမျှ ပစ္စည်းများထဲတွင် ရှေးဟောင်းစေတီတော် နှစ်ဆူ၊ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ နံရံပန်းချီများ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ရှေးဟောင်းပုတီးများ ပါဝင်ပါသည်။

ဘက်တားရီးယန်း စာပေပညာရှင်နှင့် စစ်သည်တော် (မိလိဒန္ဒပဉ္စာ ကျမ်းအရ မိလိန္ဒမင်းကြီး) တစ်ဦးသည် အိန္ဒိယမှ ရောက်လာသော နာဂသေနဟု အမည်ရသော မထေရ်တစ်ပါးနှင့် တွေ့ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းရောက်ရှိခဲ့ကြောင်း သိရပါသည်။ မြတ်ဗုဒ္ဓ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင့် ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို့၏ ဇာတိမြို့ဖြစ်သော ဘာသ်မြို့တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံးတည်ထား ကိုးကွယ်သော စေတီတော်ကြီး သမိုင်းပါ ဇာတ်ကောင်များနှင့် နာမည်ဆင်တူနေသည်မှာ စဉ်းစားစရာဖြစ်ပေသည်။ (ဘာသာပြန်သူ၏ စကားချပ်)

ဘာမီယန်တောင်တန်းသည် လိုဏ်ဂူများပေါများလှသော တောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး ၎င်းတောင်များအတွင်းရှိ လိုဏ်ဂူများတွင် သီတင်းသုံးကြသော ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ဗုဒ္ဓနိပါတ်တော်များကို ကျောက်ဂူနံရံများတွင် နံရံပန်းချီများအဖြစ် ရေးချယ်ခဲ့ကြပါသည်။ ဘာမီယန်တောင်ကြားဒေသရှိ ကျောက်ဂူနံရံများတွင် ထွင်းထုထားသော ဗုဒ္ဒရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍ မရအောင် အလွန်ရှားပါး အဖိုးတန်လှပေသည်။ ထို ဗုဒ္ဓရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင့် အရွယ်အစားအကြီးဆုံးမှာ ဥာဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည်။ ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ့သော ၁၁ နှစ် (၂၀၀၁ ခုနှစ်)က တာလီဘန် သူပုန်များက ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှု မပြုရဟု အယူရှိသောကြောင့် တာလီဘန်တို့သည် ဗုဒ္ဓရုပ်ပွားတော်မြတ်များ တည်ရှိနေခြင်းကို သည်းမခံနိုင်ဘဲ ဖြစ်ခဲ့ပုံရသည်။



ထိုလုပ်ရပ်ကို တားဆီးရန် ထိုစဉ်က ပါကစ္စတန်နိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်က တာလီဘန်တို့သည် ကိုယ့်ကိုသာမက အစ္စလာမ်ဝါဒအတွက်ပါ အကျိုးမဲ့စေသော လုပ်ရပ်ကို လုပ်ခဲ့လေပြီဟု ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး တားဆီးနေသည့်ကြားမှ ၂၀၀၁ ခု မတ် ၁၁ ရက်၊ တနင်္ဂနွေနေ့တွင် ရုပ်ပွားတော်ကြီးနှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ့ဆင့်နောက်ဆင့် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်တို့မှ ကိုယ်စားလှယ်အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့ စေ့စပ်ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ့ မညီလို့ ဖယ်ရှားရတာပါဟု တာလီဘန်တို့က အကြောင်းပြခဲ့သည်။ UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ "အစ္စလာမ်နာမည်ကို ခုတုန်းလုပ်ပြီး ဘယ်သူ့ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ့ အလုပ်ကို သူတို့ လုပ်နေကြတယ်။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာ ဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ်"ဟု ပြောခဲ့သည်။

အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ့အမွေအနှစ်များ အာဖဂန်သမိုင်းတွင် ပြန်အဖတ်ဆယ်၍ မရအောင် ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင် သူတို့ နှမျောကောင်း နှမျောတသ နေပါလိမ့်မည်။ ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံများသည် ကုလသမဂ္ဂ၊ ယူနက်စကိုတို့နှင့် ပူးပေါင်း၍ ထိုစဉ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါမူ ထိုအဖြစ်ဆိုးမှ ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်ပါလိမ့်မည်။ တာလီဘန်တို့သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီးများကို သုံး၍ ၂၀၀၁ ခုနှစ်၊ မတ်လတွင် ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခဲ့ပါသည်။ ထိုဖျက်ဆီးခံရသော ဘာမီးယန်း ဗုဒ္ဓရုပ်ပွားတော်နှင့် တစ်ပုံစံထဲတူသော (ဥာဏ်တော်ပို၍မြင့်သော) ပုံစံတူ သြကာနရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခဲ့ကြပါသည်။

ရှေးအခါကလည်း အာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများရှိခဲ့ကြ ကိုးကွယ်ခဲ့ကြဖူးပါသည်။ သို့သော် ဘာသာတစ်ခုက အခြားဘာသာများကို လေးစားခဲ့ကြသည်။ ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster (အီရန်နိုင်ငံတွင် စတင်ခဲ့သော ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မတြ် တိုက်ခိုက်သုတ်သင်ရေးဝါဒ)၏ မူလဘူတ စတင်မွေးဖွားရာ နေရာဖြစ်နေသည်။ နောင်သောအခါ ဤ၀ါဒမှာ အီရန်သို့ ရောက်ရှိပျံ့ပွားသွားပြီး မကောင်းသူပါယ် ကောင်းသူကယ်ဝါဒ Zoroastrianism ဟု ထင်ရှားခဲ့သည်။ ဂရှေ့(စ်)ကို ဘက်ထရီယန်လက်ထက်တွင် ဗုဒ္ဓဘာသာနှင့် ဇောရိုးဝါဒမှာ ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ့ကြသည်။

တမန်တော်မိုဟာမက် ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ (အေဒီ ၆၀၀) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီးနောက် ဘက်တားရီးယားဒေသကို ဆက်လက်တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာထွန်းကားရာ ဘော်လ်ကာဒေသ (Balka)သို့ပါ ရောက်ရှိလာခဲ့သည်။ ၎င်းတို့ အုပ်စိုးပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များကို လူခွန် စတင်ကောက်ခံခဲ့သည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများသို့ သွားရောက်ဖူးမျှော် ပူဇော်ကန်တော့သူများကိုလည်း ဘုရားဖူးခွန်များ ကောက်ခံခဲ့သည်။ ကဘူးရှိ ဘုန်းတော်ကြီးကျောင်းများကို ၀င်ရောက်လုယက် ဖျက်ဆီးကြပြီး ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျဉ်းဖွယ် အနိုင်ကျင့်ခံရမှုသည် ဤမှာပင်စသည်။ ကဘူးတွင် ဗုဒ္ဓဘာသာသည် တဖြည်းဖြည်းအားနည်းလာပြီး နောက်ဆုံးတွင် အာဖဂန်နစ္စတန်မှ လုံးဝပျောက်ကွယ်သွားရတော့သည်။

အေဒီ ၇ ရာစုတွင် အာဖဂန်သို့ မူဆလင်များ စတင်ရောက်ရှိလာပြီး ၁၀ ရာစုသို့ ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလာမ်ဘာသာသို့ ရောက်ရှိခဲ့သည်။ ၁၁ ရာစုတွင်ကား ဗုဒ္ဓဘာသာ အာဖဂန်နစ္စတန်မှ လုံးဝချုပ်ငြိမ်း ထွက်ခွာခဲ့ရသည်။ (မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို့ ဗုဒ္ဓဘာသာ ရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္ဓဘာသာ ချုပ်ငြိမ်းချိန် ဖြစ်နေပေသည်။ စကားချပ်)

အာရပ်တို့ အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်လာဖို့ စစ်ရေးဖြင့် ကျူးကျော်ဝင်ရောက်လာသောအခါ အာဖဂန်ဒေသခံ တောင်ပေါ်သားတို့သည် ၎င်းတို့၏ ပိုက်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ့ကြပေသည်။ ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဇောရိုးဝါဒ၊ ဂျူးဘာသာများကို မိမိယုံကြည်ရာ ကိုးကွယ်ခဲ့ကြပေသည်။ အာရပ်များသည် ဒေသခံများကို အစ္စလာမ်ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ် ဘာသာပြောင်းစေရန် ကြံဆောင်မှုမှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ် အပြင်းအထန် ခုခံတော်လှန်မှုကြောင့် မအောင်မြင်ခဲ့ပေ။ အေဒီ ၈၇၀ တွင်မူ ယနေ့ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာတော်တော်များများကို ရာကွတ်ဘင်လာသီဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ့ပြီး၊ အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်။ အတင်းအကျပ် ဘာသာပြောင်းခံရသူများသည် အခွင့်သာသည်နှင့် သူပုန်ထကြွပြီး သူတို့၏ မူလဘာသာကို ပြန်လည်ဆည်းကပ်ကြသည်လည်း ရှိခဲ့သည်။ အေဒီ ၈ ရာစုနှင့် ၉ ရာစုကြား ကာလများတွင် ယနေ့ခေတ် အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများမှ ဒေသခံများမှာ ဆွန်နီအစ္စလာမ်ဘာသာသို့ သွတ်သွင်းခြင်း ခံကြရသည်။ အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်း ဆက်ဟူလတန် မိုဟာမက်သည် အိန္ဒိယနိုင်ငံကို ၁၇ ကြိမ်ခန့် ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနှင့် အာဖဂန်နစ္စတန်တွင် လူအစုလိုက်အပြုံလိုက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ပြောင်းလဲဝင်ရောက်စေခဲ့သည်။ တောင်ကုန်း တောင်တန်းများပေါ်တွင် နေထိုင်ကြသော ဒေသခံအာဖဂန်များကတော့ အစ္စလာမ်ဘာသာသို့ မ၀င်ဘဲ နေခဲ့ကြသည်။ ထိုဒေသတွင်တော့ အုပ်ချုပ်သူ ပြည်နယ်ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒူ၊ မူဆလင်၊ အာဖဂန် မိန်းမများစွာကိုယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင် လုပ်ခဲ့ကြသည်ဟု အေဒီ ၉၈၂ ရေးသားသော ဟူဒတ်အယ်အလမ် (Hudud-al-Alam)ဆိုသော စာအုပ်တွင် ဖော်ပြခဲ့သည်။

လုပ်သက် ၃၄ နှစ် ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှူးဖြစ်သူ အိုမာခန် မက်ဆိုဒီက အာဖဂန်၏ ခေတ်အဆက်ဆက်မှာ အလွန်လက်ရာမြောက်သော ဗုဒ္ဓရုပ်တုများကို သူတို့ လျှို့ဝှက် စုဆောင်းနိုင်ခဲ့သောကြောင့် အလွန်ဂုဏ်ယူကြောင်း၊ သူတို့သည် ဗုဒ္ဓရုပ်ပွားတော် အဆူ ၃၀၀ ခန့်ကို ပြတိုက်အနီး မြေအောက်ခန်းထဲတွင် လျှို့ဝှက်သိမ်းဆည်းထားပြီး ပြတိုက်ဝန်ထမ်းများက ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောကြားခဲ့သည်။ ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီး ဖျက်ဆီးခံရမှုကို သူတို့ အလွန်စိတ်မကောင်းဖြစ်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏ သမိုင်းကြောင်းဖြစ်နေသောကြောင့်ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။

ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင်မတည်ထားခင်ကအထိ ဗုဒ္ဓဘာသာ ပေါ်ထွန်းစကာလများတွင် မည်သူမျှ ဗုဒ္ဓရုပ်တု၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခဲ့ကြပါ။ ကနဦးတွင် လူ့ပုံသဏ္ဍာန်ကို ရှောင်ရှားပြီး အခြားသင်္ကေတများကိုသုံး၍ ကိုးကွယ်ပူဇော်ခဲ့ကြသည်။ လူတို့သည် ရှေးဦးစွာ ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ)ကို ပုံတူပြု၍ ကိုးကွယ်ခဲ့ကြပါသည်။ ခြေတော်ရာပုံထဲတွင် မဟာယာန ဗုဒ္ဓဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင့် ဆင်တူသော အင်းများကို ထည့်သွင်းရေးဆွဲခဲ့ကြသည်။ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေတော်ရာတွင် သင်္ကေတများ ထည့်သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေတော်ရာသင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို့ အဓိပ္ပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာ သုတေသနလုပ်ခဲ့သည့် ဒေါက်တာ ၀ဲဓမ္မဆေလာက ပြောပါသည်။ ဗုဒ္ဓဘာသာ ရဟန်းတောင်တစ်ပါးရေးခဲ့သော၌လည်း ဗုဒ္ဓဘုရားရှင်သည သူ၏လက်ဝဲဘက်ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ (မက္ကာ)တွင် ချတော်မူသည်ဟု အထူးအလေးထား ဖော်ပြထားပါသည်။ ဤအချက်သည် မွတ်ဆလင်တို့က ကဘာဟုခေါ်သော မက္ကာရှိ ခြေရာတစ်ခုကို ရည်ညွှန်းပုံရသည်။ မွတ်ဆလင်၊ ခရာဇ်ယန်နှင့် ဂျူးဘာသာဝင်တို့ အလေးအမြတ်ထားကြသော အေဘရာဟမ်းဆိုသည့် ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကို တစ်ချိန်က ချထားခဲ့သည်ဆို၏။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည် ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ့ပြီး ကျောက်တုံးတစ်ခုနှင့် ဖုံးအုပ်ထားခဲ့ပြီး ခြေရာအမည်ကို ကဘာဟု အမည်ပေးခဲ့သည်ဟု ဆို၏။ ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ်ပြုပြင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာကို မြင့်မြတ်သောနေရာအဖြစ် သတ်မှတ်ပြီး မွတ်ဆလင်များက ၀တ်ပြု ပူဇော်ရန် ၀င်ခွင့်ပြုသည်။ ဗုဒ္ဓဘာသာဝင်များကတော့ ထိုနေရာသို့ မြတ်စွာဘုရားခြေတော်ရာ ဖူးမြော်ရန် ဘယ်တုန်းကမှ မသွားခဲ့ကြပါ။ သို့သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံးပြု ကိုးကားနေကြဆဲဖြစ်သည်။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါ အကြောင်းများကိုတော့ မည်သူမှ မှားသည်၊မှန်သည် မဆန်းစစ်နိုင်ခဲ့ပါ။ သင်္ဂါယနာတင်ရာတွင် ထည့်သွင်းမဖော်ပြခဲ့သော်လည်း မဟာဝံသကျမ်းများအလိုအရာ ဗုဒ္ဓဘုရားသခင်သည သီရိလင်္ကာ (သီဟိုဠ်ကျွန်း)သို့ သုံးကြိမ်ခန့် ကြွရောက်ခဲ့သည်ဟု မှတ်တမ်းတင်ထားပါသည်။ ဤကိစ္စသည် အသေးစိတ်ဆက်လက်လေ့လာ သုတေသနပြုသင့်သော ကွင်းဆက်တစ်ခု ဖြစ်ပါသည်။ အာဖဂန်နစ္စတန်ကဲ့သို့ပင် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့် ထေရ၀ါဒရဟန်းတော်များ သီတင်းသုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းပေါင်း များစွာကို တွေ့ခဲ့ရသည်ဟု ပြောပါသည်။ ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာမှာ အိန္ဒိယမှာရော၊ သီရိလင်္ကာမှာရော ရောထွေးနေပေသည်။ ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်း ဟိန္ဒူနတ်ရုပ်များ ရှိလေသည်။ ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့သော အာဖဂန်နစ္စတန်နှင့် ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။

ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီးဖြစ်သော သီရိဓမ္မာသောကမင်းကြီး၏ စကားကို ယူ၍သုံးရလျှင် "အကြင်သူသည် မိမိကိုးကွယ်ရာ ဘာသာကိုသာ ချီးမြှင့်မြှောက်စားလျက် အခြားဘာသာများကို ကဲ့ရဲ့မရှုတ်ချထိုက်၊ အခြားဘာသာ အယူဝါဒများကိုလည်း သူတို့ကိုးကွယ်ယုံကြည်မှုနှင့်အညီ လေးစားအသိအမှတ်ပြုရမည်။ ဤသို့ ပြုခြင်းဖြင့် ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင့် မတူသူများကို ပြစ်တင်ရှုတ်ချခြင်း မလုပ်ရာ၊ မိမိဘာသာအယူဝါဒကိုသာ ချီးမြှင့်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒကို ပိတ်ပင်နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ့်အယူဝါဒကိုပင် နိမ့်ကျပျက်စီးစေ၍ ရှောင်ကြဉ်ရပေမည်။

____________________________________
Reference and Credit to -သရ၀ဏ်(ပြည်)
Watch News Journal
ယခုသတင်းကို ၁၆.၁၁.၂၀၁၂ ညနေ၅နာရ၁၇မိနစ်တိတိတွင် NOM မှမျှဝေသည်။


တရုပ်ပြည်တနေရာမှာ အသဲကွဲတောင်ထိပ်လို့ခေါ်တဲ့ တောင်တန်းတစ်တောင်ရှိပါတယ်။ အဲ့ဒီတောင်တန်းရဲ့ ထူးခြားချက်ကတော့ တောင်တန်းကြီးဟာဆိုရင် တောင်ထိပ်ကနေ အောက်ခြေရောက်တဲ့ အထိ ဓါးနဲ့ခွဲထားသလို နှစ်ခြမ်းကွဲနေပါတယ်။


အဲဒီလို ပိုင်းခြားထားတဲ့ အပိုင်းနှစ်ပိုင်းဟာ တစ်ဖက်နဲ့ တစ်ဖက် (၁ဝ)မီတာလောက် ဝေးပါတယ်။ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးတန်တဲ့ စမ်းချောင်းက ဖြတ်သန်းစီးဆင်းနေပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြတဲ့နေရာလေးဖြစ်ပါတယ်။ 

 တောင်ဆိတ်များဟာ ရိုးရိုးတောင်ဆိတ်ထက် အကောင်အားဖြင့် ကြီးမာပြီး အထီးရော အမပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျိုပါ ရှိကြပါတယ်။အထူးခြားဆုံးကတော့ ခုန်တဲ့နေရာမှာ အင်မတန်တော်တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူတို့တွေဟာ (၆)မီတာထိအောင် ခုန်နိုင်ပါတယ်။ နောက်ပြီး သူခုန်လို့ ကျတဲ့နေရာမှာ ခြေစုံရပ်ဖို့ မလိုပဲ ခွာတစ်ချက်ချဖို့ ရတာနဲ့ မနားပဲ ဆက်တိုက်ခုန်နိုင်စွမ်းလညှ်းရှိပါတယ်။ ရှားပါးပြီး ဆေးဖက်ဝင်တဲ့ သတ္တဝါမျိုးဖြစ်တဲ့ အတွက်ကြောင့်လည်း မုဆိုးလိုက်တဲ့ သူများဟာ ခက်ခက်ခဲခဲရှာဖွေ ဖမ်းဆီရပါတယ်။ တောင်စောင်း တောင်ထိပ်များမှာသာ ကျက်စားလေ့ ရှိတဲ့ အတွက်ကြောင့်လည်း ဖမ်းဆီဖို့ကို မဆိုထားနဲ့ တွေ့ရဖိုတောင့် အင်မတန်မှ ခက်ခဲလှပါတယ်။ 

ကျွန်တော်ဟာ မုဆိုးတစ်ယောက်ပါ။ဒါကြောင့် ခုလိုရှားပါတဲ့ တောင်ဆိတ်ကို ပစ်ခတ်ဖမ်းဆီးနိုင်ဖို့ရန် အသဲကွဲတောင်ကြားကို သွားခဲ့ပါတယ်။ ခက်ခဲစွာနဲ့ တောင်ဆိတ်တွေရှိရာ အသဲကွဲတောင်ထိပ်ကို ရောက်အောင် တက်လာခဲ့ပါတယ်။ တောင်ထိပ် ရောက်တော့ တောင်စွန်းတစ်နေရာမှာ စုဝေးနေတဲ့ တောင်ဆိတ်တွေကို တွေ့ရပါတော့တယ်။ 

ကျွန်တော်တို့ အဖွဲ့ဟာ တောင်ဆိတ်တွေ ထွက်ပေါက်နေရာတွေ အားလုံကို ပိတ်ဆိုးထားလိုက်ပါတယ်။ ထွက်ပေါက်ဆိုလို့ ထက်ချမ်းကွဲနေတဲ့ တောင်တစ်ဖက်ကမ်း သာလျှင်ရှိပါတော့တယ်။ ဒီအချိန်မှာ တောင်ဆိတ် တွေဟာ သူတို့ အသက်အန္တရယ်ကို ကြောက်လှန် နေတာကြောင့် ပျာယာခက် နေပါတယ်။ သူတို့လွတ်မြောက်ဖို့ ဆိုတာ တစ်ဖက်ကမ်းခြားနေတဲ့ တောင်စောင်း တစ်ဖက်တည်း သာလျှင် ရှိပါတော့ တယ်။

ကျွန်တော်တို့ဟာ ပစ်ကွင်းထဲရောက်နေတဲ့ သားကောင်ကို စိတ်ကြိုက်ပစ်ခတ် ဖမ်းဆီးဖို့ရန် ပြင်ဆင် နေချိန်မှာပဲ အသက်အန္တရယ်ကိုကြောက်နေတဲ့ တောင်ဆိတ်တစ်ကောင်ဟာ မမျှော်ပဲ ကျွန်တော် တို့ရှိရာ ကို တစ်ရှိန်ထို့ ပြေးထွက်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ သူဟာ ကျွန်တော်တို့ရဲ့ သေနတ်အောက်မှာပဲ အသက်စတေးလိုက်ရပါတယ်။

 နောက်တစ်ကောင်က ကြောက်လန့်စွာနဲ့ပဲ တစ်ဖက်ကမ်းပါးကို ကြိုးစားပြီးခုန်ကူးပေမဲ့ လိုရာခရီးကိုမရောက်ပဲ တောင်ကြားကို ဖြတ်စီးဆင်းနေတဲ့ စမ်းချောင်းကို ကျရောက် သေဆုံးသွားရပါတော့တယ်။ကျွန်တော်တို့ဟာ သေနတ်ကို နောက်ထပ် အသုံးမပြု့မိအောင် ဂရုစိုက်နေရပါတော့ တယ်။ 

 သေနတ်သံကြောင့်လည်းတောင်ဆိတ်တွေဟာပိုပြီးပျာယာခတ်နေပါတော့တယ်။ကြောက်လှန့်စိတ်နဲ့တောင်တစ်ဖက်ကမ်းကိုသာ ခုန်ကူးမယ်ဆိုရင် စမ်း ချောင်းထဲ မျှေားပါပြီး ဆုံးရှုံးကုန်မှာကို ကျွန်တော်တို့ မလိုလာပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အဖွဲထဲမှ တစ်ဖွဲကို တောင်ခြေကို ပြန်ဆင်းခိုင်းပြီး စမ်းချောင်းတစ်နေရာမှာ စမ်းချောင်းထဲ သေဆုံးမျေားပါလာတဲ့ အကောင်တွေကို ဆည်ယူနိုင်ဖို့ စီစဉ်ကြပါတယ်။ သူတို့ အဆင်သင့်ဖြစ်ချိန်မှာ အချက်ပေးလိုက်ဖို့နဲ့ သူတို့ အချက်ပေးချိန်ကျမှ စတင်ပစ်ခတ်ကြဖို့ ဆုံးဖြတ်ကြပါတယ်။တောင်ခြေကို ပြန်ဆင်းသွားတဲ့ အဖွဲ့ရဲ့ အချက်ပေးသံကို စောင့်နေတဲ့ ကျွန်တော်တို့ အဖွဲ့ဟာ မမျှော်လင့်တဲ့ အဖြစ် တစ်ခုကို တွေလိုက် ရပါ တော့ တယ်။ 

ပျာယာခက်နေတဲ့ များစွာသော တောင်ဆိတ်တွေထဲမှာ တည်ငြိမ်စွာနဲ့ရပ်နေတဲ့ ထူးဆန်းတဲ့ တောင်ဆိတ်ကြီး တစ်ကောင်ကို တွေလိုက်ပါလို့ပါ။ ကျွန်တော်ဘေးနားမှာရှိနေတဲ့ အဖော်က "ဆရာ ဟိုမှာကြည့်ပါအုံး"..။ တစ်ခြားကောင်တွေနဲ့ မတူပဲ ဟိုတစ်ဖက်ကမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ လှမ်း ကြည့် နေတဲ့ တောင်ဆိတ်ကြီး တစ်ကောင်က ထူးခြားလှချည်လားလို့ ပြောတော့ ကျွန်တော်က ဒါဟာ တောင် ဆိတ် တွေရဲ့ ခေါင်းဆောင် ဖြစ်မှန်းသိလိုက်ပါပြီ။

မကြာခင်မှာပဲ အဲ့ဒီတောင်ဆိတ်က တစ်ချက်အော် လိုက် တယ် ဆိုရင်ပဲ ခုနက ယောက်ယက်ခက်နေတဲ့ တောင်ဆိတ်တွေဟာ ငြိမ်သက်သွားပါတော့တယ်။ တောင်ဆိတ် ခေါင်းဆောင်ကြီးဟာ တောင်ဆိတ်တွေရဲ့ အလယ်မှာ ဝင်ရပ်ပြီး နောက်ထပ် အသံတစ်ချက် ထပ်ပေး လိုက်ချိန် မှာတော့ သူတို့တစ်တွေဟာ အဖွဲ့ နှစ်ဖွဲ့ကွဲထွက်သွားတာကို ထူးဆန်းစွာတွေ့ လိုက်ရပါတော့တယ်။ 

ဒီထက်အံသြဖို့ ကောင်းတာက တစ်ဖက်က အဖွဲဟာ အသက်ကြီးတဲ့မျိုးဆက်ဟောင်း အုပ်စုနဲ့ တစ်ဖက် မှာတော့ အသက်ငယ်တဲ့ မျိုးဆက်သစ် အုပ်စု ဖြစ်နေတာကိုပါ။ နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ အသက်ငယ်တဲ့ အဖွဲ့ထဲက အကောင်နှစ်ကောင်ကို စိုက်ကြည့်လိုက်တော့ အဲ့ဒီမျိုးဆက်သစ်ဖြစ်တဲ့ အကောင်နှစ်ကောင်ဟာ မျိုးဆက်ဟောင်းဖြစ်တဲ့ အုပ်စုဆီ သွားရောက် ပူးပေါင်းလိုက်ပါတယ်။သေသေချာချာ ကြည့်လိုက်တော့ အဲ့ဒီနှစ်ကောင် တစ်ဖက်အုပ်စုကို ရောက် သွားတော့မှ တစ်ဖက်နဲ့ တစ်ဖက်ဟာ အကောင်အရည် အတွက် တူညီသွားတာကို တွေ့ရ ပါတယ်။ 

 နောက်တော့မှ အုပ်စုနှစ်စုဟာ တစ်ဖက်ကမ်းကို မျက်နှာမူလျှက် ခုန်ကူဖို့ အသင်ဖြစ်နေပါတော့တယ်။ ခေါင်ဆောင်ဆိတ်မှ အချက်ပေး အော်လိုက်သံစတယ် ဆိုရင်ပဲ မျိုးဆက်ဟောင်းဖက်မှ တစ်ကောင်နဲ့ မျိုး ဆက်သစ် ဖက်မှ တစ်ကောင်တွဲပြီး တရှိန်ထိုးအား စိုက်ခုန်ပါ တော့တယ်ဗျာ။ 

လျှင်မြန်တဲ့မျိုးဆက်သစ်က ခုန်ပြီးလို့ စက္ကန့်ပိုင်းမှ မျိုးဆက်ဟောင်ခုန်ပါတယ်။ ကျွန်တော်ထင်တာက တစ်ကောင်တည်း ခုန်မချရဲလို့ နှစ်ကောင်စီတွဲ ခုန်ဆင်းကြတယ်လို့ ထင်မိ ခဲ့တာပါ။ မြင်လိုက် ရတဲ့မြင်ကွင်းလေးကတော့ ပထမမျိုးဆက်သစ် အကောင်လေးခုန်လို့ အရှိန် ကုန်ပြီး ပြန်အကျမှာတော့ နောက်က ဆက်တိုက် ခုန်လိုက်လာတဲ့ မျိုးဆက်ဟောင်း ဆိတ်ကြီးက မျိုးဆက် သစ်ရဲ့ နောက်ခြေအစုံကို သူ့ရဲ့ဦးခေါင်းနဲ့ ခံပေးလိုက်တဲ့ ဖြစ်ရပ်ပါ။ 

 ဒီအချိန်မှာတော့ မျိုးဆက်သစ် ဆိတ်ငယ်လေးဟာ မျိုးဆက်ဟောင်းရဲ့ ဦးခေါင်းကိုခြေစုံကန် အားပြုပြီး ထပ်ခုန်လိုက်တော့ သူလိုရာ တစ်ဖက်ကမ်းဆို့တဲ့ နေရာသစ်လေးကိုရောက်လို့ သွားပါတော့တယ်ဗျာ။ မျိုးဆက်သစ် ဆိတ်လေးဟာ သူလိုရာ ခရီးရောက်သွားလို့ ဝမ်းသာတဲ့ အသံနဲ့ အောင်ပြီလို့ ဟစ်အော် လိုက်ချိန်မှာတော့ မျိုးဆက်ဟောင်းဖြစ်တဲ့ ဆိတ်ကြီး ကတော့ ကြမ်းတမ်းတဲ့ စမ်းချောင်းထဲကို ကျဆင်းလို့ သေပွဲဝင်သွားပါတော့တယ်။ 

 မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင် တွဲတွဲပြီး ခုန်လိုက်တိုင်း ခုန်လိုက်တိုင်းမှာ မျိုးဆက်သစ်တွေ နေရာသစ်ရဖို့အတွက် လိုရာပန်းတိုင်ရောက်ဖို့ မျိုးဆက်ဟောင်း ဆိတ်တွေမှာ သူတို့ ဦးခေါင်းကို လမ်းသဖွယ် အနင်းခံ အကန်ခံရင်း တစ်ကောင်ပြီး တစ်ကောင် မရဏ စမ်းချောင်းထဲ အသက် တွေကို ပေးဆက်သွားခဲ့ပါတယ်။

 တောင်အောက်စမ်းချောင်းမှာ အပေါ်ကနေ ပစ်ချလို့ ကျလာမဲ့ ဆိတ်တွေကို ဆည်ယူဖို့ သွားစောင့်တဲ့ အဖွဲ့က စတင်ပစ်ခက်ဖို့ရန် အချက်ပေးလိုက်ချိန်မှာတော့ ဒီဖက်ကမ်းမှာ တောင်ဆိတ်ဆိုလို့ ခေါင်းဆောင် ဖြစ်တဲ့ တောင်ဆိတ်ကြီးတစ်ကောင်တည်းသာ ကျန်ရစ်နေပါတောတယ်။ 

 ကျွန်တော်တို့ အံသြလို့မှ မဆုံးခင် တောင်ဆိတ်ကြီးဟာ ကျွန်တော်တို့ကို စိုက်ကြည့်ရင်းနဲ့ ကျွန်တော် တို့ဆီကို တစ်လှမ်းချင်းလှမ်းလို့ လာနေခဲ့ပါတယ်။ သူမျိုးဆက်သစ်တွေ လိုရာပန်းတိုင်ကို ရောက်သွား လို့ပဲလား သူနဲ့တန်းသူ မျိုးဆက်ဟောင်းတွေ ကျဆုံးသွားလို့လားဆိုတာတော့ မသိပါ။သူဟာ သူ့သက်ကို အလေးမထားတော့ပါ။သူ့အတွက် သေခြင်းနဲ့ ရှင်ခြင်းဆိုတာ သူနဲ့ မဆိုင်တော့သလိုပါပဲ။ 

ဒါပေမဲ့ မြင်လိုက်ရတဲ့ သူမျက်လုံးတွေနဲ့ သူသဏ္ဍန်မှာတော့ ရဲဝံ့တဲ့ အားမာန်တွေ အပြည့်နဲ့ပါ။ကျွန်တော်ဟာ သေနတ်ခလုတ်ကို ဆွဲဖို့အင်အား မရှိ့တော့ပါဖူး။နောက်ဆုံးတော့ ခေါင်းဆောင်ဆိတ်ကြီးက ကျွန်တော် တို့ကို တိုးဝှေ့ခုန်ကျော်သွားသလား? ကျွန်တော်တို့ကပဲ လမ်းဖယ်ပေးလိုက်ကြ သလား ဆိုတာကိုတောင် မသိလိုက် တော့ပါဘူ။ 

တကယ်တော့ ကျွန်တော့် မျက်စိထဲမှာ မြင်နေတာက တောင် ဆိတ် မဟုတ်တော့ပါဖူး။လူတွေလုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်သွားကြတဲ့ တကယ်သူရဲကောင်းတွေပါ။ စမ်းချောင်းထဲအသက်စတေးလိုက်ကျတဲ့ တကယ့် သူရဲကောင်းတွေ မျိုးဆက် သစ်တွေ ရှင်သန်ဖို့အတွက် မရဏလမ်း ခင်းပေးလိုက်ကြတဲ့ သူရဲကောင်း... တကယ့်သူရဲကောင်းကြီးတွေ ။ 

 အော်.....သူတို့တွေဟာ တကယ်တော့ ဘယ်သူမှ မသိလိုက်ကျတဲ့ အသဲကွဲတောင်ကမ်းပါးတစ်နေရာက စမ်းချောင်းထဲမှာ မျိုးဆက်သစ်တွေနေရာသစ်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အသက်ကိုစွန့်လွတ် သွား ကြတဲ့ တကယ့်သူရဲကောင်းတွေပါဗျာ..... ။ 

အဲ့ဒီအချိန်ကစပြီး ကျွန်တော်ဟာ သူတို့ကိုဂုဏ်ပြု့သော အားဖြင့် ဘယ်တော့မှ တောင်ဆိတ်တွေကို ဖမ်းဆီး ခြင်း မလုပ်တော့ ပါဘူးလို့ ခိုင်ခိုင်မာမာပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။ကျွန်တော်ရှေ့မှာတော့ ဘယ်တောင်ဆိတ်ကိုမှ မမြင်ရတော့ပါ။ ဒါပေမဲ့ အာရုံထည်းမှာ မြင်နေရတာက ...... သူရဲကောင်းတွေရဲ့ ရဲဝံ့တဲ့ လုပ်ရပ် သူရဲကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ သူတို့တွေရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။။။။။။

 ကြားခဲ့ဖူးသော တရုပ် သူရဲကောင်း ပုံပြင်မှ စိတ်ကူးပုံဖော်ထားပါသည်၊

 လေးစားလျှက်...... DaBoeDwe

ဒီပြဿနာဟာ ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ်လာတဲ့ ပြဿနာ မဟုတ်ပါဘူး၊ ယခု ပြသနာဟာ သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာတဲ့  ပြဿနာဖြစ်ပါတယ်၊ အတို ချုပ်ပြီး ပြောရမယ် ဆိုရင် ယခုပြဿနာဟာ ၁၉၄၂ ခုနှစ်တုန်းက ဘင်္ဂလီကုလားများကနေ  ရခိုင် တိုင်းရင်း သားတွေကို လူမျိုးတုန်း သတ်ဖြတ်ပြီး အစ္စလာမ်နိုင်ငံ ထူထောင်ရေး ကြိုးစားရာမှ စတင်ခဲ့တဲ့ပြဿနာ၊ ထိုအချိန်က ဘူးသီးတောင်၊မောင်တောမြို့နယ်မှာ ရခိုင်ကျေးရွာပေါင်း ၃၀၀ ကျော်ရှိခဲ့ပါတယ်၊ ယခုအခါ ရခိုင်ရွာပေါင်း ၃၀ ခန့်သာ ကျန်ရှိတော့တယ်၊  အဲဒီ အချိန်က အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရမှာ  တာဝန်မကင်းဘူးလို့ပြောလို့ရပါတယ်  ပထမအကြိမ်တွင် ယင်းဒေသမှ ရခိုင်များကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုဒေသတွင် မနေနိုင်အောင် နှင်ထုတ်တဲ့ အစီအစဉ်ကို စတင်လုပ်ဆောင် ခဲ့ပါတယ် ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်  မောင်တောခရိုင်ကို ပါကစ္စတန်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်အောင် သွတ်သွင်းရန် ကြိုးစား ခဲ့ကြပြန်သေးတယ်၊ ပါကစ္စတန်မှ လက်မခံသောကြောင့် မြန်မာနိုင်ငံတွင် မူဂျာဟစ် အမည်ခံ အကြမ်းဘက် လက်နက်ကိုင် အဖွဲ့ တစ်ခုတည်ထောင်ပြီး အကြမ်းဘက်မူများ ကိုဆက်တိုက်လုပ်ဆောင်ခဲ့တယ်။ မူဂျာဟစ်သူပုန်အနေဖြင့် မအောင်မြင်တဲ့ အခါ အာရ်အက်ဆို အမည်ခံပြီး ပါကစ္စတန်မှ အေလ်ကိုင်းတား အကြမ်းဖက်အဖွဲ့တွေနဲ့  ပူးပေါင်းပြီး နှစ်ပေါင်းများစွာ ကြိုးပမ်းလာကြပါတယ်၊ ထိုမောင်တောခရိုင်အား ထပ်မံ၍ ဘင်္ဂလားဒေရှ့်နှင့် ပူးပေါင်းရန် ထပ်မံ ကြိုးပမ်းလာပါပြန်တယ်၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖြစ်လာ သည့်အခါ သူတို့ဖြစ်စေချင်သော မောင်တောခရိုင်ကို သီးခြား အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်လိုမူ မအောင်မြင်သောအခါ ရိုဟင်ဂျာ ဟူသော နာမည်သစ်တစ်ခုအား စတင်ထွင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဖြစ်လေဟန် နာမည်သစ် တစ်ခု လိမ်လည်ဖန်တီးပြီး ထိုမောင်တောခရိုင်အား ထပ်မံ၍ အစ္စလာမ်မစ် ပြည်နယ် တစ်ခုဖြစ်အောင် ဖန်တီးလာပါတယ် ထိုသို့ အခြေအနေတွင် ထပ်မံ၍ ယခုအရေးအခင်းကဲ့သို့ ၁၉၈၈ တွင် အုပ်ချုပ်ရေးယန္တယားပျက်ပြားနေချိန်တွင် မောင်တောခရိုင်မှ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုခရိုင်အား အစ္စလာမ်နိုင်ငံဖြစ်အောင် ဖန်တီးမူအား ဒုတိယအကြိမ်ြ ပုလုပ်လာတယ် ယခုဖြစ်ရသည့် အကြောင်းအရင်း သည်လဲ ရှေ့တွင် ပြောခဲ့သည့်အကြောင်းအရင်းအတိုင်း ထိုဘင်္ဂလီများဖြစ်ချင်သော အစ္စလာမ်မစ်  နိုင်ငံဖြစ်လိုသော ဆန္ဒကြောင့် မောင်တောမြို့တွင် တတိယအကြိမ် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် သူတို့လုပ်နေကျအလုပ်ဖြစ်သော ရခိုင် တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်လိုသော ဆန္ဒကြောင့် မောင်တောခရိုင်မှ ရခိုင် တိုင်းရင်းသား ကျေးရွာများ အားလုံးအား တပြိုင်နက်တည်း တနေ့တည်း၊တချိန်တည်းတွင် အပြတ်ရှင်းရန်သူတို့၏ မော်လဗီခေါင်းဆောင် များက အပြင်မှ အကြမ်းဘက်အဖွဲ့ အာရက်စ်အို ၏ အထောက်အပံ့ကို အပြည့်အ၀ ရယူပြီး လုပ်ဆောင်ခဲ့ကြ သည်ကိုတွေ့ရပါတယ်၊ ထို့ကြောင့် ယခုအဖြစ်အပျက်သည် ဘာသာရေး၊ လူမျိုးရေး ပြသနာမဟုတ်ဘဲ ဘင်္ဂလီကုလားများ ၏  နယ်မြေပိုင်ဆိုင်လိုမူအား ဒေသခံ တိုင်းရင်း သားများက  မိမိဒေသကို ခုခံကာကွယ်ယင်း  ဖြစ်ပေါ်လာရသော ပြဿနာပါဆိုတာ ယခုလဲ ဘင်္ဂလီ အဖွဲ့အစည်းများတွင် အထက်မှကြိုးကိုင်သော နိုင်ငံတကာမှ အကြမ်းဘက်အဖွဲ့၏ ကျောထောက် နောက်ခံ ရရှိထားသော အာရ်အက်ဆို အဖွဲ့၏ ညွန်ကြားမူ အတိုင်း မိမိတို့ အိမ်များအား မီးရှို့ပြီး ရခိုင် တိုင်းရင်းသားများ ရှို့သည်ဟု နိုင်ငံတကာမှ အမြင်ဖြစ်ရန် အချက်ကျကျ ညွန်ကြားထားချက်များကိုလဲ ယခု လေ့လာခဲ့ သော နေရာများတွင် တွေ့ရှိနိုင်ပါတယ်၊ နောက်ဆုံး အနေဖြင့် ပြောလိုသည်မှာ ယခုအချိန်တွင် အတူ ယှဉ်တွဲ နေထိုင်ရေး ဆိုသော မူသည် စကားလုံးအရ လှပသော်လည်း ယခု ပူပူနွေးနွေးဖြစ်ပြီးစ အခြေအနေတွင် တစ်ဘက်နှင့်တဘက် ယုံကြည်မူ မရကြ သေးသည့်အချိန်တွင် မည်သို့မှ မဖြစ်နိုင်ပါ လက်ရှိတည်ငြိမ်အေးချမ်းလိုလျင် အုပ်စုနှစ်ခုအား သီးခြားစီထားခြင်းဖြင့် တည်ငြိမ်အေးချမ်းမူ ကိုတည်ဆောက်ရပါမည်ဆိုတာ သုံးသပ်မိပါတယ်ခင်ဗျာ


ကံထွန်းသစ် နိုဝင်ဘာ ၄၊ ၂၀၁၂
(၁)
“ကာယကံစင်ကြယ်သူ၊ ဝစီကံစင်ကြယ်သူ၊ မနောကံစင်ကြယ်သူကို သူတော်စင် သူတော်ကောင်းဟု ခေါ်သည် “ မင်နီဖြင့် အောက်လိုင်းတား ထားသော ထိုစာပိုဒ်လေးသည် မနေ့ကကြည့်ခဲ့သော လယ်တီဆရာ  တော်ဘုရား၏ ဗောဓိပက္ခိယဒီပနီမှ ဝါကျလေးတခုပင်။
ကိုယ်ဖတ်နေဆဲ မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ်မြန်မာပြန် တတိယတွဲမှလည်း “ ရာဂ စသည်၏ ကုန်ခြင်းကို နိဗ္ဗာန်ဟုမယူရ၊ ထိုကုန်ခြင်း၏အကြောင်းဖြစ်သော မဂ်၏အာရုံကိုသာ ယူရမည်” စသည်ကဲ့သို့ သိမ်မွေ့နက်နဲသော အပိုဒ်တွေကို “ ကျကြ၊ ဏန” Underline တွေတားထားလိုက်သည်မှာ မင်နီတွေရဲလို့။ ကိုယ် အံ့သြနေရသည်။ ဖတ်ရင်းဖတ်ရင်း အံ့သြမှုက မြင့်တက်လာရသည်။ စာပိုဒ်များ ၏ဆိုလိုရင်း အဓိပ္ပါယ်များကြောင့်သာမဟုတ်။ အရင်းခံအကြောင်းမှာ … ။
(၂)
ကိုယ် အမေရိကကိုရောက်ကတည်းက မကြာခဏဆုံရသောပြဿနာမှာ လေယာဉ်စီးရန်သွားတိုင်း လေဆိပ် စစ်ဆေးရေးဂိတ်ကိုဖြတ်သန်း စဉ် စစ်ဆေးခံရသောဒုက္ခပင်။ ပါလာသော လက်ကိုင်ဖုန်း၊ ကွန်ပျူတာ စသည့် ကိရိယာများနှင့်အတူ စီးထားသောဖိနပ်တို့ကိုပါချွတ်၍ စမ်းသပ်စစ်ဆေးခံရသည်ကိုမဆိုလို။ ဒါတွေက ရှာဖွေစက်အောက်ဝင်သွားပြီး တဖက်ကစောင့်ယူလိုက်ရုံသာ။
လူကိုမူ သီးသန့်ပေါက်ကဝင်စေကာ သတ်မှတ်နေရာမှာရပ်လျှက် တဦးချင်းစစ်ဆေးခံကြရသည်။ ဖားလျား သောဝတ်ရုံကိုဆင်မြန်းထားသည့် ကိုယ်တို့ကိုမူ အထူးမျက်စေ့ကျလေသလားမသိ၊ အချိန်ယူကာ ရှာဖွေကြလေ့ရှိသည်။ ဘယ်လှည့်၊ ညာလှည့်၊ လက်မြှောက်ခိုင်းကာ တကိုယ်လုံး ရှာဖွေတော့သည်။ တချို့ဂိတ်ကသူတွေဆို သင်းပိုင်ခါးပန်းလိတ်ကိုပင် မသင်္ကာ၍ ဖြေပြရသေး။ ဘယ်ကလောက် ကသိကအောက်နိုင်မလဲ စဉ်းစားသာကြည့်။ တချို့ စစ်ဆေးသူအမျိုးသမီးတွေကဆို ဒါဘာလဲဟုဆိုကာ ခဏ ခဏ စမ်းကြည့်ကြသည်။ ကိုယ့်မှာ ဘုရားတ နေရသည်၊ မတော်လို့များ … အဲ … ။
ကိုယ်တို့ကို ဗုဒ္ဓသားတော်ရဟန်းများဟု သိသူကသိပ်မများသေး။ ဒလိုင်းလားမားကြီးနှင့် ရွှေဝါရောင် ကျေးဇူး
ကြောင့်သာ တချို့ကသိကြသည်။ သည်အထဲ ကိုယ်တို့ဝတ်ရုံက အရှေ့အလယ်ပိုင်း တိုင်းရင်းသား အချို့ရဲ့ဝတ်စုံနှင့်တူနေသတဲ့။ သွားလေသူ လစ်ဗျားခေါင်းဆောင် ကဒါဖီ၊ ကုလသမဂ္ဂညီလာခံလာတက်စဉ် က ဝတ်လာသောဝတ်စုံကို ပြန်မြင်ယောင်မိသည်။ နီညိုရောင်၊ ဖားဖားလျားလျား။ ကိုယ်တို့ကလည်း အာရှရုပ်၊ ဖားဖားလျားလျားဝတ်ရုံရှင်တွေ။ သည်တော့ သူတို့က တမျိုးတည်းထင်၊ သံသယဝင်လေ မပေါ့။
9/11 ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ညီနောင် (World Trade Center) ဖြိုဖျက်ခံရပြီးကတည်းက သူတို့နေရာ တိုင်းကို သတိထားကြသည်၊ စစ်ဆေးကြသည်။ “အမိမြေလုံခြုံရေး “ အထူးအစီအမံတဲ့။ “ဘင်လာဒင်”  ကောင်းမှုပေါ့။ ကိုယ်တို့ခမျာ အသွင်တူယုံနှင့် အယူညီသတ်မှတ်ခံ ရခဲ့။
နယူးယောက်၊ အယ်လ်လေ၊ ချီကာဂို၊ ဝါရှင်တန်ဒီစီမြို့များနှင့် အရီဇိုးနား၊ အော်ရီဂွန်၊ ကိုလိုရာဒို၊ အင်ဒီယားနားပြည်နယ်မြို့များမှ ကိုယ်စီးဖူးသည့်လေဆိပ်တိုင်း ထိုဒုက္ခကိုကြုံရသည်။ ကြုံတိုင်း … ဒင်းတို့ကြောင့်ဟုစိတ်ကွက်မိမြဲ။ အများလုံခြုံဖို့ပြုလုပ်ကြတာပဲလေဟု ရှာဖွေသူများကိုနားလည်ပေမယ့်  ထိုပြဿနာ၏အရင်းခံသူများကိုကား ပစ္စည်းတွေ ထုတ်ရ၊ ထည့်ရ၊ ဖြုတ်ရ၊ တတ်ရသည့် အခါတွင်မူ … ဟင်း … ဒင်းတို့ကြောင့် … ဒင်းတို့ကြောင့် …။
တခါများ မှတ်မိသေး။ ကိုယ်တို့ မီဝါးကီးမြို့က မစ်ချယ်လေဆိပ်မှာပေါ့။ ဓမ္မဘေရီတောင်စွန်းဆရာတော်ကြွလာပြီး အပြန် လေဆိပ်ကို လိုက်ပို့ကြသည်။ ထုံးစံအတိုင်း ဆရာတော်ဝင်ရောက်သွားသည်။ ကိုယ်တို့က မပြန်သေးဘဲ အပြင်ကလှမ်းကြည့်နေကြစဉ် သူများတွေဝင် သွားကြသည့်တိုင် သူမဝင်ရသေး။ အကြိမ်ကြိမ် ရှာဖွေစစ်ဆေးခံနေရတာ လှမ်းတွေ့နေသည်။ ဘာများဖြစ်ပါလိမ့်ဟု ကိုယ်တို့မှာ တထိတ်ထိတ်နှင့်၊ နာရီဝက်ခန့် ရှာပြီး ဆရာတော် လေယာဉ်ပေါ်တက်ရာ Gate ထဲဝင်သွားမှ ဟင်းချနိုင်ကြသည်။ ထိုခါမှ စောစောက ဂိတ်ဝန် ထမ်းက ကိုယ်တို့ထံ တကူးတကလာကာ ရှင်းပြသည်။ မစိုးရိမ်ပါနဲ့ … ဘာမျှမဟုတ်ပါဘူး၊ သူတို့ရှာဖွေစဉ် ရှာဖွေကိရိယာက အချက်ပြနေ၍ သေချာရှာရကြောင်း၊ နောက်မှ သူ့ဒူးခေါင်းမှာပတ်ထားသည့် ပတ်တီးမှာ သံပါ၍ဖြစ်ကြောင်း၊ သည်တော့မှ ဆရာတော်ဒူးနာ၍ ပတ်တီးစည်းထားရတာ အမှတ်ရသည်။ တာဝန်အရှာဖွေသည်ကိုပင် တလေးတစား လာရှင်းပြသော ဝန်ထမ်းကိုလည်း တို့ဆီကမောင် တွေနဲ့တော့ ကွာပါပေရဲ့ဟု တွေးလိုက်မိသည်။ အင်း … နိုင်ငံတော်တော်များများဟာ အတူတူပါပဲလေ၊ လူ့သိက္ခာ၊ လူ့တန်ဖိုးထက် အခြားအရာ တွေက ကြေးမြင့်နေကြတာကလား။
အချို့အချို့ဒေသတွေမှာဆို လူတယောက် အထူးသဖြင့် မိန်းမတယောက်ရဲ့တန်ဖိုးဟာ အခြားသက်မဲ့အရာ တွေထက် နှိမ့်ချထားကြသည်။ အချို့သူတွေဆို သူတပါး၏တန်ဖိုးကို အသိအမှတ်ပြုရကောင်းမှန်းမသိငြား၊ မိမိ၏တန်ဖိုးကိုမူ မတန်တဆမြှင့်တင်ထားကြသည်။ ဒါကြောင့်လည်း … ခုလို … ။
မနှစ်မြို့သောအတွေးကို စက်ဆုပ်ရွံရှာသောအမြင်အဖြစ်မရောက်မီ ကိုယ်ရပ်လိုက်နိုင်သည်။ ဒီပုတ်ထဲက ဒီပဲတွေဟူသော ဝါးလုံးရှည်နှင့်မရမ်းချင်။ လက်ညှိုးမကောင်းရုံနှင့် လက်မကိုမဖြတ်သင့်တော့ပြီ။ ထိုသို့သော  “ယောနိသော မနသီကာရ “ ၏အကြောင်းမှာ လည်း … ။
(၃)
“ဘုန်းဘုန်း တပည့်တော်တို့ စာအုပ်တွေပို့လိုက်မယ်ဘုရား။ လယ်တီဒီပနီပေါင်းချုပ်နဲ့ ဝိသုဒ္ဓိမဂ်ဘာသာပြန် လေးတွဲ “
L.A က ကိုမျိုးနှင့် ပပစန္ဒီတို့မောင်နှံ ဖုန်းဆက်လာတော့ ဝမ်းသာအယ်လဲ “ဟန်ကျတာပဲ … ဝိသုဒ္ဓိ (၇) ပါး လင်္ကာလေးရေးနေတာ ပြန်ကြည့် ချင်တာနဲ့အတော်ပဲ ကိုမျိုးတို့ရေ … “
ကိုယ့်စကားတုံ့ဆုံးလျှင်ပဲ “ ဒီစာအုပ်တွေပိုင်ရှင်က ဖတ်မည့်သူလက်ထဲရောက်အောင်ပို့ပေးဖို့ သေသေချာချာမှာထားတာဘုန်းဘုန်းရဲ့“
ဟုတ်မှာပေါ့၊ သူအမြတ်တနိုးထားသည့်အရာဆိုတော့ … တွေးဆဲ၊
“ ဒီစာအုပ်တွေပိုင်ရှင်က … ဆရာဝန်ကြီးလေ၊ ပပတို့အဖေရဲ့သူငယ်ချင်း၊ သူက အစ္စလမ်ဘာသာဝင် ဘုန်းဘုန်းရဲ့၊ သူလေဖြတ်ခံရရှာတော့ နောက်လူတွေက တန်ဖိုးမထားမှာစိုးလို့တဲ့”
ကိုယ်ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ကိုယ့်နှယ်မအံ့သြဘယ်သူနေလိမ့်မယ်။
သာမန်ဗုဒ္ဓဘာသာဝင်တွေပင် မတို့မထိနိုင်သော ကျမ်းကြီးတွေကို ထိုဆရာဝန်ကြီး လေးနက်စေ့စပ်စွာ ဖတ်ရှု ထားခဲ့သည်။ သူ့ရင်အတွင်း သားသို့ နစ်ဝင်သွားမှုအတိမ်အနက်ကိုလည်း သူသားထားသော Underline တွေက ညွှန်လျှက်။ သူဖတ်ရှုရုံမက တကယ်ဖတ်မည့်သူလက် သို့လည်း တဆင့်ကမ်းစေသေးသည်။ သည်လိုပုဂ္ဂိုလ် ကြီးတွေ လောကမှာရှိနေပါလား … ကိုယ့်ဘာသာကိုမညှိုးစေပဲ သူတပါးဘာသာကို တန်ဖိုးထား လေ့လာခဲ့ပါလား … ၊
သူလိုပုဂ္ဂိုလ်ကြီးတွေများပါစေဟု မပြည့်နိုင်သောဆုကို တောင်းလိုက်မိသည်။
ဘာပဲဖြစ်ဖြစ်လေ … ခုတော့ လေဆိပ်တွေကိုဖြတ်သန်းသည့်အခါ၊ ရှာဖွေစစ်ဆေးမှုတွေခံရသည့်အခါ ကသိကအောက်မဖြစ်တော့၊ ငြိုငြင်မှုလည်းမများတော့ … ။
(၄)
“ ရဟန်းတို့ … သမ္မာဒိဋ္ဌိ မှန်ကန်စွာမြင်ခြင်းဟူသည် အဘယ်နည်း။ ဒုက္ခ၌ အသိဉာဏ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယ၌ အသိဉာဏ်၊ ဒုက္ခငြိမ်းရာ နိရောဓ၌ အသိဉာဏ်၊ နိရောဓသို့ ဆိုက်ရာ မဂ္ဂ၌ အသိဉာဏ်သည်ရှိ၏။ ထိုအသိဉာဏ်ကို သမ္မာဒိဋ္ဌိ မှန်ကန်သောအမြင်ဟုဆိုအပ်၏။ “
မင်နီလိုင်းထင်းထင်းနှင့် ထိုစာပိုဒ်လေးကို ဖတ်အပြီး လက်ထဲမှ ဝိသုဒ္ဓိမဂ်စာအုပ်ကိုပိတ်လိုက်သည်။ အံ့သြကြည်နူးမှုဖြင့်ပြည့်နေသောရင်ကမူ မပိတ်သေး၊ အဝေးဆီသို့ ငေးမျှော်လိုက်မိသည်၊ ပြီး … တီးတိုး …
“ သာဓုပါဆရာ၊ ထိုအသိဉာဏ်မျိုး ဆရာ့မှာအပိုင်ရရှိပြီး ဘဝအမှန်တကယ်ငြိမ်းအေးကာ ဉာတိတွေ ငြိမ်းချမ်းဖို့လည်း တိုးဆောင်နိုင်ပါစေ …” လို့။

Related Posts Plugin for WordPress, Blogger...

Back to the Top