တရုပ်ပြည်တနေရာမှာ အသဲကွဲတောင်ထိပ်လို့ခေါ်တဲ့
တောင်တန်းတစ်တောင်ရှိပါတယ်။ အဲ့ဒီတောင်တန်းရဲ့ ထူးခြားချက်ကတော့
တောင်တန်းကြီးဟာဆိုရင် တောင်ထိပ်ကနေ အောက်ခြေရောက်တဲ့ အထိ ဓါးနဲ့ခွဲထားသလို
နှစ်ခြမ်းကွဲနေပါတယ်။
အဲဒီလို ပိုင်းခြားထားတဲ့ အပိုင်းနှစ်ပိုင်းဟာ
တစ်ဖက်နဲ့ တစ်ဖက် (၁ဝ)မီတာလောက် ဝေးပါတယ်။ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့
အင်မတန်မှရေစီးတန်တဲ့ စမ်းချောင်းက ဖြတ်သန်းစီးဆင်းနေပါတယ်။
အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား
နေထိုင်ကြတဲ့နေရာလေးဖြစ်ပါတယ်။
တောင်ဆိတ်များဟာ ရိုးရိုးတောင်ဆိတ်ထက်
အကောင်အားဖြင့် ကြီးမာပြီး အထီးရော အမပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျိုပါ
ရှိကြပါတယ်။အထူးခြားဆုံးကတော့ ခုန်တဲ့နေရာမှာ အင်မတန်တော်တဲ့ သတ္တဝါ
ဖြစ်ပါတယ်။ သူတို့တွေဟာ (၆)မီတာထိအောင် ခုန်နိုင်ပါတယ်။
နောက်ပြီး သူခုန်လို့ ကျတဲ့နေရာမှာ ခြေစုံရပ်ဖို့ မလိုပဲ ခွာတစ်ချက်ချဖို့
ရတာနဲ့ မနားပဲ ဆက်တိုက်ခုန်နိုင်စွမ်းလညှ်းရှိပါတယ်။ ရှားပါးပြီး
ဆေးဖက်ဝင်တဲ့ သတ္တဝါမျိုးဖြစ်တဲ့ အတွက်ကြောင့်လည်း မုဆိုးလိုက်တဲ့ သူများဟာ
ခက်ခက်ခဲခဲရှာဖွေ ဖမ်းဆီရပါတယ်။ တောင်စောင်း တောင်ထိပ်များမှာသာ ကျက်စားလေ့
ရှိတဲ့ အတွက်ကြောင့်လည်း ဖမ်းဆီဖို့ကို မဆိုထားနဲ့ တွေ့ရဖိုတောင့်
အင်မတန်မှ ခက်ခဲလှပါတယ်။
ကျွန်တော်ဟာ မုဆိုးတစ်ယောက်ပါ။ဒါကြောင့်
ခုလိုရှားပါတဲ့ တောင်ဆိတ်ကို ပစ်ခတ်ဖမ်းဆီးနိုင်ဖို့ရန် အသဲကွဲတောင်ကြားကို
သွားခဲ့ပါတယ်။ ခက်ခဲစွာနဲ့ တောင်ဆိတ်တွေရှိရာ အသဲကွဲတောင်ထိပ်ကို
ရောက်အောင် တက်လာခဲ့ပါတယ်။ တောင်ထိပ် ရောက်တော့ တောင်စွန်းတစ်နေရာမှာ
စုဝေးနေတဲ့ တောင်ဆိတ်တွေကို တွေ့ရပါတော့တယ်။
ကျွန်တော်တို့ အဖွဲ့ဟာ တောင်ဆိတ်တွေ
ထွက်ပေါက်နေရာတွေ အားလုံကို ပိတ်ဆိုးထားလိုက်ပါတယ်။ ထွက်ပေါက်ဆိုလို့
ထက်ချမ်းကွဲနေတဲ့ တောင်တစ်ဖက်ကမ်း သာလျှင်ရှိပါတော့တယ်။ ဒီအချိန်မှာ
တောင်ဆိတ် တွေဟာ သူတို့ အသက်အန္တရယ်ကို ကြောက်လှန် နေတာကြောင့် ပျာယာခက်
နေပါတယ်။ သူတို့လွတ်မြောက်ဖို့ ဆိုတာ တစ်ဖက်ကမ်းခြားနေတဲ့ တောင်စောင်း
တစ်ဖက်တည်း သာလျှင် ရှိပါတော့ တယ်။
ကျွန်တော်တို့ဟာ ပစ်ကွင်းထဲရောက်နေတဲ့
သားကောင်ကို စိတ်ကြိုက်ပစ်ခတ် ဖမ်းဆီးဖို့ရန် ပြင်ဆင် နေချိန်မှာပဲ
အသက်အန္တရယ်ကိုကြောက်နေတဲ့ တောင်ဆိတ်တစ်ကောင်ဟာ မမျှော်ပဲ ကျွန်တော်
တို့ရှိရာ ကို တစ်ရှိန်ထို့ ပြေးထွက်ဖို့ကြိုးစားပါတယ်။
ဒါပေမဲ့ သူဟာ ကျွန်တော်တို့ရဲ့ သေနတ်အောက်မှာပဲ အသက်စတေးလိုက်ရပါတယ်။
နောက်တစ်ကောင်က ကြောက်လန့်စွာနဲ့ပဲ
တစ်ဖက်ကမ်းပါးကို ကြိုးစားပြီးခုန်ကူးပေမဲ့ လိုရာခရီးကိုမရောက်ပဲ
တောင်ကြားကို ဖြတ်စီးဆင်းနေတဲ့ စမ်းချောင်းကို ကျရောက်
သေဆုံးသွားရပါတော့တယ်။ကျွန်တော်တို့ဟာ သေနတ်ကို နောက်ထပ် အသုံးမပြု့မိအောင်
ဂရုစိုက်နေရပါတော့ တယ်။
သေနတ်သံကြောင့်လည်းတောင်ဆိတ်တွေဟာပိုပြီးပျာယာခတ်နေပါတော့တယ်။ကြောက်လှန့်စိတ်နဲ့တောင်တစ်ဖက်ကမ်းကိုသာ
ခုန်ကူးမယ်ဆိုရင် စမ်း ချောင်းထဲ မျှေားပါပြီး ဆုံးရှုံးကုန်မှာကို
ကျွန်တော်တို့ မလိုလာပါဘူး။
ဒါကြောင့် ကျွန်တော်တို့ အဖွဲထဲမှ တစ်ဖွဲကို တောင်ခြေကို
ပြန်ဆင်းခိုင်းပြီး စမ်းချောင်းတစ်နေရာမှာ စမ်းချောင်းထဲ
သေဆုံးမျေားပါလာတဲ့ အကောင်တွေကို ဆည်ယူနိုင်ဖို့ စီစဉ်ကြပါတယ်။ သူတို့
အဆင်သင့်ဖြစ်ချိန်မှာ အချက်ပေးလိုက်ဖို့နဲ့ သူတို့ အချက်ပေးချိန်ကျမှ
စတင်ပစ်ခတ်ကြဖို့ ဆုံးဖြတ်ကြပါတယ်။တောင်ခြေကို ပြန်ဆင်းသွားတဲ့ အဖွဲ့ရဲ့
အချက်ပေးသံကို စောင့်နေတဲ့ ကျွန်တော်တို့ အဖွဲ့ဟာ မမျှော်လင့်တဲ့ အဖြစ်
တစ်ခုကို တွေလိုက် ရပါ တော့ တယ်။
ပျာယာခက်နေတဲ့ များစွာသော တောင်ဆိတ်တွေထဲမှာ
တည်ငြိမ်စွာနဲ့ရပ်နေတဲ့ ထူးဆန်းတဲ့ တောင်ဆိတ်ကြီး တစ်ကောင်ကို
တွေလိုက်ပါလို့ပါ။ ကျွန်တော်ဘေးနားမှာရှိနေတဲ့ အဖော်က "ဆရာ
ဟိုမှာကြည့်ပါအုံး"..။ တစ်ခြားကောင်တွေနဲ့ မတူပဲ ဟိုတစ်ဖက်ကမ်းကို
တည်တည်ငြိမ်ငြိမ်နဲ့ လှမ်း ကြည့် နေတဲ့ တောင်ဆိတ်ကြီး တစ်ကောင်က
ထူးခြားလှချည်လားလို့ ပြောတော့ ကျွန်တော်က ဒါဟာ တောင် ဆိတ် တွေရဲ့
ခေါင်းဆောင် ဖြစ်မှန်းသိလိုက်ပါပြီ။
မကြာခင်မှာပဲ အဲ့ဒီတောင်ဆိတ်က တစ်ချက်အော်
လိုက် တယ် ဆိုရင်ပဲ ခုနက ယောက်ယက်ခက်နေတဲ့ တောင်ဆိတ်တွေဟာ
ငြိမ်သက်သွားပါတော့တယ်။
တောင်ဆိတ် ခေါင်းဆောင်ကြီးဟာ တောင်ဆိတ်တွေရဲ့ အလယ်မှာ ဝင်ရပ်ပြီး နောက်ထပ်
အသံတစ်ချက် ထပ်ပေး လိုက်ချိန် မှာတော့ သူတို့တစ်တွေဟာ အဖွဲ့
နှစ်ဖွဲ့ကွဲထွက်သွားတာကို ထူးဆန်းစွာတွေ့ လိုက်ရပါတော့တယ်။
ဒီထက်အံသြဖို့ ကောင်းတာက တစ်ဖက်က အဖွဲဟာ
အသက်ကြီးတဲ့မျိုးဆက်ဟောင်း အုပ်စုနဲ့ တစ်ဖက် မှာတော့ အသက်ငယ်တဲ့
မျိုးဆက်သစ် အုပ်စု ဖြစ်နေတာကိုပါ။
နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ အသက်ငယ်တဲ့ အဖွဲ့ထဲက
အကောင်နှစ်ကောင်ကို စိုက်ကြည့်လိုက်တော့ အဲ့ဒီမျိုးဆက်သစ်ဖြစ်တဲ့
အကောင်နှစ်ကောင်ဟာ မျိုးဆက်ဟောင်းဖြစ်တဲ့ အုပ်စုဆီ သွားရောက်
ပူးပေါင်းလိုက်ပါတယ်။သေသေချာချာ ကြည့်လိုက်တော့ အဲ့ဒီနှစ်ကောင်
တစ်ဖက်အုပ်စုကို ရောက် သွားတော့မှ တစ်ဖက်နဲ့ တစ်ဖက်ဟာ အကောင်အရည် အတွက်
တူညီသွားတာကို တွေ့ရ ပါတယ်။
နောက်တော့မှ အုပ်စုနှစ်စုဟာ တစ်ဖက်ကမ်းကို
မျက်နှာမူလျှက် ခုန်ကူဖို့ အသင်ဖြစ်နေပါတော့တယ်။ ခေါင်ဆောင်ဆိတ်မှ အချက်ပေး
အော်လိုက်သံစတယ် ဆိုရင်ပဲ မျိုးဆက်ဟောင်းဖက်မှ တစ်ကောင်နဲ့ မျိုး ဆက်သစ်
ဖက်မှ တစ်ကောင်တွဲပြီး တရှိန်ထိုးအား စိုက်ခုန်ပါ တော့တယ်ဗျာ။
လျှင်မြန်တဲ့မျိုးဆက်သစ်က ခုန်ပြီးလို့
စက္ကန့်ပိုင်းမှ မျိုးဆက်ဟောင်ခုန်ပါတယ်။
ကျွန်တော်ထင်တာက တစ်ကောင်တည်း ခုန်မချရဲလို့ နှစ်ကောင်စီတွဲ
ခုန်ဆင်းကြတယ်လို့ ထင်မိ ခဲ့တာပါ။ မြင်လိုက် ရတဲ့မြင်ကွင်းလေးကတော့
ပထမမျိုးဆက်သစ် အကောင်လေးခုန်လို့ အရှိန် ကုန်ပြီး ပြန်အကျမှာတော့ နောက်က
ဆက်တိုက် ခုန်လိုက်လာတဲ့ မျိုးဆက်ဟောင်း ဆိတ်ကြီးက မျိုးဆက် သစ်ရဲ့
နောက်ခြေအစုံကို သူ့ရဲ့ဦးခေါင်းနဲ့ ခံပေးလိုက်တဲ့ ဖြစ်ရပ်ပါ။
ဒီအချိန်မှာတော့ မျိုးဆက်သစ် ဆိတ်ငယ်လေးဟာ
မျိုးဆက်ဟောင်းရဲ့ ဦးခေါင်းကိုခြေစုံကန် အားပြုပြီး ထပ်ခုန်လိုက်တော့
သူလိုရာ တစ်ဖက်ကမ်းဆို့တဲ့ နေရာသစ်လေးကိုရောက်လို့ သွားပါတော့တယ်ဗျာ။
မျိုးဆက်သစ် ဆိတ်လေးဟာ သူလိုရာ ခရီးရောက်သွားလို့ ဝမ်းသာတဲ့ အသံနဲ့
အောင်ပြီလို့ ဟစ်အော် လိုက်ချိန်မှာတော့ မျိုးဆက်ဟောင်းဖြစ်တဲ့ ဆိတ်ကြီး
ကတော့ ကြမ်းတမ်းတဲ့ စမ်းချောင်းထဲကို ကျဆင်းလို့ သေပွဲဝင်သွားပါတော့တယ်။
မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင် တွဲတွဲပြီး
ခုန်လိုက်တိုင်း ခုန်လိုက်တိုင်းမှာ မျိုးဆက်သစ်တွေ နေရာသစ်ရဖို့အတွက်
လိုရာပန်းတိုင်ရောက်ဖို့ မျိုးဆက်ဟောင်း ဆိတ်တွေမှာ သူတို့ ဦးခေါင်းကို
လမ်းသဖွယ် အနင်းခံ အကန်ခံရင်း တစ်ကောင်ပြီး တစ်ကောင် မရဏ စမ်းချောင်းထဲ
အသက် တွေကို ပေးဆက်သွားခဲ့ပါတယ်။
တောင်အောက်စမ်းချောင်းမှာ အပေါ်ကနေ ပစ်ချလို့
ကျလာမဲ့ ဆိတ်တွေကို ဆည်ယူဖို့ သွားစောင့်တဲ့ အဖွဲ့က စတင်ပစ်ခက်ဖို့ရန်
အချက်ပေးလိုက်ချိန်မှာတော့ ဒီဖက်ကမ်းမှာ တောင်ဆိတ်ဆိုလို့ ခေါင်းဆောင်
ဖြစ်တဲ့ တောင်ဆိတ်ကြီးတစ်ကောင်တည်းသာ ကျန်ရစ်နေပါတောတယ်။
ကျွန်တော်တို့ အံသြလို့မှ မဆုံးခင်
တောင်ဆိတ်ကြီးဟာ ကျွန်တော်တို့ကို စိုက်ကြည့်ရင်းနဲ့ ကျွန်တော် တို့ဆီကို
တစ်လှမ်းချင်းလှမ်းလို့ လာနေခဲ့ပါတယ်။ သူမျိုးဆက်သစ်တွေ လိုရာပန်းတိုင်ကို
ရောက်သွား လို့ပဲလား သူနဲ့တန်းသူ မျိုးဆက်ဟောင်းတွေ
ကျဆုံးသွားလို့လားဆိုတာတော့ မသိပါ။သူဟာ သူ့သက်ကို အလေးမထားတော့ပါ။သူ့အတွက်
သေခြင်းနဲ့ ရှင်ခြင်းဆိုတာ သူနဲ့ မဆိုင်တော့သလိုပါပဲ။
ဒါပေမဲ့ မြင်လိုက်ရတဲ့ သူမျက်လုံးတွေနဲ့
သူသဏ္ဍန်မှာတော့ ရဲဝံ့တဲ့ အားမာန်တွေ အပြည့်နဲ့ပါ။ကျွန်တော်ဟာ သေနတ်ခလုတ်ကို
ဆွဲဖို့အင်အား မရှိ့တော့ပါဖူး။နောက်ဆုံးတော့ ခေါင်းဆောင်ဆိတ်ကြီးက
ကျွန်တော် တို့ကို တိုးဝှေ့ခုန်ကျော်သွားသလား? ကျွန်တော်တို့ကပဲ
လမ်းဖယ်ပေးလိုက်ကြ သလား ဆိုတာကိုတောင် မသိလိုက် တော့ပါဘူ။
တကယ်တော့ ကျွန်တော့် မျက်စိထဲမှာ မြင်နေတာက
တောင် ဆိတ် မဟုတ်တော့ပါဖူး။လူတွေလုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်သွားကြတဲ့
တကယ်သူရဲကောင်းတွေပါ။ စမ်းချောင်းထဲအသက်စတေးလိုက်ကျတဲ့ တကယ့် သူရဲကောင်းတွေ
မျိုးဆက် သစ်တွေ ရှင်သန်ဖို့အတွက် မရဏလမ်း ခင်းပေးလိုက်ကြတဲ့
သူရဲကောင်း... တကယ့်သူရဲကောင်းကြီးတွေ ။
အော်.....သူတို့တွေဟာ တကယ်တော့ ဘယ်သူမှ
မသိလိုက်ကျတဲ့ အသဲကွဲတောင်ကမ်းပါးတစ်နေရာက စမ်းချောင်းထဲမှာ
မျိုးဆက်သစ်တွေနေရာသစ်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အသက်ကိုစွန့်လွတ်
သွား ကြတဲ့ တကယ့်သူရဲကောင်းတွေပါဗျာ..... ။
အဲ့ဒီအချိန်ကစပြီး ကျွန်တော်ဟာ
သူတို့ကိုဂုဏ်ပြု့သော အားဖြင့် ဘယ်တော့မှ တောင်ဆိတ်တွေကို ဖမ်းဆီး ခြင်း
မလုပ်တော့ ပါဘူးလို့ ခိုင်ခိုင်မာမာပဲ
ဆုံးဖြတ်လိုက်ပါတော့တယ်။ကျွန်တော်ရှေ့မှာတော့ ဘယ်တောင်ဆိတ်ကိုမှ
မမြင်ရတော့ပါ။ ဒါပေမဲ့ အာရုံထည်းမှာ မြင်နေရတာက ...... သူရဲကောင်းတွေရဲ့
ရဲဝံ့တဲ့ လုပ်ရပ် သူရဲကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ သူတို့တွေရဲ့ ပုံရိပ်တွေပဲ
ဖြစ်ပါတယ်။။။။။။
ကြားခဲ့ဖူးသော တရုပ် သူရဲကောင်း ပုံပြင်မှ စိတ်ကူးပုံဖော်ထားပါသည်၊
လေးစားလျှက်......
DaBoeDwe
0 comments:
Post a Comment