-
-
Weeny PDF passsword Remover9 years ago
-
နားလည်ကြဖို့အချိန်တန်ပြီး11 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
Skynet up to date channel လိုင်းအသစ်12 years ago
-
Myanmar National Anthem6 years ago
မြန်မာစံတော်ချိန်
Feedjit
photoshop
My Blog List
နည်းပညာ
အင်ကြင်းချစ်သူ
ကရင်သတင်း
ကေအိုင်စီ
ွဇွဲကပင်
သတင်းထူးများ
ဇွဲကပင်ကိုချစ်သောသူ
စောချစ်သီဟ
ဇွဲကပင်ကိုချစ်တဲ့ငါ
ဘလောဂ်နည်းပညာ
နည်းပညာ
နည်းပညာ
နည်းပညာ
နည်းပညာ
နည်းပညာ
နည်းပညာ
နည်းပညာ
Welcome
ဘာသာရေးစာအုပ်များ
ဘာသာရေးဆိုဒ်
ဘောလုံးပွဲများကြည့်
ဒေါင်းနိုင်သောဇာတ်ကား
သတင်းရေးရာများ
ဓါတ်ပုံဆိုဒ်များ
ဘေလာဂ္ဂ္ဆိုဒ္မ်ား
ပညာရေးဆိုဒ်များ
-
▼
2013
(92)
-
▼
January
(51)
- The best English 28
- The best English 27
- The best English 26
- The best English 25
- The best English 24 (s)
- The best English 23
- The best English 22
- The best English 21
- The best English 20
- The best English 19 (S)
- The best English 18
- The best English 17
- The best English 16
- The best English 15
- ဗုဒ္ဓဘာသာဝင် မှန်ရင် ဖတ်ဖြစ်အောင်ဖတ်သွားကြပါခင်ဗျာ
- 10 Common Expressions in English
- English Communication Skill part 2-2
- English Communication Skill part 1-15
- English Communication Skill part 1-13
- English Communication Skill part 3-18
- English Communication Skill part 1-7.flv
- English Communication Skill part 1-6.flv
- English Communication Skill part 1-14 .flv
- English Communication Skill part 1-4 .flv
- English Communication Skill part 1-2 .flv
- The best English 14
- The best English 13
- The best English 12
- The best English 11
- The best English 10
- The best English 9 (s)
- The best English 8
- The best English 7
- The Best English 6
- The best English 5
- The best English 4
- The best English 3
- The best English 1
- The best English 2
- Burma and The Karens
- The karen people of Burma.
- အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်...
- ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့် ကရင့်သက္ကရာဇ်
- မလေးရှား စိုက်ပျိုးရေး ကရင်နှစ်သစ်ကူး
- ကရင်လူမျိုး၏ မူလဇာစ်မြစ်(၆)
- သူ့ထက်သာသူ
- ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)
- သီရိလင်္ကာနိုင်ငံ ကရင်နှစ်သစ်ကူး အကြိုဆွမ်းကပ်
- ကရင်၏ မူလဇာစ်မြစ် (၄)
- ကရင်၏ မူလဇာစ်မြစ် (၃)
- ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
-
▼
January
(51)
လေဒီယိုနာထောင်ဖို့အတွက်

သီချင်းတောင်းချင်ပါက dj@mmyos.com ကိုအပ်၍ တောင်းဆိုနိုင်ပါသည်
မိမိတို့ Website နှင့် Blog များတွင်ထည့်ချင်ပါက ဒီမှာ ကုဒ်ယူပါ
ပြောချင်တာပြော
light
အှ်လာ.အေဃှူ့ဘိုဝ်

ငွေလဲလှယ်နုန်းများ
ကိုယ်တိုင်ရိုက်ထည့်
ချန်ပီယံလိပ်အဖြေ
တင်ခဲ့သမျှပို့စ်များ
အင်္ဂလိပ်စကားပြော ဗွီဒီယိုဇာတ်လမ်း
ဆော့ဝဲများဒေါင်းရန်
Popular Posts
-
••••••••••••••••••••••••••• ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်...
-
အချစ်မှာရှုံးနိမ့်ခြင်းဟာ ချိုမြိန်ခြင်းတစ်ခုပဲတဲံ့ အဲဒီသီအိုရီကို လက်ကိုင်ထားပြီး ငါဟာလည်း အလွမ်းတွေနှင့် မိတ်ဆွေဖြစ်တာကြာပြီပေါ့ ကြာတော့လ...
-
လက်ဖ၀ါးပေါ်က - ကျွန်း (၁၅)နေရာ-သြဇာမရှိဘူး။ (၁၆)နေရာ- အသက်ကြီးမှ အလုပ်အကိုင်မရှိ၊ဒုက္ခတွေ့တတ်။ (၁၇)နေရာ-ကျောင်းကြို ကျောင်းကြား...
-
"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ" ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတေ...
-
အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် …….. အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက်...
-
ယနေ့လူငယ် နောင်လူကြီး ဟူသောစကားသည် လူတိုင်းပြောနေကျစကားဖြစ်သည်။ ပြောဆိုနေကျဖြစ်သော်လည်း လေးလေးနက်နက်တွေးမိသူကား အလွန်နည်းပေသည်။ လ...
-
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလု...
-
အားလုံးမင်္ဂလာပါနော်။ ယနေ့ (၅.၄.၂၀၁၂) ဟာဆိုရင် ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ကဆုန်လပြည့်အခါသမယဖြစ်သည်နဲ့ အားလျော်စွာ မင်္ဂလာရှိသောေ...
၁၉၆၆ ခုနှစ်ခန့်က အဖြစ်အပျက်တစ်ခုကို သွားသတိရမိ၏ စာရေးသူနှင့် အသက်ချင်းသိပ်မကွာသော မိတ်ဆွေသဟာယကလည်းဖြစ် စာရေးသူထံစာဝါများလိုက်ဖူးသဖြင့် တပည့်လည်းဖြစ်ခဲ့ဖူးသော ဦးအာဒိစ္စ အမည်ရှိ ရဟန်းတစ်ပါးက
' ဦးဇ၀န တပည့်တော် ဦးလေးအိမ်မှာ ကျောက်ဆင်းတု တစ်ဆူ ရောက်နေတယ်ဘုရား မန္တလေးက ပင့်လာတာတဲ့ အဲဒါ ဘုန်းကြီးကျောင်းပို့ခိုင်းရဦးမယ် ကျောက်ဆင်းတုကို အိမ်မှာ မကိုးကွယ် ကောင်းဘူးဆိုတာ သူတို့မသိကြဘူး...'
' အလို ကျောက်ဆင်းတု အိမ်မှာ ကိုးကွယ်တော့ ဘာဖြစ်လို့တုံး ဦးအာဒိစ္စရဲ့...'
သူက အံ့သြသော မျက်လုံးဖြင့် ကျွန်ုပ်ကို လှမ်းကြည့်ကာ လူကိုခိုက်တတ်တယ်ဆိုတာ ဦးဇ၀န မကြားဖူးဘူးလား ဟု မေး၏...
ကျွန်ုပ် က
'ကြားဖူးသားပဲ ဒါပေမဲ့ ကြားတိုင်းယုံစရာ မလိုဘူးလေ ယုတ္တိ ရှိ မရှိ စဥ်းစားဝေဖန်ပြီးမှ ယုံရမှာပေါ့'
' ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ ဆိုတဲ့ စကားရှိတယ် ဦးဇ၀နက ရှေးထုံးကို ပယ်မလို့လား....'
'ဒီစကားပုံက ကောင်းတဲ့အကျိုးပြုတဲ့ ရှေးထုံးကိုသာမပယ်နဲ့လို့ခိုင်းတာမကောင်းတဲ့လူ့လောကကို
ကောင်းကျိုးမပြုတဲ့ ရှေးထုံးတွေကို တော့ ရဲရဲဝံ့ဝံ့ ပယ်ပစ်ရမယ် ပုဂံပြည်မှာ အရင်တုန်းက ဗေဒင်ဟော ဓါတ်ရိုက်ဆေးကု ပန်းဦးပန်နေတဲ့ အရည်းကြီး တွေကို ကိုးကွယ်ခဲ့ကြတယ် ဒါရှေးထုံးပဲ မြန်မာပြည်မှာ သူတို့ တွင်ကျယ်နေတာ နှစ်ပေါင်းအကြာကြီးပဲ ဒီလို မကောင်းတဲ့ရှေးထုံးကြီးက ရှင် အရဟံကို ဆရာတင်ပြီး အနော်ရထာမင်းကြီးက ရဲဝံ့စွာ ဖယ်ရှားပစ်ခဲ့လို့ မြန်မာပြည်သား အားလုံး အခုလို စစ်မှန်ကောင်းမွန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကြည်ညိုကိုးကွယ် ခွင့်ရနေကြတာ မဟုတ်ဘူးလား...'
' ဒါတော့ဟုတ်တာပေါ့......'
'ဒါတင်မကပါဘူး မကောင်းတဲ့ရှေးထုံးမှန်ရင် ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ပယ်ရှား ပစ်ရင် ဟုတ်တာ ကောင်းတာချည်းပဲ အိန္ဒိယနိုင်ငံမှာ ဆိုရင် အရင်တုန်းက လင်သေလို့ မီးရှိုံနေပြီဆိုရင်မယားက အဲဒီမီးပုံထဲကို ခုန်ချပြီးသေရတယ် ကျန်မနေရစ်ရဘူး မိန်းမတွေကိုလူရာမသွင်းဘဲ ကြဉ်ထားတာပေါ့ တကယ်လို့ မီးပုံထဲခုန်မချဘဲ ကျန်ရစ်ခဲ့တဲ့မိန်းမဆိုရင်လည်း နှစ်ဖက်ဆွေမျိုး အပါအ၀င် ပါတ်ဝန်းကျင်တစ်ခုလုံးက မိန်းမပျက်လို့ သဘောထားပြီး အပေါင်းအသင်းမလုပ်ပဲ ၀ိုင်းကြဉ်လိုက်ကြတယ်......'
' တော်တော်ရက်စက်ပြိး လူမဆန်တဲ့ အလေ့အထကြီးပါလား....'
'အဲဒါ ဦးအာဒိစ္စပြောတဲ့ရှေးထုံးပဲလေ ဗုဒ္ဓပွင့်တော်မူလာပြီးတဲ့ နောက် လူသားမှန်သမျှ မဟာကုသိုလ် (ကြီးမားသောကုသိုလ်)စိတ်ကြောင့် ဖြစ်တာချည်းမို့ ယောက်ကျားနဲ့ မိန်းမ အတူတူသာဖြစ်သည်
မည်သူက မည်သူ့ထက်မြတ်သည် ယုတ်သည် မရှိလို့ ပြတ်ပြတ်သားသားဟောပြောတော်မူခဲ့တာကြောင့် အခုဆိုရင် အဲဒီအလေ့အထကြီးပျောက်သလောက် ဖြစ်နေပါပီ အာဖရိက တိုက်ထဲက မှတ်တာပဲ
ကျွန်းနိုင်ငံလေးတစ်ခု အကြောင်းဖတ်ရသေးတယ် အဲဒီနိုင်ငံရဲ့ အလေ့အထ က မိဘတွေကို အိုမင်းချိနဲ့နေတဲ့ အထိ မထားကြဘူး အိုမင်းချိနဲ့ မှသေသွားရင် နောက်ဘ၀မှာလည်း အိုမင်းချိနဲ့နေမယ်လို့ အယူရှိခဲ့ကြတယ်....'
'ဟင် အဲဒီတော့ မိဘတွေကို ဘာလုပ်ပစ်ကြသလဲ...'
` 'ဘာလုပ်ပစ်ရမလဲ အသက်ခြောက်ဆယ်အရွယ်လောက် ရောက်ပြီဆိုတာနဲ့ သားဖြစ်သူက တောင်းထဲထည့်ထမ်းသွားပြီး တောနက်ထဲမှာရှိတဲ့ ဧရာမ ချောက်နက်ကြီးထဲပစ်ချပြီးသတ်ပစ်လိုက်တာပေါ့...'
'ရက်စက်လိုက်တာဘုရား ဒီလိုဆိုတော့ သူတို့တစ်နိုင်ငံလုံး ပဉ္ဇနန္တရိယကံ ထိုက်နေကြတာပေါ့ဘုရား....'
' ဒါကြောင့် လူလောကကို ကောင်းကျိုးမပြုတဲ့ ရှေးထုံးမျိုးကျတော့ ပယ်ရမယ်လို့ ပြောတာပေါ့ အခုတော့ အဲဒီအယူအဆကြီး ပျောက်စပြုနေပြီလို့ သိရပါတယ် ဒီနိုင်ငံနဲ့ ဆက်စပ်မှု့ရှိနေတဲ့ဖြစ်ရပ် ကလေးနှစ်ခု
တပည့်တော် ဖတ်ဖူးထားတယ် ကြေကွဲစရာလည်းကောင်း သင်ခန်းစာ ရစရာလည်းကောင်းတယ်...'
မြန်မြန်ပြောပါဘုရား...
' ဟော တော်တော်စိတ်ဝင်စားနေပြီထင်တယ် ပထမတစ်ခုက သားတစ်ယောက်ဟာ မိခင်အိုကို စောစောကလို ချောက်ထဲပစ်ချပြီး သတ်ရအောင် တောင်းထဲထည့်ပြီး ထမ်းလာတယ် ဒီလိုနေရာမျိုးဟာအနှစ်ငါးဆယ်တစ်ရာနေမှ တစ်ခေါက်လောက်သွားကြတာဆိုတော့ လမ်းရယ်မရှိဘူး တောတိုးပြီးရမ်းသမ်းသွားကြရတာပဲတစ်ချို့အပြန်ကျမှလမ်းပျောက်မျက်စိလည်လို့
အစာရေစာငတ်ပြီး တောထဲမှာသေသွားကြတဲ့သားသမီးတွေလည်းရှိတယ် မိဘသွားသတ်ရင်း နဲ့ ကိုယ်ပါ သေသွားကြရတာပေါ့ ဒီအဖြစ်တွေကိုကြားဖူးတဲ့ တောင်းထဲက မိခင်အိုဟာ လက်လှမ်းမီသမျှ သစ်ခက်တွေကို ချိုးယူပြီး ပေတစ်ရာမှာ တစ်ချောင်းနှုန်း တစ်ချောင်းနှုန်းနဲ့တစ်လမ်းလုံးပစ်ချလာခဲ့တယ် မိခင်ကိုသတ်ဖို့ ဇောတစ်ခုသာ ရှိတဲ့သားကတော့ ဒါတွေကိုမသိရှာ ဘူး ရှေ့ကိုသာစွတ်သွားနေတာပေါ့ ဒီလိုနဲ့ချောက်ကမ်းပါးကိုရောက်တော့ ပစ်မချမီမှာ မိခင်ကို နောက်ဆုံးအနေနဲ့ ဘာမှာခဲ့ချင်သလဲလို့မေးတော့ သားအပြန်မှာ မျက်စိလည်လမ်းမှားမှာစိုးလို့ လမ်းတစ်လျှောက်လုံး ပေတစ်ရာ တစ်ရာမှာ ဒုတ်တစ်ချောင်းနှုန်း ချထားရစ်ခဲ့တယ် ဒီဒုတ်ချောင်းလေးတွေကို ကြည့်ပြီးအိမ်ကို အရောက်ပြန်ပါတဲ့
အဲဒီမှာတင် သားဖြစ်သူက မိဘမေတ္တာကို နားလည်သွားပြီး မသတ်တော့ပဲ အိမ်ကို ပြန်ခေါ်လာခဲ့သတဲ့...'
' မိဘမေတ္တာက အံ့သြစရာပါလား ဘုရား....'
'အံ့သြစရာပေါ့ နောက်တစ်ခုကလည်း ဒီပုံစံပဲ သားဖြစ်သူက ဖခင်ကိုသတ်ရအောင် တောင်းထဲ ထည့်ထမ်းလာခဲ့တယ် ဒီအချိန်မှာ သတ်မဲ့သူရဲ့ သားငယ်တစ်ယောက်ဟာ မသိမသာ နောက်က လိုက်သွားသတဲ့သူ့အဖေက မလိုက်စေချင်မှန်းသိလို့ မသိအောင် လိုက်သွားတာပေါ့ သူ့အဘိုးကို သတ်မယ်ဆိုတာတော့ သူက မသိရှာပါဘူး ချောက်ကြီးနားရောက်လို့ အဘိုးဖြစ်သူကိုပစ်ချမယ်လုပ်တဲ့အခါကျတော့ ကလေးငယ်ဟာ ဖခင်ရှေ့ပြေးလာပြီး အဖေဒါဘာလုပ်တာလဲလို့ အတင်းမေးသတဲ့ အဲဒီအခါ သူ့အဖေက တို့နိုင်ငံရဲ့ ထုံးစံ အတိုင်း တအားမအိုခင်မင်းအဘိုးကို သတ်တာ လို့ဖြေသတဲ့ ဒီတော့သားငယ်က တစ်ခွန်းပြန်ပြောလိုက်သတဲ့ အဲဒီစကားကြောင့်သူသာ သူ့အဖေကို မသတ်ဖြစ်တော့ပဲ အိမ်ကို ပြန်ခေါ်လာခဲ့သတဲ့ သူ့ သားလေးပြောတဲ့ စကားက ကျွန်တော်ကြီးလာရင်လည်း အဖေ့ကို ဒီလိုပဲ ပြန်သတ်ရမယ်ဆိုတာ နားလည်သွားပြီတဲ့....'
'ကဲ ကျောက်ဆင်းတု အကြောင်းဆက်ပါဦးဘုရား...'
' ဆက်ရရင် ကျောက်ဆင်းတုကို လူပုဂ္ဂိုလ်တွေ မကိုးကါယ်ကောင်းဘူး ကိုးကွယ်ရင် ခုက်မယ်ဆိုတဲ့ စကားဟာ ဘယ်ဘုရားဟောကျမ်းဂန်မှာမှ မရှိဘူး ဒါကြောင့် ကျမ်းဂန်လွတ် ထင်ရာပြောကြတဲ့စကား
ဖြစ်လို့ ဘာမှ အလေးထားစရာမလိုဘူး ဒါက ပထမသုံးသပ်ချက်ပေါ့ ဒုတိယ သုံးသပ်ချက်က ကျောက်ဖြစ်စေ ကြေးဖြစ်စေ သစ်သားဖြစ်စေ ဘယ်ဆင်းတုပဲ ကိုးကွယ်ကိုးကွယ် ကြည်ညိုတဲ့သဒ္ဓါစိတ်နဲ့ ကိုးကွယ်ကြတာချည်းပဲ
ကဲ ဦးအာဒိစ္စ ဖြေစမ်းပါ ကြည်ညိုတဲ့ သဒ္ဓါစိတ် ဟာ ကုသိုလ်လား အကုသိုလ်လား....'
' ကုသိုလ်ပေါ့ ဘုရား ...'
' ကုသိုလ်ဆို ကောင်းကျိုးပေးမလား ဆိုးကျိုးပေးမလား'
' ကောင်းကျိုးပဲ ပေးမှာပေါ့ ဘုရား' `
'ဒါဆိုရှင်းနေပြီပဲ ဒီလောက်ရှင်းနေတာကို ရှုပ်သွားအောင် ကျောက်ဆင်းတုကို ကိုးကွယ်ရင် ခိုက်မယ်ဆိုတဲ့ စကားကို ဘယ်သူတွေ ထွင်လိုက်တာလဲဆိုတာကို စဉ်းစားရမယ် ဦးအာဒိစ္စ စဉ်းစားမကြည့်ဖူးဘူးလား...'
'မစဉ်းစားဖူးဘူး ဘုရား..'
' အဲဒီလို မစဉ်းစားတဲ့အတွက်ကြောင့် သာသနာကို ဖြိုဖျက်ချင်တဲ့ သူတွေရဲ့ သပ်လျှို သွေးခွဲစကားကို ဦးအာဒိစ္စ ယုံမိတာပေါ့...'
'သာသာနာကို ဖြိုဖျက်ချင်သူတွေရဲ့ သပ်လျှို သွေးခွဲစကားဟုတ်လား ဘုရား'
'ဟုတ်တယ် ဗုဒ္ဓဘာသာကို ဖျက်ဆီးချင်တဲ့သူတွေက ပြောင်ပြောင်တင်းတင်းဖျက်ဆီးလို့ မရမှန်းသိတော့ ပရိယာယ်နည်းနဲ့ ဗုဒ္ဓကို မကိုးကွယ်ဖြစ်အောင် လှန့်လုံးသွင်းပေးလိုက်တာပဲ ဒါကို အတွေးအခေါ် မရှိတဲ့
ဗုဒ္ဓဘာသာဝင် အချို့က ယုံကြည်လက်ခံပြီး ထပ်ဆင့်ဝါဒဖြန့်ရာကနေ လူပုဂ္ဂိုလ်တွေ ကျောက်ဆင်းတု မကိုးကွယ်ရ ဆိုတဲ့ ၀ါဒက ခေတ်စားလာတာပဲ...'
' ဒါဆိုရင် တပည့်တော်တောင် အတွေးအခေါ်မရှိတဲ့သူ ဖြစ်နေပြီပေါ့ ဘုရား
အမှန်ပဲပေါ့ ဦးအာဒိစ္စတို့လိုဘာသာရေး ခေါင်းဆောင် ရဟန်းတော်(အချို့) ကိုယ်တိုင်က အမြင်မရှင်းမှတော့ စာပေဘာမှမရှိတဲ့ ဒကာ ဒကာမတွေ အယူအဆမှားမှာကတော့ ပြောစရာမရှိတော့ဘူး...'
ယာဒိသံ ၀ပ္ပတေ ဗီဇံ တာဒိသံ ဟရတေ ဖလံ
ကလျာဏ ကာရီ ကလျာဏံ ပါပကာရီ စ ပါပ ကံ
ချိုသောမျိုးစေ့ကို စိုက်ပျိုးသောသူသည် ချိုသော အသီးကို စားရ၏ ခါးသောမျိုးစေ့ကို စိုက်ပျိုးသောသူသည် ခါးသောအသီးကို စားရ၏ ထို့အတူ ကောင်းသော ကုသိုလ် အမှုကိုပြုလေ့ ရှိသောသူသည်
ကောင်းသောအကျိုးကို ခံစားရ၏ မကောင်းသော အကုသိုလ်အမှု့ကိုပြုလေ့ရှိသောသူသည် မကောင်းသော အကျိုးကို ခံစား၏''
(ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အတွေးမှား အမြင်မှားတွေ ပပျောက်စေဖို့ အတွက် ရည်ရွယ်ပြီး ဒီပို့စ်လေးကို ထေရ၀ါဒမှတ်ကျော် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ရဲ့ စာအုပ်ကနေ ရိုက်ကူး တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် ဗုဒ္ဓဘာသာဝင်တွေ အထင်မှားမှု့ ပပျောက်ပါစေ)

အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။
ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်…
အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ
မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ
လုပ်ဆောင်နည်း .........
မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်
ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။
ကရင်နှစ်သစ်ကူးနေ့နှင့်တကွ ကရင်သက္ကရာဇ်ပါလာ၏။၎င်းသက္ကရာဇ်မှာ အံ့သြဖွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာ့သုံးသက္ကရာဇ် ၁၉၈၀-ထက် ၇၃၉ နှစ် ကြီးရကား ကရင်လူမျိုးတို့သည် ကမ္ဘာ့အံ့ဖွယ်တစ်ခုကို တီထွင်လိုက်ခြင်းဖြစ်နေသည် ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။
အကြောင်းစုံဆိုရသော်…..
ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင်ရီးနှီးသူများ ရောက်လာကြသည်။ လာရသည့်အကြောင်းရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို `ဘယ်လိုလဲ အံ့သြစရာပဲ` တယ်ဆန်းကြယ်ပါလား၊ ရှင်းပြပါဦး` ဆို၍ အသီးသီး မေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေ မျှသာ ရှိခဲ့သည်။ ကျေနပ်မှု မရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာမပေါ်ခဲ့ပေ။ကရင်လူငယ်တစ်သိုက်လည်း
အားရ၀မ်းသာရှိကြသည်။
+ Read more
ကရင်လူမျိုးတို့သည်လည်း အချိန်အကန့်အသတ်ကို ကြည့်ပြီး တစ်ရက်၊ တစ်လ၊ တစ်နှစ်ဟု သတ်မှတ်ကာ အမည်နာမပေးကြပါသည်။ မိမိတို့၏ ပထမလကို စကောကရင်ဖြင့် "သလေ"၊ ပိုးကရင်ဖြင့် "ထိုင်ခေါက်ဖိုး" ဟု ခေါ်ကြပါသည်။ ထိုသို့ တစ်နှစ်ဆန်းလျှင် မိမိတို့ ဓလေ့ထုံးစံအရ ပျော်ပွဲ ရွှင်ပွဲများကျင်းပခြင်း၊ ယစ်နတ်ပူဇော်ခြင်း၊ လူကြီးသူမများအား ကန်တော့ခြင်း များကို ပြုလုပ်ကြပါသည်။
နှစ်ကူးခြင်းကို လူမျိုးတိုင်း၊နိုင်ငံတိုင်းတွင် တစ်နှစ်တစ်ကြိမ် နှစ်သစ်နှစ်မြတ်နေဖြင့် သတ်မှတ်ပြီး နှစ်ကူးကြရသည်။ခုနှစ်သက္ကရာဇ်ကို ထိုလူမျိုးများ၏ ဖြစ်ပေါ်ရာ ခုနှစ်ကို စပြီးရေတွက်ခဲ့ခြင်းဖြစ်ပါတယ်။ခုနှစ်သက္ကရာဇ်ကို ကြည့်ခြင်းအားဖြင့်လည်း ထိုလူမျိုး၏ သက်တမ်းကို ခန့်မှန်းနိုင်ပါတယ်။ထို့ကြောင့် လူမျိုးတစ်မျိုး၏ ခုနှစ်သက္ကရာဇ်ာဟာ အသက်သွေးကြောသဖွယ်ဖြစ်ခြင်းကြောင့် နှစ်ကူးခြင်းကို နေ့ထူးနေ့မြတ်အဖြစ် အမြတ်တနိုးတန်ဖိုးထားပြီး နှစ်သစ်မင်္ဂလာယူကြခြင်းလည်း ဖြစ်ပါတယ်။ကရင်လူမျိုးများမှာလည်း မိမိတို့ရဲ့ခုနှစ်သက္ကရာဇ်ာကို တန်ဖိုးထားပြီး ရောက်လေရာ နေရာတိုင်းမှာ နှစ်သစ်မင်္ဂလာယူပြီး နှစ်ကူးကြသည်။ကရင်လို့ ပြောလိုက်ရင် ကရင်အမျိုးသားအားလုံးကို သိမ်းကျုံးပြီးခေါ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ အခုလဲ မလေးရှားနိုင်ငံမှာ နေရာအနှံ ကရင်လူမျိုးများ ကရင်နှစ်သစ်ကူးကို ကျင့်ပတ်ကြပါတယ် ၁၀.၁.၂၀၁၃ ကွာလာလမ်ပူ Chinese Assembly Hall တရုတ်ဘုံကျောင်းမှာ တစ်ကြိမ်ကျင့်ပတ်ကြပါတယ် ယခုတစ်ခါမှာတော မလေးရှား ပါဟမ်းပြည်နယ် စိုက်ပျိုးရေးမှာ နှစ်စဉ်လိုလို စည်ကားသိုက်မြိုင်စွာ ကရင်နှစ်သစ်ကူး ကျင့်ပတ်လေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်. မလေးရှားစိုက်ပျိုးရေးရဲ့ တောတောင်သဘာဝ စိမ်းလန်းစိုပြေမှု လှပတ်တဲ့စိုက်ပျိုးပင်တွေကို ဓါတ်ပုံနှင့်တကွ အောက်မှာဖေါ်ပြလိုက်ရပါတယ်။
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ (S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။
မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့် ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင် အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။
မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက် မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ နေထိုင်ကြလေသည်။
တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟု အဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင် လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။
ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့ ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့ နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။
အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။ အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။
အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁) ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။ အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ် ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ် အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ် နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပေသည်။
ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။
အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီး ဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည် ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည်ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာ ပညာရှင်တဦးလည်း ဖြစ်ပါသည်။
ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟု ဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း သိရသည်။
မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။
ကိ။
သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း ၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။
တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။
ကူ။
မတရာပျူအဆုံးကား “စောဦးစွာ” မင်းပြု၏။
ကော။
ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည် နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။
ကိ။
ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။
ကော်။
သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ “ဥပမာ- မက္ခရာ၊ ပင်လယ်”၊ မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ (Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။
ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ် မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။
တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည် ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။ (မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။
မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော် အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွားသည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀)
ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည် မက်ဆိုပိုတေးမီးယား ဒေသမှလာသော အသိပညာများ ဖြစ်နီုင်သည်ဟု ယူဆနိုင်ပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက်ဖြစ်ပါသည်။ ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သော အတတ်ပညာ ဖြစ်နိုင်ပါသည်။
ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။
အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များ
လော Laos
၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။
ထိုင်း Thai
ထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏ မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူ မြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း ၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။ စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။
ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်း လေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group in Thailand)
ကမ်ပူးခြား (ကမ္ဘောဒီးယား)
ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင် အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis, ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့ သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920, page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.)
ဗီယက်နမ်
ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်း ဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman, North. page 133, 1st col. … The Nuong – Ya’o and the Meo, whose villages are found above the 3000 foot level.)
ဘော်နီယို
ဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်း တွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံကိုလည်း Compton’s Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄ တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။
ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3, No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo and the tribes of Karen in Burma are related)
နိဂုံး
ကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှ မြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍ စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှု မရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက် ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။
တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့် မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင် ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။
ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။
စောဖော (ရန်ကုန်)
ဆက်လက်ဖော်ပြပါမည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
မူရင်း။ ။ Zwekabin.org မှ ပြန်လည်ဖော်ပြပါတယ်။
သူထက်သာလို
များဗိုလ်လူတို့
ကံဥာဏ်ဝီရိယ
ဇွဲစိတ်ဓါတ်နှင့်
စေတနာစည်းကမ်း
တစ်လှမ်းချင်းချိတ်
တံဆိပ်ရင်မှာ
ခတ်နိပ်ပါမူ-ထိုသသူ
မှတ်ယူသူ့ထက်သာ။
အရှင်တေဇနိယ
- ကံချင်းတူသော်လည်း စဉ်းစားဥာဏ်သာသူ.
- စဉ်းစားဥာဏ်ချင်းတူသော်လည်း ၀ီရိယသာသူ.
- ၀ီရိယချင်းတူသော်လည်း ဇွဲသာသူ.
- ဇွဲရှိချင်းတူသော်လည်း စိတ်ဓါတ်သာသူ.
- စိတ်ဓါတ်ချင်းတူသော်လည်း စေတနာသာသူ.
- စေတနာချင်းတူသော်လည်း စည်းကမ်းသာသူ.
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
ကရင်လူမျိုးများ မက်ဆိုပိုတေးမီးယား ဒေသမှ ထွက်ခွာလာကြခြင်းနှင့် ပတ်သက်၍ မည်သည့် အချိန်က ထွက်ခွာလာသည်ကို အတိအကျ ပြောရန် ခဲယဉ်းပေသည်။ သို့သော် ဆာဂွန်ဘုရင်သည် ဘီစီ ၂၇၅၀ ခန့်တွင် မက်ဆိုပိုတေးမီးယားတွင် အုပ်ချုပ်မင်းလုပ်နေပြီ ဖြစ်၍ ဆာဂွန်ဘုရင် လက်ထက်အထိ ကရင်များ ရှိခဲ့မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် စကော ဟူသော အကြီးအကဲ ခေါင်းဆောင် အခေါ်အဝေါ်ကို ဆာဂွန် အမည်မှတဆင့် ကရင်များ ရခဲ့ပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ ဘီစီ ၂၅၀၀ ခန့်လောက်တွင် ထွက်ခွာလာကြသည်ဟု ခန့်မှန်းယူဆလျှင် သင့်တော်ပေလိမ့်မည်။
တဖန် မည်သည့်လမ်းကလာ၍ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသသို့ မည်သည့်အချိန်က ၀င်ရောက်လာကြသနည်းဟူသော အမေးကို စဉ်းစားကြပါစို့။ ရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ အာရှအလယ်ပိုင်း တပြင်တခွင်တွင် ကရင်အမည်နှင့် မှည့်ခေါ်ခဲ့သော အင်းအိုင်များကို ကြည့်ခြင်းဖြင့် ကရင်လူမျိုးများသည် မြစ်နှစ်မွှာ ဒေသမှ အရှေ့ဘက်သို့ ထွက်ခွာလာကြသည်ဟု ယူဆရသည်။
အများအားဖြင့် ရှေးလူမျိုးများ ရွေ့ရှားပုံကို လေ့လာပါက သွားလာရေး လွယ်ကူသော မြစ်ကြောင်းဖြင့်သာ စုန်လိုက် ဆန်လိုက် ပြောင်းရွှေ့ကြသည်ဟု ယူဆနိုင်ပါသည်။
ထို့ကြောင့် ရှိနလွင်ပြင် အောက်ပိုင်းမှ ယူဖရေးတီး၊ တိုက်ဂရစ် မြစ်ကို ဆန်ပြီး ကော့ကေးဆပ် (Caucasus) တောင်တန်းဘက်သို့ ရွေ့သွားပုံရသည်။ ကရင်လူမျိုးများ ကော့ကေးဆပ် တောင်တန်းတွင် နေထိုင်ခဲ့ကြောင်းနှင့် ကော့ကေးဆပ် တောင်တန်းသားဟု အဆိုပြုမှု ရှိခဲ့ပါသည်။ (The loyal Karen of Burma by D.M. Smeton. M.A. 1920, p77, The Karen are small in Nature … and the features of those of pure blood are caucasian intype.) ၎င်းပြင် မြစ်ကြောင်းသည်လည်း ကော့ကေးဆပ် တောင်တန်းမှ မြစ်ဖျားခံသောကြောင့် ဖြစ်သည်။ သတိပြုရမည်မှာ ကရင်လူမျိုးများ ပြောင်းရွှေ့သွားခြင်းသည် တရွေ့ရွေ့နှင့် ပြောင်းရွှေ့သွားခြင်းမျိုး ဖြစ်မည်။ မြစ်ဖျားခံရာ ကော့ကေးဆပ် တောင်တန်းသို့ ရောက်သောအခါ ၎င်းတောင်တန်း၌ ရေခဲမြစ်များ၊ ကျောက်နံရံများ စသည့် အခက်အခဲများ ရှိသဖြင့် ရှေ့သို့ ဆက်မသွားနိုင်တော့ပုံရသည်။
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၁၊ စာ ၂၄၈) ၌ ကော့ကေးရှားနယ်ရှိ တောင်တန်းများသည် အချို့နေရာ၌ မိုင်ဝက်ခန့်သာ မြင့်သည်။ ကျောက်နံရံကြီးသဖွယ် ဖြစ်နေပြီးသော် အချို့တောင်ထိပ်များမှာ ပေ ၁၆၀၀၀ ကျော်မြင့်သည်။ အမြင့်ဆုံး တောင်ထိပ်မှာ ပေ ၁၈၄၈၁ မြင့်သော အဲလ်ဗရူး တောင်ထိပ်ဖြစ်သည်။ ယင်းမှာ ဥရောပ တောင်များအနက် အမြင့်ဆုံးဖြစ်သည်။ တောင်ကြားများတွင် ရေခဲမြစ်ပေါင်း ၉၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းအခက်အခဲများကြောင့် ကရင်များသည် ကော့ကေးဆပ်တောင်တန်းကို မကျော်နိုင်တော့ဘဲ အရှေ့ဘက်သို့ ထွက်ခွာလာသည်ဟု ယူဆရသည်။
ထိုမှတဆင့် ထီးဆဲ့မဲ့ယွာ ရှိသည်ဟု ယူဆရသော တာကစ္စတန်နယ်ကို ဖြတ်ပြီး ကမ္ဘာ့အမိုး “ပါမီယာ” (Pamirs) တောင်၏ မြောက်ဘက်ဝန်းကျင်မှ ဖြတ်ကာ တရုတ်ပြည် အနောက်ဘက်နှင့် တောင်ဘက်သို့ ရောက်ရှိပြီး တိဘက်ဒေသမှ မဲခေါင်၊ သံလွင်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း အရှေ့တောင် အာရှသို့ ပြောင်းရွှေ့လာကြသည်ဟု ယူဆရသည်။ ပြောင်းရွှေ့လာပုံမှာ တရွေ့ရွေ့နှင့် တသုတ်ပြီး တသုတ် လူရေစီးကြောင်းသဖွယ် ပြောင်းလာသည်ဟု ယူဆရပေမည်။
အင်းများ အိုင်များ ပတ်ဝန်းကျင် ရောက်သောအခါ နှစ်အတန်ကြာ နေကြပုံရသည်။ ထိုသို့ နေခဲံ၍သာ အင်းအိုင်များသည် ၎င်းတို့ခေါ်သော အမည်နှင့် တွင်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
စိုက်ပျိုးမွေးမြူရေး ကောင်းသောနေရာ ဒေသများ၌ နှစ်အတန်ကြာ နေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှသို့ ရောက်သောအခါ ဤဒေသ၌ ကြေးခတ် ထွန်းကားသော အချိန်နှင့် တိုက်ဆိုင်မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော ကရင်လူမျိုးများ အမြတ်တနိုး တန်ဘိုးထားသော ဖားသည် (Frog drum) မှာ ကြေး၊ သတ္တုနှင့် ပြုလုပ်ထားသဖြင့် ဖားစည်သုံးသော ခေတ်သည် အရှေ့တောင် အာရှ၌ ကြေးခေတ် ထွန်းကားနေပြီဟု ယူဆရသည် (ဗိုလ်မှူး ဘရှင် ရေးသည့် အနော်ရထာဘုရင်နှင့် မြန်မာနိုင်ငံ၊ ပထမနှိပ်ခြင်း၊ စာ ၆၇၊ စာကြောင်း ၉)။ ထို့ပြင် တိဘက် မြန်မာ ရှေ့ပြေးလူများ မ၀င်ရောက်မီ ကတည်းကပင် အရှေ့တောင်အာရှ၌ ကြေးသွန်းအတတ် ရှိနေပြီဟုလည်း ဆိုနိုင်ပါသည်။
အရှေ့တောင်အာရှသို့ ၀င်ရောက်လာပုံ
အထက်ဖော်ပြပါအတိုင်း မွန်ဂိုအနွယ်ဝင် ကရင်များသည် အာရှအရှေ့တောင်သို့ ကျောက်ခေတ်နှောင်း ကုန်ဆုံးပြီး ကြေးခေတ် ထွန်းကာချိန်၌ ၀င်ရောက်လာခဲ့သည်ဟု ယူဆရသည်။ ကြေးလက်နက် ပစ္စည်းများကို မြောက်ဗီယက်နမ် မြစ်နီမြစ်ဝှမ်းရှိ “ဒုံးစောင်း ယဉ်ကျေးမှု” (Donsonnian culture) ၌ တွေ့ရှိသည့်အပြင် မြန်မာပြည်နှင့် ကမ်ပူးခြား (ကမ္ဘောဒီးယား) ၌လည်း တွေ့ရသည်။
မာကိုပိုလိုသည် မွန်ဂိုတာတာ စစ်တပ်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က ယူနန်ရှိ ကရင်များ နေထိုင်ရာ ပြည်နယ်ကြီးကို ဖြတ်ခဲ့ပြီး နယ်က ကျယ်လွန်းသဖြင့် (၇) ပိုင်းခွဲကာ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချီ (Yachi) ဖြစ်ပြီး တာလီဖူ ဟုလည်း ခေါ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
မူရင်း။ ။ Zwekabin.org(ကျော်ခရော့စ်မှ ပြန်လည်ဖော်ပြပါတယ်။
လူမျိုးအသီးသီးတို့သည် ရှေးပဝေသဏီကပင် မိမိတို့ဆိုင်ရာ လူမျိုးအလိုက်
ရေကြည်ရာမြက်နုရာ ဆိုသလို အဆင့်ဆင့် ဆင်းသက်နေထိုင်ခဲ့ကြသည်။ မိမိတို့
ခုနှစ်သက္ကရာဇ် သေသေချာချာ မရှိသေးချိန်တွင် တောတောင်သဘာဝ၊ ရေမြေရာသီဥတု၊
သစ်ပင် ပန်းမန်၊ နေလ၊ နက္ခတ်တို့ကို လေ့လာမှတ်သား၍ အချိန်ကာလ
အပိုင်းအခြားတို့ ခွဲပြားသိမြင်ကြသည်။
ကရင်လူမျိုးတို့သည်လည်း
အချိန်အကန့်အသတ်ကို ကြည့်ပြီး တစ်ရက်၊ တစ်လ၊ တစ်နှစ်ဟု သတ်မှတ်ကာ
အမည်နာမပေးကြပါသည်။ မိမိတို့၏ ပထမလကို စကောကရင်ဖြင့် "သလေ"၊ ပိုးကရင်ဖြင့်
"ထိုင်ခေါက်ဖိုး" ဟု ခေါ်ကြပါသည်။ ထိုသို့ တစ်နှစ်ဆန်းလျှင် မိမိတို့
ဓလေ့ထုံးစံအရ ပျော်ပွဲ ရွှင်ပွဲများကျင်းပခြင်း၊ ယစ်နတ်ပူဇော်ခြင်း၊
လူကြီးသူမများအား ကန်တော့ခြင်း များကို ပြုလုပ်ကြပါသည်။
နှစ်ကူးခြင်းကို လူမျိုးတိုင်း၊နိုင်ငံတိုင်းတွင် တစ်နှစ်တစ်ကြိမ် နှစ်သစ်နှစ်မြတ်နေဖြင့် သတ်မှတ်ပြီး နှစ်ကူးကြရသည်။ခုနှစ်သက္ကရာဇ်ကို ထိုလူမျိုးများ၏ ဖြစ်ပေါ်ရာ ခုနှစ်ကို စပြီးရေတွက်ခဲ့ခြင်းဖြစ်ပါတယ်။ခုနှစ်သက္ကရာဇ်ကို ကြည့်ခြင်းအားဖြင့်လည်း ထိုလူမျိုး၏ သက်တမ်းကို ခန့်မှန်းနိုင်ပါတယ်။ထို့ကြောင့် လူမျိုးတစ်မျိုး၏ ခုနှစ်သက္ကရာဇ်ာဟာ အသက်သွေးကြောသဖွယ်ဖြစ်ခြင်းကြောင့် နှစ်ကူးခြင်းကို နေ့ထူးနေ့မြတ်အဖြစ် အမြတ်တနိုးတန်ဖိုးထားပြီး နှစ်သစ်မင်္ဂလာယူကြခြင်းလည်း ဖြစ်ပါတယ်။ကရင်လူမျိုးများမှာလည်း မိမိတို့ရဲ့ခုနှစ်သက္ကရာဇ်ာကို တန်ဖိုးထားပြီး ရောက်လေရာ နေရာတိုင်းမှာ နှစ်သစ်မင်္ဂလာယူပြီး နှစ်ကူးကြသည်။ကရင်လို့ ပြောလိုက်ရင် ကရင်အမျိုးသားအားလုံးကို သိမ်းကျုံးပြီးခေါ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ကရင်နှစ်သစ်ကူးသမိုင်းကို အရင်ပို့စ်များမှာ တင်ခဲ့ပြီး ဖြစ်ပါတယ်။ဒါကြောင့် ကရင်နှစ်သစ်ကူးခြင်းကို ဘာသာတရားမခွဲခြားဘဲ ကရင်လူမျိုးတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ကျင်းပကြပါတယ်။၂၇၅၂-ခုနှစ်၊ ကျရောက်သော ကရင်နှစ်သစ်ကူးနှစ်ကို အထိမ်းအမှတ်အဖြစ် သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေသော ကရင်သံဃာတော်များက ဒီနေ့(၅-၁-၂၀၁၂)နေ့တွင်နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရှိ မကုဋာရာမ မြန်မာကျောင်းတိုက်တွင် သံဃာတော် အပါး(၁၀၀)ကျော်ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ကရင်နှစ်သစ်ကူးကို လာမည့် (၁၂-၁-၂၀၁၃)နေ့မှနစ်ကူးမှာဖြစ်သော်လည်း သီရိလင်္ကာနိုင်ငံတွင် သံဃာတော်တွေက မစုံလင်တဲ့အတွက် အဲဒီနေ့မှာ မကျင်းပနိုင်ဘဲ ရှေးကိုကြိုပြီးမှ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲခြင်းဖြစ်ပါတယ်။ သံဃာတော်များ ဆွမ်းဆက်ကပ်လှုးဒါန်းပုံများကို အောက်မှာ ကြည့်ရှူနိုင်ပါတယ်.
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက် ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။ အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား ရှိကြသေးသည်။
အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ -
၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚
၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚
၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15
၎။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚
၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45
၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45
၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45
၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45
စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။
ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ ဤစကားအရ ကရင် ဘိုးဘေးများသည် အာရှ အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော ထူးထူးခြားခြားရှိသည့် နေရာကို ဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။
သို့ဖြစ်၍ အာရှတိုက် ကုန်းတွင်းပိုင်း ထိုနေရာကို အမျိုးမျိုး ရှာဖွေကြည့်ရာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ၏ မြောက်ဘက်၊ ဆိုဗီယက် ပြည်ထောင်စုတွင် ပါဝင်သော တာကစ္စတန် (Turkestan) နယ် (ယခု သီးခြားနိုင်ငံ) တွင် ၎င်း ထီးဆဲ့မဲ့ယွာ အမည်နှင့် ကိုက်ညီသော နေရာ ထင်ထင်ရှားရှားရှိကြောင်း သိရပါသည်။ (See. Lands and Peoples. Vol III, p163- “A Glimpse of Turkestan” In this strange land of Turkeston, The surface of the earth is constanl changing, rivers are shifting their courses or wandering off to be swallowed up by the desert courses or wandering off to be swallowed up by the desert sands.)
+ Read more
အချို့က ထီးဆဲ့မဲ့ယွာကို မြစ်ဝါမြစ်ဟု ယူဆကြသည်။ မြစ်ဝါမြစ်သည် ‘လိုးအက်စ်’ ဒေသများကို ဖြတ်ကျော်လာရသဖြင့် ရေ၏အရောင်မှာ အ၀ါရောင် ပေါက်လာခြင်းဖြစ်သည်။ ယခု ကရင် ဘိုးဘေးများ ပြောသော “သဲစီးဆင်းသောမြစ်” “သဲစီးဆင်းသောချောင်း” ဆိုသည်မှာ ၎င်းတို့ ဖြတ်သန်း ကျော်လွှားရာ၌ အလွန်အန္တရာယ် ရှိပုံရပြီး အလွန်ခက်ခဲပုံ ရပါသည်။ သို့ဖြစ်၍လည်း ၎င်းဒေသကို မမေ့နိုင်ဘဲ သားစဉ်မြေးဆက် ပြောဆိုလာကြခြင်း ဖြစ်နိုင်ပါသည်။
မြစ်ဝါမြစ် ခေါ် ဟွမ်ဟိုမြစ်သည် လှေ၊ သမ္ဗာန်ဖြင့် ကူး၍ လွယ်ကူသော နေရာ ဖြစ်သဖြင့် ထိုဒေသဖြစ်ရန် ခဲယဉ်းပါသည်။ ဖြစ်နိုင်သည်က မြစ်ဖျားခံရာအရပ် ဖြစ်သည်။ သို့သော် မှတ်တမ်းမှတ်ရာအရ တာကစ္စတန် နိုင်ငံတွင် အချို့နေရာ၌ မြစ်ထဲတွင် သဲများ စီးဆင်းရုံမျှသာမက သဲကန္တာရထဲပင် မြစ်များမြုပ်ဝင်သွားကြသည်ဟု သိရပါသည်။ ထိုမြုပ်ဝင်သွားသော မြစ်များ၊ ချောင်းများသည် တနေရာရာတွင် ပြန်၍ ပေါ်လာမည်ဖြစ်ပြီး ထိုပေါ်လာသော မြစ်ချောင်းသည် သဲနှင့်ရေ ရောလျှက် သဲစီးသော မြစ်ချောင်းသဏ္ဌာန် ဖြစ်လာပေလိမ့်မည်။ ဤအချက်အရ ကရင် ရှေးရှေးဘိုးဘေးများသည် တာကစ္စတန် ဒေသကို ဖြတ်ကျော်လာရမည်ဟု ယူဆရန် ရှိပါသည်။
တဖန် ဆက်လက်၍ လေ့လာပါက စိုက်မရ ပျိုးမရနိုင်သော သဲစီးသော မြစ်ဝှမ်းတွင် ယဉ်ကျေးမှု စတင်နိုင်စရာလည်း မဖြစ်နိုင်ပါ။ ကရင်လူမျိုးသည် ယခုလက်ရှိ အခြေချရာ ဒေသသို့ ရောက်ရှိစအခါက စိုက်ပျိုးရေး မွေးမြူရေးကို လုပ်ကိုင်နေထိုင်ကြသည်သာမက အုပ်ချုပ်သူ မင်းနှင့် စော်ဘွား (စကော) နှင့် ရှိနေသည်ကို ထောက်ရှုခြင်းဖြင့် အုပ်ချုပ်ပုံစနစ်နှင့် စိုက်ပျိုးမွေးမြူသည့် အတတ်တို့ကို တနေရာရာမှ တတ်သိနားလည်လာသည်ဟု ယူဆရပေသည်။ ထိုပညာရပ်များအား ကရင်များ နည်းယူရရှိခဲ့သော နေရာကို ဆက်၍ စူးစမ်းရပေမည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ကရင်တို့သည် တာကစ္စတန်နယ်၏ အနောက်တောင်ဘက် အီရန်နိုင်ငံ (ယခင်အခေါ် ပါရှားနိုင်ငံ) အနောက်မြောက်ဘက်ကို ဖြတ်ကျော်လိုက်ပါက မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသော “မြစ်နှစ်မွှာ” မြစ်ဝှမ်းဒေသကို ရောက်ပေမည်။ လမ်းပန်း ဆက်သွယ်ရေးအရ လွယ်ကူသော နေရာ ဖြစ်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုးကုန်သည် လမ်းကြောင်း (Silk road) နှင့် မာကိုပိုလို တရုတ်ပြည်သို့ သွားရာလမ်းသည် ဤဒေသများမှ ဖြတ်သန်းသွားသည်ကို ထောက်ရှုခြင်းဖြင့် သိနိုင်ပေသည်။
သို့ဖြစ်၍ ကရင်လူမျိုးများ ထိုမြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်စရာ ရှိသည်ဟု ယူဆစရာ ရှိသည်။ ကရင်လူမျိုးများ၏ အစဉ်အလာ ယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့် သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ‘စကော’ (မြန်မာအခေါ် ‘စော်ကဲ’) သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု “ကရင်” စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော ‘စကော’ သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် ‘ဆာဂွန်’ နှင့် အခေါ်အဝေါ် တူပါသည်။ မြန်မာ့ သမိုင်းမှာ “မင်းကြီးစွာစော်ကဲ ဘယ်သူလဲ” သိလိုသော ကရင်လူငယ်များ “မှန်နန်းရာဇ၀င်” ကို အခေါက်ခေါက် အခါခါ ဖတ်၍ လေ့လာနိုင်ပါသည်။ (History of the World by Leech, p56 “Sargon Empire” Propably about 275089, a Semitie chieftain called Sargon ruled in Akkad, and he was a truly great soldier.)
ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလ လူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။
ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The Karen name for God, Y’wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.)
ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they have certain customs which remind one of some of the mosaic Institution, notably the Passover.)
ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y’wah) ကိုသာ ကိုးကွယ်သည်။ အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y’wah) သာလျှင် ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။ ကာလကြာလာခြင်းကြောင့် အနည်းငယ် ပြောင်းလဲမှု ရှိခြင်းသည် ဓမ္မတာပင် ဖြစ်သည်။
အတိုချုပ် ပြောရမည်ဆိုပါက ယဉ်ကျေးလာပြီဟု ယူဆရမည်ဖြစ်သော မွန်ဂိုအနွယ်ဝင် ကရင်ဘိုးဘေးများသည် ဤလူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာ (Cradle of civilization) မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။
ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့် အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ် သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊ မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။
မက်ဆိုပိုတေးမီးယား ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်။ စပါးတတင်း မျိုးချလျှင် တင်း ၁၀၀ ထွက်သည်ဟု အဆိုရှိပါသည်။ (ဦးတင်မောင် ရေးသည့် ရှေးခေတ်ဟောင်း ကမ္ဘာ့သမိုင်း ပထမတွဲ၊ စာ- ၈၇၊ စာကြောင်းရေ ၁၁)
ဤမျှ မြေသြဇာကောင်းသော ဒေသကို မွန်ဂိုအနွယ်ဝင် ကရင်များသည် အဘယ်ကြောင့် စွန့်ပစ်၍ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ သဲစီးဆင်သော အန္တရာယ်ရှိသည့် မြစ်များကို ကျော်ဖြတ်လျှက် အရှေ့တောင် အာရှ ဒေသသို့ ပြောင်းရွှေ့လာကြရပါသနည်း။ စိတ်ဝင်စားဖွယ်ရာ အချက်တခုပင် ဖြစ်သည်။
မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့) မက်ဆိုပိုတေးမီးယား ဒေသ (သို့) ရှိနလွင်ပြင် ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည် (Pertile cresent)။ ထိုသို့ မြေသြဇာ ကောင်းသော ဒေသကို လူမျိုးများ တမျိုးပြီး တမျိုး၊ တသုတ်ပြီး တသုတ် ၀င်ရောက်လာကြပြီး ရှိနှင့်သော လူမျိုးများကို တိုက်ခိုက် အနိုင်ယူကာ အခြေချ နေထိုင်ခဲ့ကြသည်။ ရှုံးနိမ့်သော သူများအနက် အချို့မှာ ရှောင်ခွာသွားကြပြီး အချို့မှာ လက်အောက်ခံ ဘ၀ဖြင့် ရောနှော နေထိုင်သွားကြသည်။
ဥပမာ ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား အောက်ပိုင်းတွင် ဆူးမားရီးယန်း လူမျိုးများ အခြေချ နေထိုင်ကြသည်။ အထက်ပိုင်း၌ အကားဒီးယန်းများ နေထိုင်ကြသည်။ အတန်ကြာသော် အာရေးဘီးယား သဲကန္တာရဘက်မှ ဆီးမိုက်များ ၀င်ရောက်တိုက်ခိုက်ပြီး အကာဒီးယန်းဒေသကို သိမ်းပိုက်လိုက်သည်။ နောက်တဖန် အောက်ပိုင်းဒေသတွင်ရှိသော ဆူးမားရီးယန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး ဆူးမားအက္က နိုင်ငံ နှစ်ခုပေါင်း အုပ်ချုပ်ခဲ့သည်။ ၎င်းတို့၏ ဘုရင် ဆာဂွန်သည် အလွန်တန်ခိုးကြီးသည့် အင်ပါယာနိုင်ငံကို ထူထောင်ခဲ့သည်။
တခါတရံ ဆီးမိုက်ဘုရင်ငယ်များ အချင်းချင်းလည်း တိုက်ခိုက်ကြသည်။ အာမိုရိုက် လူမျိုး၊ ဟစ်တိုက်ဟူရယန်၊ ကဆိုကများ၊ ပါရှန်းများ၊ မိဒိများ၊ အီလာမိုက်၊ ဟစ်ဆော့၊ အဆီးရီးယန်း၊ အာရိယန် စသည့် လူမျိုးများသည် တဦးနှင့်တဦး တိုက်ခိုက်ကြသောကြောင့် မက်ဆိုပိုတေးမီးယား ဒေသသည် စစ်တလင်းဖြစ်လိုက်၊ အေးဆေးသောအခါ တိုးတက်လိုက်နှင့် လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု ထွန်းကားရာ ဒေသ ဖြစ်လာတော့သည်။ ထိုသို့ မကြာခဏ ဆိုသလို စစ်ပွဲ ဖြစ်နေ၍ ငြိမ်းချမ်းစွာ နေလိုသော ကရင်များသည် ထိုဒေသမှ ထွက်ခွာကြခြင်း ဖြစ်ဟန်တူပေသည်။
မူရင်း။ ။ ဇွဲကပင်(ကျော်ခရော့)မှ ပြန်လည်ဖော်ပြပါသည်။
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။
အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)
ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။ မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍ အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ ယဉ်ကျေးလာရမည်သာ ဖြစ်သည်။
ဆက်ဖတ်ရန်...
မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။
ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။
ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။
မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့် ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ - ၅၁ - ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟု ယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်) အခန်း ၃၉ - တ - ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian - Karaianer) ဟု ရေးသားထားသည်ကို တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြ ထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo Karen by James W. Hamilton, VII)။
ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင် ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့ ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers – Vol VIII, part 1, Oct, 1975, p 59)။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
မူရင်း။ ။ဇွဲကပင် ၀က်ဆိုက်မှ ပြန်လည်ဖော်ပြပါတယ်။
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။

အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။
ဆက်ဖတ်ရန်...မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။
အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။
ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။
ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။
ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။
အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။
လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၎။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)
အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။
ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။
မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, - )
သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့ လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင် ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့် တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
နှစ်သစ်ကူးနေ့ စည်ကားရန်နှင့် နှစ်စဉ်ပိုမို စည်ကားရန် ကြိုးပမ်းကြသည်ကို မြင်ရသည်မှာ ၀မ်းမသာဘဲ မရှိနိုင်ပေ။ သို့သော် ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကား၍ ပိုမိုထွန်းတောက်လာရမည့်အစား မှေးမှိန်စေသော အကြောင်းအရာတစ်ချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်တချို့လည်း ကရင်စာအုပ်၊စာတမ်းများကို ရှာဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။
ကရင်သက္ကရာဇ်နှစ်ဟာ ယုံမှားစရာ၊ ၀ီစိကိစ္စာ ရှိစရာပဲလို့ မြည်လာပေသည်။
ထိုသို့မြည်သံကား မကျယ်သေး၊ ပို၍မကျယ်မီ ယုံမှားသံသယကင်းစင်အောင်၊ ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။ ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းကဏ္ဍမှာ ဇန်န၀ါရီ (၁) ရက်နေ့ ရွေးမလား၊ ဆရာယုဒသန် မြန်မာပြည်ရောက်လာသည့်ရက်ကို ရွေးမလား၊ ပြာသိုလ်လဆန်း(၁) ရက်နေ့ကို ရွေးမလား ပြဿနာပေါ်ပေါက်ခဲ့သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်ပေါက်နိုင်ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတပညာရှင်တို့ ယူဆကြသည်။ ဤကဲ့သို့ တွေးထင်သူများအား အပြစ်ပြောစရာ မရှိပေ။ ဤပြဿနာရှိနေသမျှကာလပတ်လုံး ကရင်နှစ်သစ်ကူးနေ့၏ အရောင်အ၀ါသည် ပိုမိုထွန်းလင်း ထောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဘက်သို့သာ ယိုင်အံ့။ ကျေနပ်လောက်အောင် သံသယမရှိအောင် ရှင်းလင်းဖို့ လိုပေသည်။
(၁)ပဲခူးနယ်၊ ဟင်္သာတနယ်၊တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလ်လဆန်း (၁) ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏။ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးလှသည်။ သို့သော် မကွယ်ပျောက်သေး။
(၂) ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခုနှစ်၊ ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေး၊ ထိုင်ခုတ်ဖို၊ လဆန်း(၁) ရက်နေ့နှင့် (၂) ရက်နေ့သည် ပြာသိုလ်လဆန်း (၁) ရက်နှင့် (၂) ရက်တွင် ကျရောက်သည်ဟု ဆိုထားပေသည်။(The Karen’s New year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟု ပါရှိသဖြင့် Bill ဥပဒေကြမ်းကိုဖတ်မိလျှင် မည်သည့်နေ့တွင် ရွေးချယ်ရမည့် ပြဿနာ မပေါ်နိုင်ပေ။
သတိ။ ။ ကရင်နှစ်သစ်ကူးနေ့ (၂) ရက်တောင်း၏။
သို့သော် (၁) ရက်သာရ၏။
(က)မြေပြန့်ကရင် ပြာသိုလ်လဆန်း(၁) ရက်၊ သလေးထိုင်ခုတ်ဖို (၁) ရက်နေ့တွင် ကျင်းပ၏။
(ခ)ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲလဆန်း (၁) ရက်နေ့တွင် ကျင်းပ၏။
(ဂ)ဘားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင်များ နယုန်လအတွင်း စနေနေ့ ကျရောက်သော နေ့တစ်နေ့တွင် ကျင်းပ၏။
(ဃ)ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်းလဆန်း ပထမစနေနေ့မှာ ကျင်းပ၏။
ကိုးကားချက်။ ။ တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ်(၁-၂က၊ ခ၊ ဂ၊ ဃ) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးကရှိခဲ့ဖူးကြောင်းထင်ရှားလှ၏။
သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ လင်းစေသော်။
ကရင်သက္ကရာဇ် (၃) မျိုး
ရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ရှင်တော် ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။
နောင်သက္ကရာဇ် (၁၀၁) သို့ရောက်သော် ဒွတ္တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာနေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းပေးခဲ့၏။ အစဉ်အတိုင်း သက္ကရာဇ်တို့ ရေတွက်လာရာ ၆၂၄-ခုနှစ်သို့ ရောက်လာသောအခါ သုနုမုန္ဒရီမင်း ဒေါဒေါသရကိန်းအရ ၆၂၂ ကိုဖြို၍ အကြွင်း(၂) ခုထားပြီး ရေတွက်စေ၏။
နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတစ်ချပ် လေကြမ်းတိုက်ပြီး လွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြားဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စု သုံးစုကွဲသွားလေတော့သည်။
ပျူတို့မှာ အထက်အညာသို့ပြောင်းရွှေ့၍ ယုန်လွတ်၊ပုဂံပြည်စသည်တို့ကို တည်ထောင်ကြသည်။ ဖြိုသက္ကရာဇ်ကို ပျူတို့ ယူဆောင်သွားကြသည်။သက်တို့မှာ အရှေ့အရပ်သို့ ပြောင်းရွှေးသွားကြ၏။
ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏၊ မရွှေ့မပြောင်းကြချေ။
ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄ သို့ရောက်သောအခါ ပုပ္ပါးစော ရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂ နှစ်ကိုဖြို၏။ အကြွင်း(၂) ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်ပြန်၏။ ယခုအခါ ကောဇာသက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော
သက္ကရာဇ် ၁၃၂၄-ခုနှစ် ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ်မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံတော်မူသည့်နှစ်မှစ၍ ရေတွက်သောကြောင့် မူရင်းမှာ မခြား အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမကြိမ် (၆၂၂) နှစ်၊ ဒုတိယကြိမ် (၅၆၂) နှစ်၊ နှစ်ပေါင်း (၁၁၈၄) နှစ် ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းစေရန် ဇယားဖြင့် အောက်တွင် ဖော်ပြထားသည်။
ဆက်လက်ဖော်ပြပါဦးမယ်….။