ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

4:02 PM

သူ့ထက်သာသူ

Posted by saw chit thi ha

သူ့ထက်သာသူ
သူထက်သာလို
များဗိုလ်လူတို့
ကံဥာဏ်ဝီရိယ
ဇွဲစိတ်ဓါတ်နှင့်
စေတနာစည်းကမ်း
တစ်လှမ်းချင်းချိတ်
တံဆိပ်ရင်မှာ
ခတ်နိပ်ပါမူ-ထိုသသူ
မှတ်ယူသူ့ထက်သာ။
အရှင်တေဇနိယ
  1. ကံချင်းတူသော်လည်း စဉ်းစားဥာဏ်သာသူ.
  2. စဉ်းစားဥာဏ်ချင်းတူသော်လည်း ၀ီရိယသာသူ.
  3. ၀ီရိယချင်းတူသော်လည်း ဇွဲသာသူ.
  4. ဇွဲရှိချင်းတူသော်လည်း စိတ်ဓါတ်သာသူ.
  5. စိတ်ဓါတ်ချင်းတူသော်လည်း စေတနာသာသူ.
  6. စေတနာချင်းတူသော်လည်း စည်းကမ်းသာသူ.                     

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top