ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ပြန်ခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်းဘုရား
***************************

စာပေပရိယတ်၊ ကျမ်းဂန်တတ်မှ၊

မြင့်မြတ်ပေသည်၊ ကြံတွေးရည်၍၊

ထိုဤမြို့သို့၊ သားတော်ပို့သည်၊

လွမ်းလို့နေရပါတယ်ဘုရား။

ဖခမည်းနှင့်၊ သားကြီးမယ်တော်၊

နေ့စဉ်မျှော်၍၊

ပေါ်လာလိမ့်နိုး၊ လာလိမ့်နိုးဖြင့်၊

လက်ချိုးရေတွက်နေရပါတယ်ဘုရား။

မြေးသားလူထွေး၊ ငယ်နုသေး၍၊

ခလေးအများ၊ ချောင်းကြိုကြားမှာ၊

ငါးရှာဖားရိုက်၊ ကစားလိုက်နှင့်၊

ငယ်ခိုက်ချိန်လေး၊ စာနှင့်ဝေးသည်၊

တွေးရင်းရင်လေးမိပါတယ်ဘုရား။

ရပ်သူရွာသား၊ လူအများမှာ၊

တရားရေအေး၊ တိုက်ကျွေးမည့်သူ၊

မရှိမူ၍၊ လူသည်လူ့အသိမရှိကြတော့ပါဘုရား။

သားတော်ငယ်ပေါင်း၊ ရွာကကျောင်းမှာ၊

ကျောင်းသားကိုပင်၊ မတွေ့မြင်ခဲ့၊

ကိုရင်ဘယ်မှာ၊ ဖြစ်ထွန်းပါလိမ့်၊

သာမဏေဝါဝင်း၊ မရှိကင်းသော်၊

ပဉ္ဇင်းဘယ်မှာ၊ ဖြစ်ထွန်းပါလိမ့်၊

ပင်မှာသက်သက်၊ ခက်လက်မဖြာ၊

သာသနာလျှင်၊ ရောင်ဝါမလင်းနိုင်တော့ပါဘုရား။

သာသနာရင်းမြစ်၊ တောကဖြစ်လျှက်၊

တောပစ်မြို့ပေါ်၊ သားတော်ပျော်က၊

တော်မတော်ပင်၊ ပြန်တွေးစဉ်း၍၊

လျှင်လျှင်မြန်မြန်၊ တောရပ်ထံသို့၊

ပြန်ခဲ့ပါတော့၊ သားတော်မောင်ပဉ္ဇင်းဘုရား။

အရှင်ဝီရသူ(မစိုးရိမ်)
ပြန်ခဲ့ပါတော့ သားတော်မောင်ပဉ္ဇင်းဘုရား
***************************

စာပေပရိယတ်၊ ကျမ်းဂန်တတ်မှ၊

မြင့်မြတ်ပေသည်၊ ကြံတွေးရည်၍၊

ထိုဤမြို့သို့၊ သားတော်ပို့သည်၊

လွမ်းလို့နေရပါတယ်ဘုရား။

ဖခမည်းနှင့်၊ သားကြီးမယ်တော်၊

နေ့စဉ်မျှော်၍၊

ပေါ်လာလိမ့်နိုး၊ လာလိမ့်နိုးဖြင့်၊

လက်ချိုးရေတွက်နေရပါတယ်ဘုရား။

မြေးသားလူထွေး၊ ငယ်နုသေး၍၊

ခလေးအများ၊ ချောင်းကြိုကြားမှာ၊

ငါးရှာဖားရိုက်၊ ကစားလိုက်နှင့်၊

ငယ်ခိုက်ချိန်လေး၊ စာနှင့်ဝေးသည်၊

တွေးရင်းရင်လေးမိပါတယ်ဘုရား။

ရပ်သူရွာသား၊ လူအများမှာ၊

တရားရေအေး၊ တိုက်ကျွေးမည့်သူ၊

မရှိမူ၍၊ လူသည်လူ့အသိမရှိကြတော့ပါဘုရား။

သားတော်ငယ်ပေါင်း၊ ရွာကကျောင်းမှာ၊

ကျောင်းသားကိုပင်၊ မတွေ့မြင်ခဲ့၊

ကိုရင်ဘယ်မှာ၊ ဖြစ်ထွန်းပါလိမ့်၊

သာမဏေဝါဝင်း၊ မရှိကင်းသော်၊

ပဉ္ဇင်းဘယ်မှာ၊ ဖြစ်ထွန်းပါလိမ့်၊

ပင်မှာသက်သက်၊ ခက်လက်မဖြာ၊

သာသနာလျှင်၊ ရောင်ဝါမလင်းနိုင်တော့ပါဘုရား။

သာသနာရင်းမြစ်၊ တောကဖြစ်လျှက်၊

တောပစ်မြို့ပေါ်၊ သားတော်ပျော်က၊

တော်မတော်ပင်၊ ပြန်တွေးစဉ်း၍၊

လျှင်လျှင်မြန်မြန်၊ တောရပ်ထံသို့၊

ပြန်ခဲ့ပါတော့၊ သားတော်မောင်ပဉ္ဇင်းဘုရား။

အရှင်ဝီရသူ(မစိုးရိမ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top