၁.
ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရ ဘုရားသခင် ဘယ်မှာနေပါသနည်း?
၂. ထာဝရဘုရား ကို မည်သူဖန်ဆင်း ခဲ့သနည်း? ထာဝရ ဘုရားသခင်အဖြစ်သို့ ရောက်ရှိလာသည့်
ထာဝရဘုရား၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။
၃. သာမန်ထူးချွန်သော လူပုဂ္ဂိုလ်သည်ပင် ထူးချွန်လာဖို့ ကြိုးစားဖြတ်သန်းလာခဲ့ရသည့်
ခိုင်လုံသော အတ္ထုပ္ပတ္တိသည်ရှိ၏ ယခုကဲ့သို့ တုနှိုင်းမမှီသော ဘုရားဂုဏ်နှင့်
ပြည့်စုံသူတွင် သူတကာနှင့်မတူ ဘုရားတဆူဖြစ်ဖို့ ထူးခြားစွာ ကြိုးစားဖြတ်သန်းခဲ့ရသော
ခိုင်လုံသော အတ္ထုပ္ပတ္တိသည် ရှိသင့်လှပေသည်။ ရှိက ဖော်ပြပါ။ အကျိုးတရား တစ်ခုတစ်ခုတိုင်းတွင်
အကြောင်းတရားသည်ရှိ၏။ အကြောင်းတရားမရှိပဲ အကျိုးတရားပေါ်ရိုးထုံးစံ ရှိပါသလား?
အခိုင်အမာဖြေကြားပေးပါ။
၎. မွေးဖွားလာစကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။
၅. ထာဝရဘုရားသည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျော်ကိုးပြီး ဖန်ဆင်းပါသနည်း?
၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲအမျိုးမျိုး
ကြုံတွေ့နေရပါသည် ဘုရားသခင် ဖြစ်စေလိုသည့် ချမ်းသာမဖြစ်သည်မှာ အနန္တတန်ခိုးတော်
မရှိလို့ ဘာအစွမ်းအစမှ မရှိလို့ ဖြစ်ရသည်ဟု ဆိုပါက ဘယ်လိုပြန်လည်
ဖြေရှင်းနိုင်ပါသနည်း?
၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးသည် သေချာလေ့လာကြည့်ပါက
ခန္ဓာရှိသူတိုင်း ဒုက္ခမကင်းကြောင်း သေချာပါသည် ဒါကြောင့် လူသားတို့ကို ဖန်ဆင်းသော
ထာဝရဘုရားသည် ချမ်းသာပေးသလား ဆင်းရဲပေးသလား ဆိုတာ ဖြေကြားပေးပါ။
၈. လူသားတို့ကို မေတ္တာဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူကမှ
မလိုချင်မတောင့်တတဲ့ အိုရခြင်း နာရခြင်း သေရခြင်း ဒုက္ခဆိုးကြီးကိုပါ ဘာကြောင့်ဖန်ဆင်းခဲ့ပါသနည်း?
ထာဝရဘုရား၏ မေတ္တာကို ရှင်းပြပါ။
၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည် သင်ကိုယ်တိုင်လဲ ဒုက္ခရှိတာ
ငြင်းချက်မရှိသေချာပါ၏ ဒုက္ခဖြစ်စေနိုင်သည့် ဒီခန္ဓာကို ထာဝရဘုရားက ဖန်ဆင်းပေးသည်ဟု
ဆိုပါက ဒုက္ခဖြစ်ရခြင်းရင်းမြစ် ဒုက္ခဖြစ်အောင်ပြုလုပ်သူမှာ
ထာဝရဘုရားပင်ဖြစ်မနေဘူးလား? ကျေးဇူးရှင်ဟုခေါ်မလား? စဉ်းစာပြီးဖြေကြည့်ပါ။
၁၀. ထာဝရဘုရားသာ မဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့ကြုံနိုင်ပါသလား?
ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမူရေးပညာရေး
ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အိုရေး နာရေး သေရေး ဒုက္ခအစုတို့ဖြစ်ရသည်မှာ
မည်သူငြင်းနိုင်ပါသနည်း စဉ်းစားပြီး သဘာဝကျကျ ငြင်းချက်ထုတ်ပါ။
၁၁. ထာဝရဘုရားသည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျှက် ဘာကြောင့်လူ့ဘ၀ကို ကြမ်တမ်းစေသနည်း?
မအို မနာ မသေသော ကောင်းကင်နိုင်ငံတော်သို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို
ဒုက္ခခံစားစေသနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော
စကားနှင့်ကိုက်ညီအောင်သုံးနှုံးဖြေကြားပေးပါ။
၁၂. ထာဝရဘုရားသည် ကောင်ကင်နှင့်မြေကြီး ရေ သစ်ပင် တော တောင် လူတိရိစ္ဆာန်တို့ကို
ဖန်ဆင်းခဲသည်ဟုဆိုသည် သို့သော် ထိုထိုသော သက်ရှိတို့ အသက်ရှင်ရေးအတွက်
ရှူရှိုက်စရာ လေ ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်း၌မပါရှိပါ။ ထို့ကြောင့် လေကို ဖန်ဆင်းသည်ဟူသောကျမ်း၏စာအုပ်စာမျက်နှာ
အထောက်အထားတို့ဖြင့် ခိုင်ခိုင်လုံလုံ သက်သေပြပါ။
၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း
စသည့်အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်းသာ ဖြစ်သည်ဟုဆိုပါက သူတပါး၏
စော်ကားခံရသော အမျိုးကောင်းသမီးတဦး၏ အဖြစ်ဆိုးသည် ဘုရာသခင်၏အလိုတော် အတိုင်းဟု
သဘောသက်ရောက်ဖွယ်ရှိပေသည် ဒီလိုဆိုပါက ဘုရားသခင်၏ ဂရုဏာတော်က မည်သို့နည်း?
၁၄. အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာ ဖြစ်တော့၏ ဥပမာ -
သင့်အပေါ် စော်ကားချင်တိုင်း စော်ကားသောလူယုတ်မာသည် အပြစ်မှလွတ်အောင် ဘုရားသခင်ထံချဉ်းကပ်ဆုတောင်း၏
ဘုရားသခင်သည် လူယုတ်မာ၏အပြစ်ကို ခံယူပြီး ထိုလူယုတ်မာ အပြစ်သားကို ခွင့်လွတ်ကယ်တင်ခဲ့ပါလျှင်
သင်ဘယ်လို ခံစားရမည်နည်း? အဓိပ္ပါယ် ရှိပါသလား? ရှင်းပြပါ။
ဥပမာ - သင်ကိုယ်တိုင် ဆူးကို တက်နင်းပြီး ဖြစ်ပေါ်လာတဲ့နာကျင်မူ့ဒဏ်ကို ဘုရားသခင်
ခံစားပါသလား။ သင်ခံစားပါသလား။ အဓိပ္ပါယ်ရှိအောင် ဖြေကြားပေးပါ။
၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့်ဖန်ဆင်းထားပါသနည်း?
သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တတန်ခိုးတော်ဖြင့်
ပြန်လည်ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသော လူတွေကို
သူမထိန်းသိမ်းနိုင်သနည်း? ထာဝရဘုရား၏ တန်ခိုးတော်က မည်သို့နည်း?
၁၆. ကိုယ့်ဟာကိုရှာစားပြီး ဘုရားကျွေးသည်ဟူသောစကား မိမိဘာသာစီးပွါးရှာ၍
ပြည့်စုံရှင်းကို ဘုရားပေးသည်ဟူသောအဓိပ္ပါယ်ကို ရှင်းပြပါ။သင်မရှာထားပါက အစားအစာရပါမည်လော
သင်စီးပွါးမရှာပါက ပြည့်စုံပါမည်လား ထိုသို့(စားရခြင်း၊ ပြည့်စုံရခြင်း
အကျိုးတရားတို့တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်ရှိပါသလား) ရှိပါက ဖော်ပြပါ။
ကိုယ့်ဟာကိုရှာစားပြီး တလွဲကျေးဇူးတင်ရာရောက်မနေဘူးလား၊ သဘာဝကျအောင်စဉ်း
စားဖြေကြားပေးပါ။
၁၇. ထာဝရဘုရား ဖန်ဆင်းသည်မှာ တစ်ကမ္ဘာပဲဟု သိရပါသည် (သို့သော်) စကြာသဠာ အနန္တဟူသော
မရေတွက်နိုင်သောဂြိလ်အမျိုးမျိုး ကမ္ဘာအမျိုးမျီုးရှိနေကြောင်းသိပ္ပံစမ်းသပ်မူတွေ၌
ဖော်ပြနေတာကို အဘယ်သို့ဖြေရှင်းမည်နည်း၊
၁၈. ထာဝရဘုရားသည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြားတခြားသော စကြာဝဠာ
ဂြိလ်အသီးသီးမှ ဂြိလ်သားများ ဤကမ္ဘာသို့ရောက်ရှိနေခြင်း ရောက်ရှိလာခြင်းတွေကို
သိပ္ပသုတေ သနပြုစာအုပ်များတွင် အထင်အရှား တွေ့မြင်နေရပါသည် ထိုဂြိလ်သားများကို
ထာဝရဘုရား ဖန်ဆင်းခဲ့သလား ဖန်ဆင်းခဲသည်ဆိုပါက ကျမ်းအထောက်အထား ခိုင်လုံစွာဖြင့်
ဖြေကြားပေးပါ။
၁၉.သိပ္ပံစမ်းသပ်မူတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း ထာဝရဘုရား၏
ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေသကဲသို့ သက်ရောက်နေပါသည် ထို့ ကြောင့် သိပ္ပပညာက မှားသည်ဟုပြောမလား
ဖန်ဆင်းရှင်ဝါဒ မှားသည်ဟု ပြောမလား။ အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပါ။
၂၀. ထာဝရဘုရားဆိုတာ
ဘယ်သူပါလဲ ဘာကြောင့်ကိုယ်စားလှယ်သားတော် လွတ်ရသလဲ။ အဘယ်ကြောင့် လောကတွင်းသို့
မဆင်းသက်သလဲ
၂၁. ထာဝရဘုရား၏ ရုပ်ပုံလွာတင် ဆံပင်မွေးညင်းသည် ဖြူဖွေးသော နှင့်ပွင့် နှင့်တူ၏။
မျက်လုံး (၇) လုံးပါရှိ၏။
ဦးဂျို (၇) ချောင်းရှိ၏။
ပါးစပ်တွင် အသွားနှစ်ဖက်ပါသော ဓားရှည်တစ်ချောင်းပါပြီး ခြေထောက်တော်နှင့်
လက်တော်တို့တွင် မီးရဲရဲ ဖုတ်ထားသော ကြေးဝါရောင်ရှိသည်ဟု (ကျမ်းစားတို့တွင် အတိအကျ
ဖော်ပြထားပါလျက်)အဘယ့်ကြောင့် တရားဟောရာတွင် ထည့်မဟောပဲ ၀ိညာဉ်တော်ဟူ၍ဖုံးကွယ်ထားသည်ကို
ရှင်းပြပါ။ဤသို့သော ခန္ဓာဖွဲ့စည်းပုံတို့ဖြင့် ကြည်ညိုဖွယ်ဟူ၍
ဘယ်လိုဆက်စပ်၊ကြည်နူးစွာ ကြည်ညိုပါသနည်း။
၂၂. ဓမ္မသစ်ကို မည်သူဟော၍၊ ဓမ္မဟောင်းကို မည်သူဟောပြောပါသနည်း။
၎င်းပုဂ္ဂိုလ်နှစ်ဥိး၏ ဟောပြောချက် အဘယ့်ကြောင့် ဆန့်ကျင်နေပါသနည်း။
၂၃. စာရေးဆရာ ဆန်းလွင်
ရေးသားသောရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း -
စာအုပ်မှခရစ်ယာန်ဝါဒ၏ ကောက်နုတ်ချက်များကို ဖြေရှင်းနိုင်ပါသလား။
၂၄. ခရစ်ယာန်ဘာသာတွင် ရှေးဘ၀၊ နောက်ဘ၀ ရှိပါသလား။ခရစ်ယာန် ဘာသာဝင်တို့၏
ပန်းတိုင်ဖြစ်သော ကောင်းကင်နိုင်ငံတော်သို့ ၀င်ရောက်သွားဖူးသော မိသားစုနှင့်
လူပုဂ္ဂိုလ်တို့၏ အမည်နှင့် လိပ်စာ ရှိခဲ့ဘူးပါသလား။ယခု ရှိနေပါလျှင် လိပ်စာနှင့်
နာမည် အတိအကျသက်သေဖော်ပြပါ။
အွန်လိုင်းကနေ စာသင်ဖို့ အကောင်းဆုံးဆိုက် ၉ ခု
10 years ago


Yangon (Rangoon) Time



Myanmar Kyat Converter
0 comments:
Post a Comment