Popular Posts
-
••••••••••••••••••••••••••• ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်...
-
အချစ်မှာရှုံးနိမ့်ခြင်းဟာ ချိုမြိန်ခြင်းတစ်ခုပဲတဲံ့ အဲဒီသီအိုရီကို လက်ကိုင်ထားပြီး ငါဟာလည်း အလွမ်းတွေနှင့် မိတ်ဆွေဖြစ်တာကြာပြီပေါ့ ကြာတော့လ...
-
လက်ဖ၀ါးပေါ်က - ကျွန်း (၁၅)နေရာ-သြဇာမရှိဘူး။ (၁၆)နေရာ- အသက်ကြီးမှ အလုပ်အကိုင်မရှိ၊ဒုက္ခတွေ့တတ်။ (၁၇)နေရာ-ကျောင်းကြို ကျောင်းကြား...
-
"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ" ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတေ...
-
-
အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် …….. အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက်...
-
ယနေ့လူငယ် နောင်လူကြီး ဟူသောစကားသည် လူတိုင်းပြောနေကျစကားဖြစ်သည်။ ပြောဆိုနေကျဖြစ်သော်လည်း လေးလေးနက်နက်တွေးမိသူကား အလွန်နည်းပေသည်။ လ...
-
-
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလု...
-
အားလုံးမင်္ဂလာပါနော်။ ယနေ့ (၅.၄.၂၀၁၂) ဟာဆိုရင် ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ကဆုန်လပြည့်အခါသမယဖြစ်သည်နဲ့ အားလျော်စွာ မင်္ဂလာရှိသောေ...
7:52 PM
Posted by
saw chit thi ha
ဖက်ဒရယ်ပြည်ထောင်စု
ဖြစ်လာပါက ဖက်ဒရယ် ပြည်ထောင်စုနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ
အခြေခံဥပဒေနှင့် တပ်မတော်ဆိုသည့် အချက်များ ဖြစ်လာမည်ဟု
ဝန်ကြီးဦးအောင်မင်း ပြောကြား
ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာပါက
ဖက်ဒရယ် ပြည်ထောင်စုနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
ဖက်ဒရယ်ပြည်ထောင်စုနှင့် ညီညွတ်သည့် တပ်မတော်ဆိုသည့် အချက်များ ဖြစ်လာမည်ဟု
သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၀ ရက်က
ရန်ကုန်မြို့၌ ပြုလုပ်သော ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေး
ပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။
အဆိုပါ
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရအဖွဲ့နှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု
အခြေအနေများအား နိုင်ငံရေးပါတီများအား ရှင်းလင်းပြောကြားရာတွင် ယခုကဲ့သို့
ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးရာတွင် ဖက်ဒရယ်
ပြည်ထောင်စုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခွင့် ပေးထားပြီး
ဖြစ်သည်ဟု ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ''တိုင်းရင်းသားတွေ တင်ပြတဲ့အချက် ၁၀ ချက်မှာ အရေးကြီးဆုံးက
ဖက်ဒရယ်ပဲ။ ဖက်ဒရယ် ပြည်ထောင်စုကို ဆွေးနွေးလို့ ဖက်ဒရယ် ပြည်ထောင်စု
ဖြစ်လာရင် ဖက်ဒရယ်နဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့
ဖက်ဒရယ်ပြည်ထောင်စုနဲ့ ညီညွတ်တဲ့ တပ်မတော်တို့ဆိုတာ ဖြစ်လာမယ်။
ဒါကြောင့်မို့ အဓိကအချက် ဖက်ဒရယ်ကို ခွင့်ပြုထားတာ ဖြစ်တဲ့အတွက်
ဘာမှပြောနေစရာ မရှိဘူး။ အခက်အခဲ မရှိဘူးဆိုတာကို ကျွန်တော်တို့
တွေ့ရပါတယ်'' ဟု ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များ၏ လိုင်ဇာဘုံသဘော တူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး
အချက်အလက်များ ပါဝင်ကြောင်း သိရပြီး အဆိုပါ တိုင်းရင်းသားများ၏ ဘုံသဘော
တူညီချက်ကို နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် မြစ်ကြီးနားမြို့၌
ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏
ဆွေးနွေးပွဲတွင် အစိုးရဘက်သို့ တရားဝင် ပေးအပ်ခဲ့သည်။
နိုင်ငံရေး
ဆွေးနွေးပွဲများ ပြုလုပ်ပါကလည်း ကန့်သက်ချက်များစွာ မရှိကြောင်း၊
မြန်မာနိုင်ငံတော်မှ ခွဲမထွက်ရ ဟူသည့် အချက်နှင့် မြန်မာနိုင်ငံ၏
အချုပ်အခြာ အာဏာကို ထိပါးစေသည့် အကြောင်းအရာများ မလုပ်ရဟူသည့်
အချက်နှစ်ချက်မှလွဲပြီး ကျန်သည့်အချက်များကို ဆွေးနွေးနိုင်ကြောင်း
နိုင်ငံတော် သမ္မတက ပြောကြားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားသည်။
ယခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင်
ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို
အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားသည်။
0 comments:
Post a Comment