ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်
ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်
Popular Posts
္ခုအခါသံဃာတော်များသည်၊နိုင်ငံရေးလောကတွင်ထင်ထင်ပေါ်ပေါ် ၀င်ရောက်နေကြသည်ကိုတွေ့ရပါသည်၊၊၀ိနည်းဥပဒေအရ“သင့်တော်သည်၊ မသင့်တော်ပါ”ဟုအမျိုးမျိုး ဝေဖန်ပြောဆိုကြပါသည်၊၊
ထေရ၀ါဒဗုဒ္ဓဘာသာ၏ပညာရေးအထွန်းကားဆုံးနိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံတွင်မူ“MonkParty”ဟုပင် နိုင်ငံတော်ပါလီမန်တွင် ပါတီတစ်ခုအဖြစ်ထားရှိပြီး၊ ရဟန်းပါလီမန်အမတ်များနှင့် အရှင်ကိုယ်တိုင်ပင် တွေ့ဆုံဆွေးနွေးရဖူးပါသည်၊၊
ယ္ခုဆွေးနွေးတင်ပြမည့် စာတမ်းကိုလေ့လာပြီးလျင် ရဟန်းသံဃာနှင့်နိုင်ငံရေး“သင့်၊ မသင့်”ကိုအတိုင်းအတာတစ်ခုမျှ ဆုံးဖြတ်နိုင်ကြမည်ဖြစ်ပါသည်၊၊ ရဟန်းသံဃာများ၏ ၀ိနည်းဥပဒေတွင် နိုင်ငံရေးနှင့်ပတ်သက်၍အတိအလင်း တားမြစ်ထားသည့် သိက္ခာပုဒ်မရှိပါ၊၊
မြတ်စွာဘုရားရှင်အသက်ထင်ရှားရှိစဉ်က၊ထင်ရှားသည့်စစ်ပွဲကြီး သုံးခုဖြစ်ပေါ်ခဲ့ပါသည်၊၊ စစ်ပွဲကြီးများသည်၊မျိုးတုံးသတ်ဖြတ်သည့်၊စစ်ပွဲကြီးများဖြစ်၍ အလွန်ကြီးမားသည့်စစ်ပွဲကြီးများဟု ခေါ်ရပါမည်၊၊
(၁) သကျတိုင်းပြည်+ကောလိယတိုင်းပြည်စစ်ပွဲ၊၊
(၂) သကျတိုင်းပြည်+ကောသလတိုင်းပြည်စစ်ပွဲ၊
(၃) မာဂဓတိုင်းပြည်+၀ဇ္ဇီတိုင်းပြည်စစ်ပွဲ၊၊
သကျတိုင်းပြည်သည်၊မြတ်စွာဘုရားရှင်၏ခမည်းတော်နှင့်မယ်တော်အုပ်ချုပ်သည့် နိုင်ငံဖြစ်ပါသည်၊၊ ကောလိယတိုင်းပြည်သည် သကျတိုင်းပြည်၏ အိမ်နီးခြင်းနိုင်ငံဖြစ်ပါသည်၊၊ တစ်နှစ်တွင် မိုးလုံးဝမရွာသည့်အတွက် တိုင်းပြည်အများရေးငတ်ဘေး ဖြစ်ကြပါသည်၊၊ 
သကျတိုင်းနှင့်ကောလိယတိုင်းအကြားမှ“ရောဟိနီမြစ်”ထဲတွင်ရေအနည်းငယ်ရှိနေ
သည်ကိုနိုင်ငံနှစ်ခုမှရေလုစစ်ပွဲကြီးဖြစ်ပြီး၊မြတ်စွာ ဘုရားရှင်သိသောအခါ၊စစ်ပွဲကြီး၏အလယ်၌ရပ်တော်မူပြီး၊ငြိမ်းချမ်းရးတရားဟောတော်မူသဖြင့် စစ်ပွဲကြီးငြိမ်းအေးသွားပါသည်၊၊
ကောသလတိုင်းပြည်တွင်“ကောသလမင်း”ကြီးအုပ်ချုပ်ပါသည်၊၊ မင်းကြီးသည်မြတ်စွာဘုရားနှင့်၊ဆွေမျိုးအရင်းတော်စပ်လိုသည့်အတွက် သကျမင်းသမီးတစ်ဦးကိုမိဗုရားအဖြစ်ဆက်သရန် “သကျတိုင်း”သို့တာင်းဆိုလိုက်ပါသည်၊၊
သကျလူမျိုးများသည်မာနအလွန်ကြီးသည့်လူမျိုများဖြစ်သဖြင့်၊ စစ်ရေးနှင့်၊နိုင်ငံအင်အားမမျှသည့်ကောသလမင်းတိုင်းပြည်၏ကမ်းလှန်းချက်ကို မငြင်းဝံ့သော်လည်း၊သာကီဝင်မင်းသမီးအစစ်ကိုမဆက်သဘဲ၊နန်းတော်အတွင်းမှ “ကျွန်မတစ်ယောက်”ကိုမင်းသမီးအသွင်ဝတ်ဆင်ပေးပြီး၊ကောသလမင်းကြီးထံ ဆက်သလိုက်ပါသည်၊၊
ကောသလမင်းကြီးနှင့် သာကီဝင်တို့ဆက်သသည့်ကျွန်မိဗုရားမှ “၀ိဋဒူပမင်းသား”ကို ဖွားမြင်ခဲ့ပါသည်၊၊ ၀ိဋဒူပမင်းသားအရွယ်ရောက်သောအခါဆွေးတော်မျိုးတော်များရှိရာ သကျတိုင်းသို့လာလျက်၊ ဘိုးတော်၊ဘေးတော်များကို ဂါရ၀ပြုပါသည်၊၊
ဝိဋဒူပသည်၊ကျွန်မ၏သားဟုသိထားကြပြီးသောသာကီဝင်တို့သည် ၀ိဋဒူပမင်းသားထက် ငယ်သူများကိုအပြင်သို့မထွက်စေဘဲ၊ကြီးသူများနှင့်အသာအတွေ့ခံပြီး၊ ၀ိဋဒူပမင်းသားကသာလျင် တွေ့တိုင်းသာကီဝင်တို့ကို ဦးချဂါရ၀ပြုခဲ့ရပါသည်၊၊
ဂါရ၀ပြုသည့်အခန်းအနားပြီးဆုံး၍၀ိဋဒူပ၏စစ်တပ်ကြီးသည်
 ကောသလတိုင်းသို့ပြန်လာချိန်တွင်ကိုယ်ရံတော်တပ်မှူးတစ်ဦးမှ နန်းတော်အတွင်းပစ္စည်းမေ့ခဲ့သဖြင့်ပြန်ယူချိန်တွင်၊သာကီဝင်မင်း သားများအခြင်းခြင်း ပြောဆိုနေကြသည့် ၀ိဋဒူပ၏ဘ၀ဇာတ်ကြောင်းအမှန်ကို သိခဲ့ရပါသည်၊၊
ဝိဋဒူပမင်းသားသည်“ဒီဃကာရာယဏအမတ်ကြီး”နှင့်ပေါင်းပြီး၊ ဖခင်ကောသလမင်းကြီးထံမှ၊အာဏာသိမ်းပြီးချိန်တွင်၊နန်းတော်ဖွင့်ပွဲအဖြစ်၊ သာကျတိုင်းကိုစစ်ကြေငြာပြီး၊တိုက်ခိုက်သောအခါအနိုင်ရပြီး၊သကျတိုင်းပြည်ကို လူမျိုးတုံးသတ်ဖြတ် သိမ်းပိုက်ခဲ့ပါသည်၊၊
မြတ်စွာဘုရားရှင်သည်ဆွေတော်မျိုးတော်များနှင့်ဝိဋဒူပမင်းတို့စစ်မဖြစ်မှီကပင် စစ်အရိပ် အငွေ့များသန်းနေသည်ကိုသိတော်မူခဲ့ပါသည်၊၊မြတ်စွာဘုရားရှင်၏ညာဏ်တော်ဖြင့် သုံးသပ်ဆင် ခြင်ကြည့်သောအခါစစ်ပွဲကို မည်သည့်နည်းနှင့်မျှတားဆီးမရနိုင်ဘဲ၊ သေခြာပေါက် သာကီဝင်တို့မျိုး တုံးသတ်ခံရမည်ကို သိတော်မူသည့်အတွက် စစ်ပွဲဖြစ်ရာသို့ကြွတော် မမူခဲ့ပေ၊၊
ထိုအချိန်မှစတင်ပြီး၊ရှေးခေတ်အိန္ဒိယတိုက်မြေပုံပေါ်မှသကျတိုင်းပြည်ကြီး ပျောက်ကွယ်ခဲ့ရပါတော့ သည်၊၊ မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်များအားလုံးသည် မြတ်စွာဘုရားရှင်၏ရှေ့တော်မှာပင် မျိုးတုံးသတ်ခြင်းကို ခံခဲ့ရပါသည်၊၊
ဝဇ္ဇီတိုင်းပြည်သည် လူဦးရေးနည်းပါးသည့် နိုင်ငံဖြစ်ပါသည်၊၊ မြေသြဇာကောင်းသဖြင့် စိုက်ပျိုးသမျှသီးနှံအထွက်ကောင်းလှပါသည်၊၊သဘာဝ စိန်ရွှေငွေပုလဲကျောက်သံပတ္တမြားစသည့်သယံဇာတပေါများပြီး၊ ကြွယ်ဝချမ်းသာသည့်နိုင်ငံ ဖြစ်ပါသည်၊၊
မိုးလေ၀သရာသီဥတုကောင်းသည့်နိုင်ငံဖြစ်ပြီး၊၀ဇ္ဇီတိုင်းသူပြည်သားများသည် ရုပ်အဆင်းအလွန်လှကြသည်ဟုပါဠိစာပေမှတ်တမ်းတွင် လေ့လာရပါသည်၊၊ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား“နတ်ပြည်မှနတ်များကိုမမြင်ဘူးလျင်ဝဇ္ဇီလူမျိုးများကို ကြည့်ကြရန်”မိန့်တော်မူခဲ့ ဖူးပါသည်၊၊
ဤ၍ဤမျှအကောင်းတို့စုပုံနေသည့်ဝဇ္ဇီတိုင်းနိုင်ငံကို နိုင်ငံခြင်းစပ်နေသည့် နိုင်ငံကြီးများက များစွာပင် လိုချင်နေကြပါသည်၊၊ “မာဂဓတိုင်း”၏အရှင် အဇာတသတ်ဘုရင်သည်ဝဇ္ဇီတိုင်းပြည်ကိုသိမ်းပိုက်လိုသဖြင့် ပညာရှိအမတ်ကြီး“၀ဿကာရ”နှင့်လျို့ဝှက်စွာ တိုင်ပင်ဆွေးနွေးပါသည်၊၊
ဝဿကာရအမတ်ကြီးသည် ၀ဇ္ဇီတိုင်းပြည်၏အုပ်ချုပ်ရေးစနှစ်ကိုမြတ်စွာဘုရားရှင်မှရေးဆွဲပေးထားကြောင်းကို သိရှိထားဟန်ရှိပါသည်၊၊ အဇာတသတ်နှင့် ၀ဿကာရအမတ်တို့သည် မြတ်စွာဘုရားအထံသို့ လာရောက်ပြီး၊“၀ဇ္ဇီတိုင်းပြည်ကိုသိမ်းပိုက်လိုကြောင်း၊စစ်ရေးအောင်မြင်ပါမည် လား”ဟု မေးလျောက်ခဲ့ကြပါသည်၊၊
မြတ်စွာဘုရားရှင်သည်ဝဿကာရအမတ်ပညာရှိ၏အမေးကို တစ်စုံတရာအဖြေမပေးဘဲ၊ အနီးတွင်ရှိသည့် အရှင်အာနန္ဒာအား “၀ဇ္ဇီတိုင်းသူပြည်သားတို့သည် ငါလမ်းညွန်ခဲ့သည့် အပရိဟာနိယတရားခုနှစ်မျိုးကိုယ္ခုအချိန်ထိ လိုက်နာမှုရှိသေးသလား”ဟု မေးတော်မူပါသည်၊၊
အရှင်အာနန္ဒာမှ“မှန်ပါအရှင်၊လိုက်နာလျက်ပင် ရှိကြပါသည်”ဟု ဖြေကြားသောအခါ“၀ဇ္ဇီလူမျိုးတို့သည် အပရိဟာနိယတရားခုနှစ်မျိုးကို လိုက်နာကျင့်သုံးနေသေးသမျှမည်မျှစစ်အင်အားကြီးသည့်နိုင်ငံမှ တိုက်ခိုက်သည်ဖြစ်စေ မရှုံးနိမ့်နိုင်”ဟု မိန့်တော်မူလိုက်ပါသည်၊၊
စစ်ရေးကျွမ်းကျင်လှသည့် ၀ဿကာရစစ်ဗိုလ်ချုပ်ကြီးအတွက် မြတ်စွာဘုရားရှင်၏ သည်မျှလောက်စကားသည်ပင်နိုင်ငံတစ်ခုကိုတိုက်ခိုက်အောင်မြင်ရန် လုံလောက်ပါတော့သည်၊၊ အဇာတသတ်ရှင်ဘုရင်အား စကားအနည်းငယ်တီးတိုးပြောလျက် နန်းတော်သို့ပြန်ခဲ့ကြပါသည်၊၊
တစ်နေ့တွင်အဇာတသတ်သည်“၀ဿကာရအမတ်ကြီးကိုအပြစ် ရှိသည်”ဟုစည်တီးကြေငြာစလျက်၊ကျောတစ်ရာ၊ရင်တစ်ရာရိုက်နှက်၊ ကတုံးတုံးစေပြီး၊ နိုင်ငံအတွင်းမှ လူသိရှင်ကြား နှင်ထုတ် လိုက်ပါသည်၊၊
ဝဿကာရအမတ်ကြီးသည်ဝဇ္ဇီမင်းထံတွင်အမှုထမ်းရန်ခွင့်တောင်းသည်ကို လက်ခံလိုက်ပါသည်၊၊အမတ်ကြီးသည်ဝဇ္ဇီနန်းတော်အထဲတွင် ရာထူးအဆင့်ဆင့်မြင့်လာပြီးသောအခါ မင်းသားများ ကိုအခြင်းခြင်း သွေးထိုးလှုံ့ဆော်ပေးပြီး၊ အပရိဟာနိယတရားများပျက်ပြားအောင် ဖန်တီးခဲ့ပါသည်၊၊
ဝဇ္ဇီမင်းသားတို့သည်အခြင်းခြင်းယုံကြည်မှုမရှိကြတော့ဘဲ၊ “အပရိဟာနိယတရား”အားလုံးကိုမလိုက်နာမကျင့်သုံးကြတော့အချိန်တွင် ၀ဿကာရအမတ်ကြီးသည်အဇာတသတ်မင်းအားလျှိ့ဝှက် အကြောင်းကြားပြီး၊ ၀ဇ္ဇီတိုင်းပြည်ကို လူမျိုးတုန်းသတ်ဖြတ်လျက် သိမ်းပိုက်လိုက်ပါတော့သည်၊၊
တချိန်က“မည်မျှစစ်အင်အားကြီးသည့်နိုင်ငံမှတိုက်ခိုက်သည်ဖြစ်စေ မရှုံးနိမ့်နိုင်”ဟု မြတ်စွာဘုရားမိန့်တော်မူခဲ့သော ၀ဇ္ဇီတိုင်းပြည်သည်လည်း ထိုအချိန်မှစပြီး  အိန္ဒိယတိုက်မြေပုံကြီးမှပျာက်လွင့်ကွယ်ပခဲ့ရပါတော့သည်၊၊ 
          သတ္တအပရိဟာနိယဓမ္မ=အပရိဟာနိယတရား” ခုနှစ်မျိုးသည် မြတ်စွာဘုရားရှင်မှ နိုင်ငံရေးနှင့် ပတ်သက်၍ ဟောပြောသင်ပြချက် ဖြစ်ပါသည်၊၊ “အပရိဟာနိယ”ပုဒ်ကို ပါဠိသဒ္ဒါနည်းဖြင့် (အ+ပရိ+ဟာ+အိယ)ဟုလေးပုဒ်ခွဲပြီး အဓိပ္ပါယ်ဖွင့်ရပါသည်၊၊
ဟာ=ဆုပ်ယုတ်ခြင်း၊အ=မရှိခြင်း၊ဟုအဓိကကြသည့်ပုဒ်ရင်းနှစ်ပုဒ်မှ အနက်ပြန်လိုက်လျင် မဆုပ်ယုတ်ခြင်း၏အကြောင်း၊ သို့မဟုတ် “တိုင်းပြည် တိုးတက်ခြင်း၏ အကြောင်ခုနှစ်မျိုး”ဟု အဓိပ္ပါယ် ရပါသည်၊၊ 
မြတ်စွာဘုရားရှင်သည်ဝဇ္ဇီတိုင်းသူပြည်သားများအားဝေသာလီပြည်၊ သာရန္ဒဒနတ်ကွန်းအနီးတွင်ပထမဆုံးဟောပြောသင်ပြခဲ့ပါသည်၊၊၀ဇ္ဇီတိုင်းပြည်သည် အပရိဟာနိယဓမ္မခုနှစ်မျိုးကိုနိုင်ငံတာ်၏လမ်းပြမြေပုံအဖြစ်အမိန့်ကြော်ငြာပြီး၊ ကျင့်သုံးလိုက်နာနေခဲ့ကြပါသည်၊၊
မြတ်စွာဘုရားရှင်မှဝဇ္ဇီမင်းသားတို့အားအပရိဟာနိယတရားခုနှစ်မျိုးကိုဟောပြောခြင်းသည် ကြွယ်ဝချမ်းသာပြီး၊နယ်မြေကျည်း၊လူအင်အားနည်းသည့် ၀ဇ္ဇီတိုင်းပြည်အတွက် တိုင်းပြုပြည်ပြု ဥပဒေကို ရေးဆွဲပေးခြင်းပင်ဖြစ်ကြောင်း ပါဠိပညာရှင်တို့မှ မှတ်တမ်းတင်ကြပါသည်၊၊
မြတ်စွာဘုရားရှင်သည်ယ္ခင်ကအိမ်ရှေ့မင်းသားတစ်ပါးဖြစ်ခဲ့၍၊သေးငယ်လွန်းပြီး၊ ချမ်းသာမှုလွန်ကဲနေသည့်နိုင်ငံတစ်ခုဖြစ်သည့်ဝဇ္ဇီတိုင်းပြည်ကိုကြည့်ရုံမျှနှင့်ပင် မည်မျှအန္တရာယ်ကြီးမားသည်ကို သိတော်မူခဲ့ပါသည်၊၊
ထို့ကြောင့်ပင်လျင်“နိုင်ငံတော်“Constitution”အဖြစ် အပရိဟာနိယတရားခုနှစ်မျိုး”ကို လမ်းညွန်တော်မူခဲ့ခြင်း ဖြစ်ပါသည်၊၊ ဤမျှဖော်ပြလိုက်လျင် အပရိဟာနိယတရားခုနှစ်မျိုးသည်နိဗ္ဗာန်ရာက်ကြောင်းတရားမဟုတ်ဘဲ၊ နိုင်ငံရေးသီးသန့်တရားဖြစ်ကြောင်း စာရှုသူသဘောပေါက်နိုင်ပါမည်၊၊
“ရဟန်းသံဃာများနှင့်နိုင်ငံရေးဆက်စပ်မှုရှိ၊မရှိ”ကိုလည်း စာရှုသူများကိုယ်တိုင်သိရှိပြီဟု အရှင်ယုံကြည်ပါသည်၊၊“နိုင်ငံတစ်ခုတွင်စစ်ပွဲထက်ပို၍နိုင်ငံရေးနှင့်ဆက်စပ်သည့် တစ်စုံတရာ မရှိတာ့”ဟု အရှင် သုံးသပ်ပါသည်၊၊
အနောက်တိုင်းပါဠိစာပေပညာရှင်များသည်အပရိဟာနိယတရားခုနှစ်မျိုးကို “Buddhist Politic,Buddhist-Political-Science”စသည်ပညာရပ်နာမည်များဖြင့် သုတေသနစာတမ်းများရေးသားပြီး၊ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် “ပါရဂူစာတမ်း”များစွာတင်သွင်းကြသည်ကို လေ့လာရပါသည်၊၊
“အပရိဟာနိယတရား(၇)မျိုး”
(၁) အမြဲမပျတ်စည်းဝေးတိုင်ပင်ခြင်း၊
(၂) အညီအညွတ်အစည်းဝေးတက်ခြင်း, ပြန်ခြင်း ချမှတ်ထားသည့်စည်းမျဉ်းကို
အညီအညွတ်အကောင်ထည်ဖေါ်ခြင်း၊
(၃) ရှေးပညာရှိများက မပညတ်အပ်သည်ကို မပညတ် ပညတ်ပြီးသည်ကို မနုတ်
မပယ်ခြင်း၊
(၄) ကြီးသူကို ရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားခြင်း၊
(၅) အမျိုးသမီးများကို မစော်ကားခြင်း၊
(၆) ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း နတ်များကိုမေတ္တာပို့ခြင်း၊
(၇)မကြွရောက်လာဖူးသေးသောရဟန်းသံဃာကြွရောက်လာအောင် ကြွရောက်ဖူးပြီးသောရဟန်းသံဃာများကိုပိုပြီးပျော်ရွှင်အောင်ထားခြင်း၊၊
(ရှေးဝေါဟာရမှ“အပရိဟာနိယတရားခုနှစ်မျိုး”ကိုလက်ရှိအသုံးပြုနေသည်ကို
 ခေတ်ဝေါဟာရ များဖြင့်သင့်လျော်စွာတင်ပြဆွေးနွေးထားပါသည်၊၊ အပရိဟာနိယတရား(၇)မျိုးလေ့လာချက်၊အသေးစိတ်ဆွေးနွေးမှုဒုတိယပိုင်းကို ဆက်လက်၍်ဖော်ပြပါမည်၊၊)
(ကိုးကား/ အံ၊ ၇၊ သာရန္ဒဒသုတ်၊၊ မဟာဝါ-မဟာပရိနိဗ္ဗာနသုတ်)
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
Back to the Top