ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူပေါင်းဆောင်ရွှက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကိုကမ္ဘာ့အမွန်မြတ်ဆုံး၊အကောင်းဆုံးဘာသာရေးအဖြစ်ရွှေးချယ်ခဲ့ကြောင်းသိရှိရသည်။ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်(၂၀၀)ကျော်ကရွှေးချယ်ခဲ့ခြင်းဖြစ်ပြီးပိုရု အံ့သြဖို့ကောင်းသည်မှာပါဝင်ရွှေးချယ်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များအများစုသည်ဗုဒ္ဓဘာသာကိုမိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒ္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၏ သုတေသနညွန်ကြားရေးမှူး JonnaHultကပြောကြားရာတွင်ကမ္ဘာ့အမွန်မြတ်ဆုံးအကောင်းဆုံးဘာသာတရားဗုဒ္ဓဘာသာကရရှိခဲ့တာအံ့သြစရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။တခြားဘာသာများနဲ့မတူတာကအဲဒါပါပဲ။ တခြားဘာသာတွေကလက်နက်တွေကိုအဆင့်သင့်ကိုင်ထားကြတယ်။ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာဘာသာရေးအတွတ်နဲ့ စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲယဉ်းပါတယ်။တခြားဘာသာဝင်တွေရဲ့အစဉ်အလာအလေ့အထနဲ့မတူဘဲ ဗုဒ္ဓဘာသာဟာကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့တရားကိုသာသူများတွေကိုဟောကြားခဲ့တာပါပဲလို့ဆိုခဲ့ပါတယ်။ အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wassersteinကတော့ ကျွန်တော်လည်းကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။ ကိုယ့်ဘာသာကိုပဲကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်ဟာနေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့်ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင်TalBinWasssdကလည်း လည်းကောင်းအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။ ဂျနီဗာမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာ ဘာသာရေးနဲ့ အသိညာဏ်မြင့်မားရေးဆိုင်ရာပူးပေါင်းဆောင်ရွှတ်ရေးအဖွဲ့ကြီး၏ ပါကစ္စတန်နိုင်ငံမူစလင်အစည်းအရုံးဆိုင်ရာမဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့TalBinWasssd ကကျွန်တော်ဟာအစ္စလန်ဘာသာကိုနှစ်နှစ်ကာကာယုံကြည်သူတစ်ယောက်ပါ။ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးအကြောင်းပြပြီးအမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို`တွေ့မြင်ခံစားရပါတယ်။ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကိုသိမြင်နာလည်သဘောပေါက်ခဲ့ကြပါတယ်။ပြောရရင်ကျွန်တော်ရဲ့အရင်းအနှီးဆုံးမိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။ Belfastမြို့မှ ကက်သလစ်ဘုန်းကြီးed O'aungh-nessy  ကတော့ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့်လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒနားလည်ပါတယ်လို့ပြောကြတာကစိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။ဒါ့ကြောင့် မွန်မြတ်တဲ့ဗုဒ္ဓဘာသာကိုမဲပေးခဲ့တာပါလို့အမိန့်ရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာကိုကမ္ဘာအကောင်းဆုံးဘာသာတရားအဖြစ်ရွှေးချယ်ခဲ့ခြင်းအတွတ် ဆုလက်ခံရန်ဗုဒ္ဓဘာသာဝင်အားလုံးက ငြင်းပယ်ခဲ့သည်ဟုသိရှိရပါသည်။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကပြောကြားရာတွင်မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့သည်အတွတ် ၀မ်းမြောက်ကျေးဇူးတင်ကြောင်း     ဒါပေမယ့် ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မူနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်။

မြတ်မင်္ဂလာစာဆောင်
အထူးကျေနပ်နစ်သက်လို့ ပြန်လည်တင်လိုက်ပါတယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top