ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



       ဒီတစ်ခါတော့ ဖိုင်ဆိုဒ် ကြီးကြီး  သူငယ်ချင်းတွေဆီကို ပို့ပေးချင်သူများအတွက်ပါ။ အများဆုံး 3 G ထိပို့လို့  ရပါတယ်။ ပို့နည်းကလွယ်ပါတယ်။ တကယ်လည်းရောက်ပါတယ်။ ကျွန်တော်တို့ gmail ကနေ ရိုးရိုးပို့မယ်ဆိုရင် 25 MB ထက်ကျော်ပြီးပို့လို့မရပါဘူး။ ဥပမာ 200 MB လောက်ပဲပို့ချင်တယ်ထားပေါ့ ။       gmailကနေပို့မယ်ဆိုရင်ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေ။ အဲဒီတော့ဒီဆိုဒ်လေးက   တော်တော်ကောင်းပါတယ်။မြန်မာနိုင်ငံကသူငယ်ချင်းတွေအတွက်တော့       နည်းနည်းတော့ကြာတယ်ဗျာ။       upload တင်ရတာပဲဆိုတော့ ကွန်ကောင်းတော့ ပိုမြန်တာပေါ့။ အသုံးပြုပုံက လွယ်လွယ်လေးပါ။ ကျွန်တော်ပုံလေးနဲ့ပြပေးပါ့မယ်။ 

အဆင့်(၁)

    အပေါ်ကပေးထားတဲ့အတိုင်းဖြည့်ပါ။ mhuthaw@က ပို့သူပေါ့။ nothateme@က လက်ခံမယ့်သူပေါ့။ အဲဒါဖြည့်ပြီးပြီဆိုရင် upload filesကို ကလစ်ပေးလိုက်ပါ။ 

အဆင့်(၂)

         အဲဒီမှာ Browseလေးတွေကနေ မိမိတို့ပို့ချင်သော ဖိုင်ကို uplaodတင်ပါ။ကျွန်တော်က တစ်ခုပဲတင်ပြထားတာပါ။ ရွေးပြီးပြီဆိုရင် အောက်နားလေးက upload selected file(s) ကိုကလစ်ပေးပါ။ 

အဆင့်(၃)
        အဲဒီတိုင်းပေါ်လာပါလိမ့်မယ်။ 100%  ပြီးသွားရင် အော်တိုပို့ပြီးသွားပါပြီ။ (ဒီနည်းက မိမိမှာ gmail အကောင့်မရှိလည်း ပို့လို့ရပါတယ်။ ပို့ခံရမယ့်သူ gmail သာ အဓိက ဖြစ်ပါတယ် )

အဆင့်(၄)လက်ခံမယ့်သူအပိုင်း

                                    လက်ခံမယ့်သူကမေးလ်ကိုဖွင့်လိုက်ပါ။       အပေါ်ကလိုလေးတွေ့ပါလိမ့်မယ်။ အပြာရောင်လေးထောင့်လေးက ဒေါင်းလော့လင့်ပါ ။ကလစ်ပေးပါ။ ပြီးရင် အနီရောင် လေးထောင်လေးကို copy လုပ်ပါ။ အဲဒီနံပါတ်က password ဖြစ်ပါတယ် ။ 

အဆင့်(၅)

         အဆင့်(၄) ကပြောခဲ့တဲ့ အနီရောင်လေးထောင့်လေးထဲက ဂဏန်းလေးတွေကို paste or write လုပ်ပါ။ ပြီးရင် submit ကိုကလစ်ပေးပါ။ 

အဆင့်(၆)

   အဲဒီလိုလေး ပေါ်လာရင် double click ပေးပြီး ဒေါင်းလော့ချလို့ ရပါပြီ။

ကဲ အသုံးလိုမည့်သူများ  ဒီမှာ သွားလိုက်ပါ။ 

အဆင်ပြေကြပါစေ........

အားလုံးကိုလေးစားလျက်.......

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top