ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်.. ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်နော်.. .:)
 
Start > Control Panel ကိုသွားလိုက်ပါ..

ကျန်တာလေးတွေကိုတော့ ပုံလေးတွေအတိုင်းသာ ဆက်လုပ်သွားလိုက်ပါ..။


ပုံမှာပြထားသလို English (United States) - US ကိုရွေးပေးပါ ရွေးပြီးသားဆိုရင် ဒီအဆင့်ကို ကျော်လိုက်ပါ ။ Add ကို ဆက်နှိပ်ပါ...



 စောစောက ရွေးထာတဲ့ English (United States) ကို ရှာလိုက်ပါ တွေ့ရင် English (United States) ကို Click နှစ်ချက်နှိပ်ပါ... ပြီးရင် အောက်နားက ကပ်လျှက် Alpha Zawgyi Myanmar Unicode 2008 ရဲ့ရှေ့ကအကွက်လေးမှာ Click တစ်ချက်နှိပ်ပြီး အမှန်ခြစ်လေးတပ်ပေးပြီး OK ကိုနှိပ်လိုက်ပါ..


အပေါ်ကပုံလေးလို  အစိမ်းရောင်နဲ့ ပြထားတဲ့ Alpha Zawgyi Myanmar Unicode 2008 လေးရောက်လာရင် Apply > OK ပေးပြီး ဖွင့်ထားတဲ့ Box တွေအားလုံးပိတ်လိုက်ပါတော့ ... ကွန်ပြူတာရဲ့ Taskbar ကညာဘက်ထောင့်နားလေးမှာ .....


အဲ့ဒီလို Keyboard ပုံလေးပေါ်လာပြီဆိုရင် .... ကွန်ပြူတာ Keyboard ပေါ်က Ctrl + Shift ကိုတပြိုင်ထဲနှိပ်ပြီး မြန်မာလိုနဲ့ + အင်္ဂလိပ်လို ကို တမျိုးစီပြောင်းပြီး  ရေးလို့ရနိုင်ပါပြီခင်မျာ .

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top