ဘာကိုတွေးလို့ ဝေးရမှာလဲချစ်သူ----
နားလည်မှုနဲ့ နှလုံးသားကိုနင့်ဘေးအနားမှာ---
ငါပေးထားပါတယ်----။
နင်သာငါ့ကိုယုံကြည်လိုက်ပါငါမောတဲ့အခါနင့်ပြုံးထားပါ
ခရီးဘယ်လောက်ကြမ်းကြမ်း…..
လမ်းဘယ်လောက်ဝေးဝေး….
တံတိုင်းဘယ်လောက်ခြားခြား….
မိုင်ပေါင်းကုဍေ ထောင်သောင်းဝေးစေ...
နင်သာမပြေးရင် မဝေးပါဘူး ချစ်သူ….။
အနာဂတ်အိမ်မက် စိတ်ကူးဆိုတာ
ရယ်စရာပြက်လုံးမှ မဟုတ်တာ….
စိတ်ကူးဆိုတာ မရှိရင် အိမ်မက်ဆိုတာဘယ်မှာလဲ…
အိမ်မက်ဆိုတာ မရှိရင် အနာဂတ်ဆိုတာ
ဘယ်မှာရှိလို့လဲချစ်သူ….။
ခြေတစ်လှမ်းမတိုးသေးတဲ့လမ်းဟာ ဝေးသတဲ့လား….
နင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ
နင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ
နင့်ရဲ့ခြေတစ်လှမ်းပဲလိုတယ်
ဘ၀လက်တွဲဖေါ်ဆိုတာ တစ်ယောက်ရဲ့အမှား
တစ်ယောက်ကနားလည်
ကြုံလာသမျှအခက်ခဲတွေကိုရင်ဆိုင်သစ္စာဆိုတာမယိုင်စေနဲ့
လုပ်ချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်ရှိရင်
လုပ်ချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်ရှိရင်
ခနလေးတော အားတင်းထားပေါ
ဒို့နစ်ယောက်ဆုံဆည်းနိုင်ဖို့
နင့်ရဲ့ကြိုးစားမှုနဲ့
ငါ့ရဲ့ခြေတစ်လှမ်းပဲ
လိုတယ်ချစ်သူ….
ငါ့နောက်ကျောကို
ဓါးနဲ့မထိုးသရွေ့
မင်းအတွက်
အသက်ရှင်နေမယ် ချစ်သူ…
နန်းယမင်းဝေ


Yangon (Rangoon) Time



Myanmar Kyat Converter

1 comments:
ကြိုက်တယ်
Post a Comment