ကဲ...
ဘဝကို တစ်က ပြန်စမယ်။
လမ်း ဆိုတာသွားရင်
ခလုတ်တော့ရှိမှာပဲ။
အားမွေး လိုက်စမ်း..
မာန်တင်း လိုက်စမ်း...
ပြန်ထ လိုက်စမ်း....
ဘဝ ဆိုတာ
အခန်းဆက်တွေ
အများကြီးနဲ့
ကပြရမယ့် ဇာတ်ခုံကြီးကို
ဒီတစ်ခန်းနဲ့ ကလန့်ကာ
မချလိုက်နဲ့။
မင်းကို ကြည့်နေသူတွေရှိတယ်...
မင်းကို အားပေးနေသူတွေရှိတယ်..
မင်းကို ယုံကြည်သူတွေရှိတယ်..
မပျော့ညံ့စမ်းနဲ့....
မတွေဝေစမ်းနဲ့...
မတုန်လှုပ် စမ်းနဲ့...
ခံနိုင်ရည်မွေးတော့...
နာကျင်စရာတွေ
မေ့လိုက်တော့..
ပူလောင်စရာတွေ
မတွေးနဲ့တော့...
ဥပေက္ခာပြုခံခြင်းကို
ဥပေက္ခာတရားနဲ့သာ ပြုတော့
၁ ပြီး၇င် ၂ ..ပြီးရင်၃..၄..၅..၆.......
ကဲ....
ဘဝကို ..
တစ်က ပြန်စမယ်ဆိုရင်နောက်မကျသေးဘူး
နန်းယမင်း
အွန်လိုင်းကနေ စာသင်ဖို့ အကောင်းဆုံးဆိုက် ၉ ခု
9 years ago


Yangon (Rangoon) Time



Myanmar Kyat Converter
0 comments:
Post a Comment