ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

9:54 PM

အချိန်စားခံရသူများ

Posted by saw chit thi ha

  •  လူတွေကို
အချိန်က မသိမသာ
ဖဲ့ခြွေ ကိုက်စားပစ်တဲ့ ခြသတ္တ၀ါလို

အချိန်တွေကို လူက ၀ါးစားပစ်
နာရီလက်တံတွေ မြိုချ

အမျှင်တန်းပြီး ကပ်တက်တဲ့
ပက်ကျိဟာ လူသတ္တ၀ါပဲ
တက်ကြွတဲ့ စိတ်
အိပ်ယာထဲ ဘုန်းဘုန်းလဲနေ

ထူပေးမယ့် စိတ်ဓာတ်က အကျဉ်းကျ
သွေးကြောတွေထဲမှာ ဖြုန်းတီးမှုတွေ စီးဆင်း

သုံးစားမရတဲ့ ကိုယ်ကျင့်တရား
အပေါင်ဆိုင်မို့ လက်မခံတော့ မြောင်းထဲ ကန်ချ

လက်တွေက လေထဲမှာ
မာန်ပါပါမြှောက်ပြီး သံပြိုင် ဟစ်အော်လို့
ခေါင်းငုံ့ လျှောက်နေတဲ့ လမ်းဟောင်းတစ်ဖက်မှာ

အဆီ

အသွေး

အသားတို့ကို

မက်

မော

စွာ

သောက်သုံးဖို့

စောင့်

နေ

တဲ့

မီးလောင်

သစ်ငုတ်တိုပေါ်က နတ်ဆိုး

လှောင်ပြုံးပြုံးနေတဲ့ နာရီ ပျက်တွေကြားက
ဆန်ပြုတ်တောင် နပ်မမှန်တဲ့

မက္ကင်းနစ် နာရီပြင်သမား
ခေါင်းရွက် ဗျပ်ထိုး ဈေးသည်မက မချိပြုံးပြုံးပြသွား

အချိန်မရှိဘူး မောင်းဆရာရေ စပယ်ယာရဲ့ အသံ
လှောင်တာလား ပြောင်တာလား ဝေခွဲမရ

ရှေ့စိုက်ကြည့်တော့ အချိန်ကို ရှာမတွေ့
တွေ့နေတာက နာရီပျက်များ

အချိန်တွေ ပိုနေလို့ မလိုကြတာလား
အချိန်ရဲ့ နောက်က လိုက်တဲ့ သူနဲ့
ရှေ့က သွားတဲ့
သူကော ရှိနေမလား

ဒါဆို ငါက ဘာလဲ
ထိုင်စောင့်နေတဲ့ သူပဲလား
အချိန်ကို လူက စားသုံးပစ်နေသလား

လူကို အချိန်က ၀ါးမြိုနေသလား

ရိုးစင်းစွာ ပြောရရင်
ခြင်ထောင် ထောင် မီးခွက်မှုတ်

အိပ်တတ်တဲ့ သူတွေ ရှိနေသမျှတော့
အချိန်ရဲ့ မြိန်ရှက်စွာ စားသုံးမှုကို ခံရဦးမှာ ဧကန်ပါပဲ


တော်ဝင်နန်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top