တောင်ပံတစ်စုံရဲ့အားနဲ့ မင်းအနားငါရောက်လာချင်တယ်
တမြေစီဝေး ပြန်ဆုံမဲ့ရက်တွေတွေးရင်း
မင်းရင်လေးနေမလား?
အချစ်စစ်ရဲ့လမ်းမဖြောင့်တန်းသ၍
ခဏတော့လွမ်းနေရမှာပေါ့၊
အသိုင်းအဝိုင်းစကား ငါအရမ်းခါးတယ်
မတူညီတဲ့ဘဝ မပေါင်းစပ်ရဘူးတဲ့လား?
မိုက်မဲစွာချစ်ခဲ့ ခြင်းကပဲ
အပြစ်တစ်ခုဖန်ဆင်းမိသလို
ငါ့အတွက်မင်းလွမ်းနေသမျှ
ပြန်အစားရစေရမယ်ချစ်သူ၊
တစ်နေ့တစ်ရက် မေ့ရက်မရှိ
မင်းသိနေမလ၊း
အလိုမတူသူအောက်ငါ ဒူးမထောက်ချင်ဘူးလေး
အချိန်တွေကိုစတေး
ဒို့နစ်ယောက်တောမဝေးတောပါဘူး
ခဏလေးဆွေးနေပေးပါဦး
ချစ်သူရယ်
နန်းယမင်း
အလိုမတူသူအောက်ငါ ဒူးမထောက်ချင်ဘူးလေး
အချိန်တွေကိုစတေး
ဒို့နစ်ယောက်တောမဝေးတောပါဘူး
ခဏလေးဆွေးနေပေးပါဦး
ချစ်သူရယ်
နန်းယမင်း


Yangon (Rangoon) Time



Myanmar Kyat Converter
0 comments:
Post a Comment