

နှုတ်ဆက်ည
ညကြီးမင်းကြီး
ညကြီးမင်းကြီး
သက်တံ့တွေအောက်
ကြယ်စင်လေးတွေ အလင်းရောင်ပျောက်လို့ 
ငါ့ ရင်ထဲမီးထတောက်တယ်။
ကြင်ကြင်နာနာအနမ်းတွေပေးခဲ့ သမျှ
ကြင်ကြင်နာနာအနမ်းတွေပေးခဲ့ သမျှ
နာနာကျင်ကျင် လွမ်းနေဆွေးနေရမှာ
သိပ်တော့ မတန်ဘူး။
ကြယ်လေးတွေတောင်မိုးသောက်လို့ 
ကြယ်လေးတွေတောင်မိုးသောက်လို့ 
အိပ်တန်းတတ်ကြပြီ
နင်လိုက်သွားမဲ့ လေယာဉ်ကြီးတောင်
ပါးစပ်ကြီးဖြဲလို့ အော်ခေါ်နေပြီလေ။
ထွက်သွားတော့ မဲ့ နင်ခြေလှမ်းတွေကို
ထွက်သွားတော့ မဲ့ နင်ခြေလှမ်းတွေကို
ဆွဲထားနိုင်ဖို့ တော့ 
နင့် ရှေ့မှာဒူးထောက်ဖို့ လိုလိမ့် မယ်
အနိုင်မခံအရှုံးမပေး
စိတ်ဓါတ်မွေးထားတဲ့ ငါ့ အတွက်
ဒူးထောက်ရမှာအမုန်းဆုံးပဲ
မျက်ရည်တွေလည်ပြီးငေးနေမဲ့ အစား
မျက်ရည်တွေလည်ပြီးငေးနေမဲ့ အစား
အမုန်းတွေဝယ်ပြီးပေးလိုက်ပါလား။
ချစ်သူ
ချစ်သူ
နင်သွားမဲ့ မပြန်လမ်း
ဖြောင့် တန်းပါစေ။
0 comments:
Post a Comment