ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

12:03 AM

အတိတ်ရဲ့ဒဏ်ရာဟောင်း

Posted by saw chit thi ha

အတိတ်ရဲ့ဒဏ်ရာဟောင်း
တမြေ့မြေ့နဲ့ လောင်မကျွမ်းတော့ပါ..
နာကျည်းမှု..ခါးသီးမှု
အသွယ်သွယ်....
အတိတ်အချိန်က..ခံစားရမှုတွေ..
အခုတော့ ဘ၀ရဲ့သင်ခန်းစားအဖြစ်
ပြောင်းလဲသွားပြီ..
ရင်တွင်းစူးနစ်..
ကြေကွဲမှုတွေ..
အခုတော့ ဘ၀သစ်ရဲ့
အားအင်အဖြစ်ပြောင်းသွားပြီ....
တခြားသူကြေကွဲမှုကို
နင်းချေပြီး
ပျော်နေကြတဲ့ အခြေအနေမှာ
မြဲနိုင်ကြပါ့မလား..
သိသိကြီးနဲ့ လုပ်ရက်ကြတဲ့ အဖြစ်တွေ..
ငါ့..အတွက်
အတိတ်ဆိုတာကျန်ခဲ့ပြီ...
မနက်ဖြန်...မနက်ဖြန်တိုင်းရဲ့
ပျော်ရွှင်မှုတွေက င့ါအတွက်ပဲ...
အတိတ်ကို ကျောခိုင်းလိုက်ပြီး
အနာဂတ်အတွက်ဟစ်ကြော်လိုက်မယ်..

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top