ယိုစိမ့်လာတဲ့
ခံစားချက်တွေကို
ဖွင့်ပြောဖို့သူမရှိသလို
နားထောင်ပေးမဲ့သူဆိုတာလဲ မရှိခဲ့ဖူးဘူး......
ပြင်းထန်တဲ့ခံစားချက်ကြောင့်
ရရှိလာတဲ့ဒဏ်ရာကို ထပ်တူခံစားပေးသူဆိုလို့
မျက်ရည်တွေပဲရှိတယ်........
ခံစားရတဲ့ဒဏ်ရာကို
အပြုံးတစ်ခုနဲ့ ဖုံးကွယ်နိုင်ပေမဲ့
ဖျက်ဆီးလို့မရတဲ့သံယောဇဉ်တစ်မျှင်ကြောင့်
အပြုံးတုလဲ ခဏခဏ ပျောက်ကွယ်ခဲ့ရပြီး......
အလွမ်းဆိုတာ
သေလောက်အောင်မုန်းတီးသူကို
အလွမ်းလက်ဆောင်ပေးခဲ့တဲ့အတွက်
စိတ်ကနာကျည်းချင်ပေးမယ့်
မေ့ပျောက်ခွင့်မရှိတဲ့နှလုံးသားကို
အပြစ်တင်ရမလား...........
ကံကြမ္မာရဲ့ထိုးနှက်မှုကြောင့်
နာကျင်နေတဲ့ဘ၀ကို
သေဆုံးအောင်လုပ်မဲ့သူက
မင်းဖြစ်နေလိမ့်မယ်လို့
မထင်မိတာအမှန်ပါ.........
နောက်ဆုံးအကြိမ်
အယူခံဝင်ခွင့်ရှိမယ်ဆိုရင်
တစ်ခုတောင်းဆိုပါရစေ
သေဆုံးခါနီးငါ့ဘ၀ကို
ထပ်ပြီးမြေမြုပ်မပစ်ပါနဲ့နော်.........


Yangon (Rangoon) Time



Myanmar Kyat Converter

0 comments:
Post a Comment