ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

10:55 AM

ငါ့

Posted by saw chit thi ha

  •  
င့ါ..ပါးပြင်ထက်က ပုလဲမျက်ရည်..

စီးဆင်းလာပြီ.. အတားအဆီးမရှိ

စီဆင်းနေတဲ့  ချောင်းငယ်လေးလို...

င့ါရဲ့ နှလုံးသား ကွဲကြေမှုထဲက

စီးဆင်းလာတဲ့ သွေးမျက်ရည်...

ငါမထိန်းချုပ်နိုင်ခဲ့...

သံမှိုနဲ့ ရိုက်နှက်ခံရသလို

ငါ့.နှလုံးသားထဲက

စူးစူးနင့်နင့်ခံစားချက်ကို

စာနာတတ်ပ့ါမလား...

ခံစားရတဲ့ ဒဏ်ရာ

မျက်ရည်အသွင်ပြောင်းခဲ့ပြီ..

ငါ့ ..အတွက်မျက်ရည်ဖြစ်စေတဲ့ စကား.

င့ါ..ကိုစွဲချက်တင်တဲ့ 

..အဲဒီစကားတွေကြောင့်

ငါ့.နှလုံးသားထဲမှာ

စူးစူးနင့်နင့်ခံစားရင်းနဲ့ 

ရှိပါစေတော့..

ဖြေသိမ့်လိုက်ရင်း...

ဖြစ်သမျှအကြောင်း...

အကောင်းကြီးပဲလို့ 

ငါ...မှတ်ယူလိုက်တော့မယ်...

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top